Dec 7, 2009

အနုမြူဆိုတာဘာလဲ

   အနုမြူ အမှတ်(၁)       
    “အနုမြူ’’ ဟူသောစကားလုံးသည် လူတိုင်းကြားဖူးသည်ဟု ဆိုလျင်မှားမည်မထင်ပါ။အသက်
(၉၀)ကျော် သက်ကြီးရွယ်အိုများမှစပြီး ကျောင်းနေအရွယ်   ကလေးအထိ ယဉ်ပါးခဲ့သော ဝေါ
ဟာရ တခု ဖြစ်လေသည်။သို့သော် သူတို့တွေ   သိထားကြသည်မှာ အနုမြူ ဆိုလျင် ဗုံးတလုံး
ကိုသာ ပြေးပြီးမြင်ယောင်နေကြသည်။ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့်နာကာစကီမြို့ကိုလည်း သတိရ
နေကြမည်။ထိုဗုံးနှစ်လုံးကြောင့်လည်းကမ္ဘာတစ်ဝန်းလုံးလှုည်းနေလှေအောင်းမြင်းဇောင်းမကျန်
အနုမြူကို သိခဲ့ကြလေသည်။ ကျွန်တော်တို့မြန်မာတွေလည်း လူတိုင်းသိကြပါသည်။  လူဦးရေ
သန်းပေါင်းမျုားစွာကို မိနစ်ပိုင်းအတွင်းပြာဖြစ်စေနိုင်ပြီး မျိုးရိုးဗီဇကိုပါ ပျက်စီးစေကြောင်း သိနေ
ကြပါသည်။
              အနုမြူဟု ဆိုလိုက်လျင် လောကဓာတ်ဆရာကြီး အိုင်စတိုင်းကိုလည်း သိနေကြပါ
သည်။သူ၏ အလွန်နာမည်ကြီးသော(E=mc²) စွမ်းအင်ညီမျှခြင်း ကိုလည်း သိပ္ပံကျောင်းသား
တိုင်းကြားဖူးကြပါသည်။ မြန်မာနိုင်ငံနှင့်အနုမြူ (အိုင်စတိုင်း) အကြောင်းကို ပထမဆုံး စတင်
မိတ်ဆက်ပေးသူမှာ  သတင်းစာဆရာကြီး ဒီဒုတ်-ဦးဘချိုဖြစ်သည်။ဒီးဒုတ်ဂျာနယ်တွင် အခန်း
ဆက်ရေးသားခဲ့သည်။ဦးဘချိုကမြန်မာလူမျိုးများကို သိပ္ပွံဗဟုသုတ အလို့ငှာမြန်မာဘာသာ
ဖြင့်ထုတ်ဝေခဲ့သည်။သို့သော် ထိုအချိန်က စိတ်ဝင်စားသူအလွန်နည်းလှ၏။ကမ္ဘာတစ်ဝန်းလုံး
တွင် အိုင်စတိုင်း၏ နိယာမများကို အုတ်အော်သောင်းနင်းဖြင့် စိတ်ပါဝင်စားစွာ ငြင်းခုံနေချိန်
ဖြစ်သော်လည်း  ဂျပန်နိုင်ငံကို အနုမြူဗုံးဖြင့်ကြဲချလိုက်ပြီး ဒုတိယကမ္ဘာစစ်ကိုအဆုံးသတ်
လိုက်တော့မှ မြန်မာများ မှာ ကျီးလန့်အစာစား  အနုမြူအကြောင်းကို  သိရှိခဲ့ရလေသည်။ထို
ကြောင့် အနုမြူကို  ယမမင်းထက်ပင် ကြောက်ရွံနေကြဆဲ ဖြစ်သည်။
             ထို့နောက် အမေရိကန်-ဆိုဗီယက် စစ်အေးတိုက်ပွဲတွင်လည်း အနုမြူအားပြိုင်မှုများ
ဖြစ်ပွားခဲ့သည်။ယနေ့ချိန်ထိ အနုမြူလက်နက်ဆန်းများ အပြိုင်အဆိုင် တပ်ဆင်နေကြဆဲဖြစ်
သည်။လူညွန့်တုံးစေနိုင်သော အနုူ့မြုကိုလူအများကကြောက်ရွံ နေုကြသည်မှုာ မထူးဆန်းပါ။
ထိုကဲ့သို့စိုးရိမ်ကြောက်ရွံနေသူများသည် လူသားများကိုသေစေနိုင်သောကြောင့်ဖြစ်သည်။
သို့သော်အနုမြူသည်လူတို့၏အကျိုးစီးပွါးကိုများစွာအထောက်အကူပြုလျက်ရှိသည်။စွမ်းအင်
လိုအပ်မှုပြသနာကို ဖြေရှင်းပေးနိုင်မည့်စွမ်းအင်ရတနာသိုက်ကြီး လည်းဖြစ်သည်။အနုမြူသည် 
ကမ္ဘာ့လူသားများအတွက်မရှိမဖြစ်လိုအပ်နေသောအချိန်ရောက်လေပြီ။ခေတ်မှီတိုးတက်သော
နိုင်ငံတည်ဆောက်ရာတွင်အနုမြူသည်အရေးကြီးသောအခန်းမှ ပါဝင်လျက်ရှိနေသည်။်
              ယခင်ကလျှပ်စစ်ဓာတ်ထုတ်ပေးသော ဒိုင်နမိုများကို ရေနွေးငွေ့အင်ဂျင်စက်များ
ဖြင့်လည်ပတ်စေခဲ့သည်။လောင်စာကို ကျောက်မီးသွေးဖြင့်အသုံးပြုသည်။သို့သော်
ကျောက်မီးသွေးသည်  နှစ်ပေါင်းများစွာ လိုသလောက်ထုတ်ယူရန်  မရရှိနိုင်။ နောက်ပိုင်းတွင်
ဓာတ်ဆီ(ဒီဇယ်)ဖြင့်မောင်းသော အင်ဂျင်စက်များအသုံးပြုကြသည်။ရေနံနှင့်သဘာဝဓာတ်
ငွေ့သည် လူတို့လိုအပ်သလောက် ထုတ်လုပ်မရရှိနိုင်တော့ပေ။စွမ်းအင်လိုအပ်မှုုပြသနာ
သည် ကမ္ဘာအရပ်ရပ်တွင်တနေ့တခြားကြီးမားကျယ်ပြန့်လာသည်။ ထို့နောက်တွင်ကုန်ကျ
စရိတ်သက်သာရန် ရေစီးအားဖြင့်တာဘိုင်ဒလက် များကိုလည်ပတ်စေပြီးလျှပ်စစ်ဓာတ်ကို
ထုတ်ယူ သုံးစွဲကြသည်။သို့ရာတွင် လိုအပ်သောရေ စီးအားနှင့်ရေထုထည်ကိုနေရာဒေသ
မရွေး ရရှိရန်မှုာ မလွယ်ကူလှချေ။ထိုကဲ့သို့လျှပ်စစ် ဓာတ်ထုတ်ယူသောဒိုင်နမိုများကိုအနုမြူ
စွမ်းအားဖြင့်လည်ပတ်နိုင်သည်။အသုံးပြုပုံမှာအလွန်ရိုးရှင်းလှပေသည်။အနုမြူဓာတ်ပေါက်ကွဲ
သောအခါ  အပူစွမ်းအင်ကိုရရှိသည်။ရရှိလာသောအပူစွမ်းအင်ကို  ရေနွေးငွေ့ဘွိုင်လာအိုးများ
တွင်တပ်ဆင် အသုံးပြုလိုက်ခြင်းဖြင့်ဒိုင်နမိုများကိုလည်ပတ်စေနိုင်မည်ဖြစ်သည်။အနုမြူ
လောင်စာကိုအသုံးချခြင်းဖြင့်  စွမ်းအင်ကိုလိုသလောက်ထုတ်ယူနိုင်ပြီး  ကုန်ကြမ်းအတွက်
ရင်နှီးမှုမှာ အလွန်သက်သာသည်။အနုမြူပေါက်ကွဲမှုစွမ်းအင်သည် ဘိုးဘိုးအောင်သိဒ္ဓိပြီး သကဲ့
သို့ ကြိမ်ဖန်များစွာ ဆတိုးပွါးတတ်သောကြောင့်  စွမ်းအင်အလုံအလောက်ရရှိနိုင်ပေမည်။
ထိုကဲ့သို့ အနုမြူစွမ်းအင်ရရှိရန်မှာ  သိပ္ပံအတတ်ပညာများ တတ်မြောက်ထားရမည်ဖြစ်သည်။
               အနုမြူဓာတ်ရောင်ခြည်ကို ဆေးသိပ္ပံသုသေသနနှင့် ဆေးဝါးကုသရာတွင်လည်း
  တွင်ကျယ်စွာအသုံးပြုလာကြသည်။ဓာတ်ခွဲခန်းများရောဂါရှာဖွေခြင်းတွင်လည်းအသုံးပြုနိုင်
သည်။ကင်ဆာရောဂါကို ကုသရာတွင် (X-ray-hard)အိတ်စ်ရေးဟုခေါ်သောလျှပ်စစ်ရောင်
ခြည် ကုထုံးဖြင့် အသုံးချခဲ့ကြသည်။သို့သော် X-rayရောင်ခြည်ကုထုံးသည် ကင်ဆာဆဲလ်
များကိုသာမက  အနီးတဝိုက်ရှိ ပုံမှန်ဆဲလ်တစ်ရှုးများကိုပါ သေစေနိုင်ကြောင်းတွေ့ရှိရသည်။
ထို့ကြောင့်ကင်ဆာရောဂါဓာတ်ကင် သူများတွင် ဓာတ်ရောင်ခြည်သင့် ခြင်းနှင့်ရောဂါဖိစီးခြင်း
ဝေဒနာကို နှစ်မျိုးစလုံးခံစားကြရသည်။ ထို့ကြောင့်အနုမြူဓာတ်ရောင်ခြည်တမျိုးဖြစ်သော
နယူထွန်(Neutron-therapy) ကုထုံးဖြင့် အစားထိုး အသုံးပြုလာကြသည်။လျှပ်စစ်ဓာတ်မရှိ
သော အနုမြူတမျိုးနယူထွန်သည် ကင်ဆာဆဲလ်များကိုသာ သေစေပြီးပုံမှန်ဆဲလ်တစ်ရှုးများ
ကို အန ္တရာယ်မဖြစ်စေနိုင်ပေ။ထို့ကြောင့်အနုမြူသည် သက်ရှိလူသားများကို ဆက်လက်ရှင်
သန်နိုင်ရန်  ဆေးဝါးကောင်းတလက်ဖြစ်လာကြာင်းတွေ့ရပါသည်။စားသောက်ကုန်လုပ်ငန်း
များတွင် ပိုးမွှားများ သန့်စင်ရာတွင်လည်း  အနုမြူရောင်ခြည်ဖြင့်အသုံးပြုနေကြပြီဖြစ်သည်။
               နှစ်သန်းပေါင်းများစွာက  သက်ရှိသတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တူး
ဖေါ်တွေ့ရှိသောအခါ ၎င်းတို့အသက်ရှင်နေထိုင်ခဲ့သည့်အချိန်ကာလကိုတွက်ချက်ဖေါ်ထုတ်
ရာတွင် အနုမြူရောင်ခြည်ဖြင့် အသုံးပြုကြသည်။ထိုကဲ့သို့ အနုမြူရောင်ခြည် အသုံးပြုခြင်းကို
(Carbon-dating)ဟုခေါ်သည်။ရှေးဟောင်းသုတေသနဋ္ဌာနတွင် တူးဖော်တွေ့ရှိရသည်များကို
အနုမြူရောင်ခြည်ဖြင့် စမ်းသပ်ဖေါ် ထုတ်ခြင်းသည်  လွယ်ကူဆုံးနှင့်တိကျသေချာဆုံးဖြစ်
ကြောင်းလေ့လာတွေ့ရှိရသည်။ဘူမိဗေဒလုပ်ငန်းတွင်လည်း  သတ္တုကြောများရှာဖွေခြင်းကို
အနုမြူဓာတ်ရောင်ခြည်ဖြင့် (neutron-activation method) သေချာတိကျစွာစမ်းသပ်ရှာဖွေ
နိုင်သည်။
                 စက်ရုံအလုပ်ရုံများတွင် သတ္ထုအရည်ကျိုခြင်းနှင့်ကုန်ပစ္စည်းများ၏အရည်အသွေး
ကို စစ်ဆေးဖေါ်ထုတ်ရာတွင်   အနုမြူဓာတ်ရောင်ခြည်ကိုသာ(neutron-activation method) 
အသုံးပြုကြရပေသည်။  ထို့ပြင်ဓာတုဗေဒ လုပ်ငန်းတွင် ဒြပ်စင်များ  စမ်းသပ်ရှာဖွေသောအခါ
အနုမြူဓာတ်ရောင်ခြည်ကို အသုံးပြုကြရပေသည်။ အနုမြူရောင်ခြည်သည ် လူသားအကျိုးပြု
လုပ်ငန်းများတွင် အလွန်အသုံးဝင်သော ဓာတ်ရောင်ခြည်တမျိုးဖြစ်ပေသည်။
             အနုမြူ ဟူသောဝေါဟာရကို မြန်မာလိုဖွင့်ဆိုရသော်( အနု=အလွန်သေးငယ်သော၊
မြူ=အမှုန်) အလွန်သေးငယ်သော အမှုန်ဟု အဓိပ္ပါယ်ရပါသည်။၎င်းအမှုန်ကိုသာမန်မျက်စိဖြင့်
မမြင်နိုင်ပါ။  အာရုံငါးပါး ဖြင့်လည်း ခံစားသိမြင်၍ မရပါ။ မိုက်ခရိုစကုတ်ဟု  ခေါ်သော  အလွန်
အားကောင်းသည့် မှန်ဘီလူးဖြင့်လည်းစမ်းသပ်ကြည့်ရှုမရပါ။သို့သော်အနုမြူအမှုန်သည် တစ်
လောကလုံးရှိ သက်ရှိသတ္တဝါများကို မျိူးတုံးစေနိုင်သည်။ သက်ရှိလူသားများ၏  ဘဝလိုအပ်မှု
များကို ဖြည့်ဆည်းပေးနိုင်သော စေတမာန် နတ်တပါးလည်း ဖြစ်နေသည်။မှန်တကယ်စဉ်းစား
ကြည့်လျင် အနုမြူအမှုန်ကို  သက်ရှိလူသားများက ရှာဖွေတွေ့ရှိခဲ့ကြသည်။အန ္တရာယ်ဖြစ်စေ
နိုင်အောင်လည်း  ပြုလုပ်ခဲ့ကြသည်။လူကိုအကျိုးပြုနိုင်အောင်လည်း တီထွင်ခဲ့ကြပြီ။ အနုမြူ
သည် သဘာဝအတိုင်းရှိနေပြီး  အသုံးချသူမျုား၏လက်တွင် ပုံစံအမျိုးမိျုးဖြင့် ဖြစ်ပေါ်ပြောင်းလဲ
သွားသည်။လူသားအကျိုးပြု လုပ်ငန်းများအတွက် အသုံးချလျင် အဘယ်မှာကြောက်လန့်စရာ
ရှိပါတော့မည်နည်း။ကျွန်တော်တို့သည် သာမာန်မျက်စိဖြင့်မမြင်နိုင်သော အနုူမြုကို ပညာမျက်
စိဖြင့် မြင်နိုင်ရန် ကြိုးစားကြမည်ဖြစ်သည်။
              သို့သော် ကိုင်တွယ ်အသုံးမချတတ်လျင် အသက်အန ္တရာယ်ကြီးမား လှပေသည်။
ခေတ်မှီ  စက်ကိရိယာများဖြင့်  စနစ်တကျ ကိုင်တွယ ်အသုံးချနိုင်ရန် အရေးကြီးသည်။ ခက်ခဲ
နက်နဲေသော နည်းပညာများ ကိုလည်း  သင်ယူတတ်မြောက်  ထားရမည်ဖြစ်သည်။ သို့မှသာ
ဘေးမသီရန်မခဘဲ  လူသားအကျိုးပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ပေတော့မည်။
အနုမြူဟူသောအသံကြားလျင် ဗုံးတလုံးကဲ့သို့ကြောက်ရွံ့နေသူများနှင့်အနုမြူနည်းပညာများ
ကို သင်ယူတတ်မြောက်ရန်ကြောက်ရွံနေသူများသည် မိုးပြိုမှာကိုကြောက်နေသောယုန်သူငယ်
လေးကဲ့သို့ရှိချေပြီ။  ထိုကဲ့သို့ကြောက်ရွံနေပါက  အဘယ်မှာ တိုးတက်ဖွံဖြိုးမှု ရရှိနိုင်တော့
မည်နည်း။
           ယခုရေးသားခဲ့သော အကြောင်းအရာများသည် အနုမြူအကြောင်းကို မသိသေးသော
သူများအတွက် ဗဟုသုတ အလို့ငှာ ရေးသားခြင်းဖြစ်သည်။ အနည်းငယ်  သင်ယူတတ်မြောက်
ထားသူတို့အတွက်မှု   အလုံးစုံသိရှိပြီးဖြစ်ပေလိမ့်မည်။အနုမြူအကြောင်း မိတ်ဆက်တင်ပြခြင်း 
သာဖြစ်သည်။နောင်တွင်ဆက်လက်  ရေးသားမည့်အခန်းများမှာ  အသေးစိတ် ရေးသားဖေါ်ပြ
 မည်ဖြစ်သည်။      ။  


2 comments:

  1. ကျော်စွာဝင်းMarch 8, 2010 at 6:39 AM

    အသေးစိတ်ဖေါ်ပြပေးတာ တကယ်ကိုထိရောက်ပါတယ်... တော်လွန်းပါတယ်.. စာတွေကိုလဲကူးလို့မရအောင်လုပ်ထားတာကိုကြည့်ခြင်းဖြင့် နည်းပညာတော်တော် တက်မြောက်နေတဲ့သူလို့ သိရပါတယ်....တွေ့ရတာဝမ်းသာပါတယ်ဗျာ.. အကျိုးရှိစေမယ့်နည်းလမ်းလေးတွေကိုအဲလိုပဲ ဖေါ်ပြပေးပါဦးဗျာနော်..

    ReplyDelete
  2.ွှအရမ်းကိုဗဟုသုတတွေရလိုက်သလို မှတ်လည်းမှတ်သားထားပါတယ်

    ReplyDelete

အနုမြူရူပဗေဒ (မြန်မာဖတ်စာအုပ်)

            ကျွန်တော်ဆီမှာရှိတဲ့ အနုမြူရူပဗေဒစာအုပ်တွေထဲက မြန်မာဘာသာဖြင့်ရေးသားထားသည့် တခုတည်းသော  စာအုပ်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင...