အနုမြူ အမှတ်(၂)
ကမ္ဘာကြီးသည် လုံးဝန်းသော သဏ္ဍာန်ရှိသည်ဟု မူလတန်းကျောင်းသား ကတည်းက သင်ခဲ့ဖူး ပါသည်။ သက်ရှိလူသား အားလုံးကလည်း ကမ္ဘာကြီး၏ ပုံသဏ္ဍာန်ကို လုံးဝန်းသည်ဟု သိနေကြပါသည်။ ထိုအချိန်တွင် ကမ္ဘာကြီးသည် ပြားချပ်သောသဏ္ဍာန် (circular disc) ရှိပါသည်ဟု ကျွန်တော် ပြောလိုက်
မည်ဆိုလျင် မူလတန်း ကျောင်းသားလေးများက မှားနေသည် ဟု ချက်ချင်း တုံ့ပြန်ကြလိမ့်မည်။
စာဖတ်သူအားလုံးနှင့်တကွ ကမ္ဘာလူထု တရပ်လုံးက အလွန်မိုက်မဲသော လူ့ဂွစာတယောက်ဟု
ဝေဖန် ပြောဆိုကြပေလိမ့်မည်။ ထိုကဲ့သို့ ကမ္ဘာပြားဟု ပြောလိုက်သောသူမှာ ကျွန်တော် မဟုတ်ပါ။
ယနေ့ အချိန်ထိ လေးစား ကြည်ညိုလျက် ရှိသော အတွေးခေါ် ပညာရှင်ကြီး ပလေတို (ဘီစီ-၄၂၇-၃၄၇) ဖြစ်ပါသည်။ ပလေတို လက်ထက်တွင် ကမ္ဘာကြီး၏ ပုံသဏ္ဍာန်သည် ပြားနေသည် ဟု ယူဆခဲ့ကြသည။်
ဒါ့အပြင် မြန်မာဘုရင်သီပေါမင်း လက်ထက်တွင် ကနောင်မင်းသားကြီး၏ လက်ကျန်တပည့် မှုးမတ်များနှင့် အခြားသောနန်တွင်းပညာရှိများက ကမ္ဘာကြီး၏ ပုံသဏ္ဍာန်ကို အငြင်းပွါးခဲ့ဘူးပါသည်။နောင်မင်းသားကြီး၏
ပညာတော်သင် စေလွတ်ခဲ့သော မှုးမတ်များက ကမ္ဘာကြီးသည် လုံးသည်ဟု ဆိုကြ ပါသော်လည်း ထောက်ခံသူ နည်းပါခဲ့ သောကြောင့် ပြားသည့် ဘက်မှ အနိုင်ရရှိခဲ့ဘူးပါသည်။ ရူပဗေဒ ဘာသာရပ် သည် ရှာဖွေ လေ့လာယင်း တဖြည်းဖြည်း ပြောင်းလဲ တိုးတက် လာခြင်းဖြစ်သည်။ ယူဆချက်များ ပြုပြင် ပြောင်းလဲ သွားကြလေသည်။ အက်တမ်၏ ယူဆချက်များ ကွဲပြားပုံ နှင့် အက်တမ် ဖွဲ့စည်းပုံ ကို အဆင့်ဆင့် လေ့လာ ရှာဖွေ ခဲ့ကြကြောင်း ဆက်လက် ရေးသားပါမည် ။
အက်တမ် (Atom) ဟူသော မူယင်း အဓိပ္ပါယ်သည် ယနေ့ သင်ယူ နေ ကြသော အက်တမ် ၏ အဓိပ္ပါယ်နှင့် လုံး၀ ဆန့်ကျင်နေ ၏ ။ အက်တမ် သည် (Atom) သည် ဂရိဘာသာစကား အတာမာ့စ် (a-tomos) မှ ဆင်းသက်လာသည်။ှ ထပ်မံ ခွဲစိတ်၍ မရဟု အဓိပ္ပါယ် ရပါသည်။ (ဘီစီ၄၆၀) ဂရိ အတွေးခေါ် ပညာရှင် ဒီမိုခရိတပ် (Democritus) က အဆိုပြုခဲ့ ဘူးပါသည်။ သင်သည် အရာဝထ္ထုတခုကို တဝက်တိတိ ခွဲစိတ်လိုက်ပါ ။ ထို့နောက် ကျန်နေသော အပိုင်း၏ တဝက်ကို ထပ်မံ ခွဲစိတ်ပါ ။ ထိုကဲ့သို ကြိမ်ဖန်များစွာ ခွဲစိတ်လိုက်ပြီး နောက် ထပ်မံ ခွဲစိတ်၍္မ မရသော နောက်ဆုံး ကျန်နေသည့် အခြေခံအမှုန်ကို အက်တမ်ဟု ဒီမိုခရိတက်က အဆိုပြုခဲ့သည်။ ဒီမိုခရိတက်၏ အက်တမ် ဖွင့်ဆိုချက်ကို အတွေးခေါ်ပညာရှင်ကြီး ပလေတို နှင့် သူ၏တပည့် အရစ်တိုတယ် တို့က စိတ်ဝင်စားခြင်း မရှိခဲ့ကြ။ အကြောင်းမှာ လူတို့အတွက် အကျိုးမရှိ
ဟု ယူဆခဲ့သောကြောင့် ဖြစ်ပါသည်။ အတွေးခေါ် ပညာရှင် များနှင့် ပညာရှိ ကဝိ အကျော်အမော် တို့ ကလည်း အက်တမ်ကို လျစ်လျူ ရှုခဲ့ကြရာ နှစ်ပေါင်း (၂၀၀၀) နှစ်ထောင်ကျော် ကြာခဲ့လေသည်။
၁ဂရာစု အစောပိုင်း ရောက်သောအခါ ဒြပ်ဝထ္ထုများ၏ ဖြစ်ပေါ် ဖွဲ့စည်းပုံကို ပြန်လည် စိတ်ဝင်စားလာ ကြသည် ။ ပထမဦးဆုံး အင်္ဂလိပ် ဓာတုဗေဒ ပညာရှင် ဒါတန်(John. Dalton )က ဓာတုဗေဒ စမ်းသပ်ယင်း အက်တမ်၏ အဓိပ္ပါယ်ကို ဖွင့််ဆိုခဲ့ သည်။ ဒြပ်ဝထ္ထုများ သည် အလွန်သေးငယ်သော အက်တမ်များဖြင့် ဖွဲစည်း တည်ရှိနေကြောင်း ၊ ၎င်း အက်တမ်များသည် ဂုဏ်သတ္တိအားဖြင့် တူချင်လည်း တူမည်။
မတူဘဲ လည်း ဖြစ်နိုင်သည် ။ အက်တမ်များ အချိူးကျ ပါဝင်လျက်ရှိသည်ဟု အဆိုပြုခဲ့ပါသည် ။ သို့သော် အက်တမ် တခုစီ၏ ဖွဲ့စည်းပုံကို တော့ မသိခဲ့ပေ။ ၁၈၉၇တွင် အင်္ဂလိပ် ရှုပဗေဒ ပညာရှင် သွန်မဆင် (J.J. Thomson) က အက်တမ် အတွင်းရှိ (Electron) အီလက်ထရွန် ဟုခေါ်သော (ဓာတ်မ)ဆောင်သည့် အမှုန် ကို ရှာဖွေ တွေ့ရှိခဲ့သည် ။ ၎င်းတွေ့ရှိမှုကို အခြေခံ၍ ပထမဆုံး (Atomic Model) အက်တမ်ပုံစံ ကို
( ၁၉၀၄ )တွင် အဆိုပြု တင်ပြနိုင်ခဲ့သည် ။ သွန်မဆင်၏ Atomic Model သည် ဓာတ်ဖို ဆောင်သော စက်လုံးပုံ အက်တမ် (atom)ထဲတွင် ဓာတ်မ -ဆောင်သော အီလက်ထရွန်များ ပါဝင် ပျံ့နှံ့နေသည်။ ဥပမာ--ကိတ်မုန့်ထဲတွင် ပါဝင်သော စပျစ်သီးခြောက် များကဲ့ သို့ ပျံ့နှံ လျက်ရှိသည် ။
၁၉၀၉ တွင် နယူးဇီလန်နိုင်ငံသား ရှုပဗေဒပညာရှင် (Rutherford ) ရုသာဖို့ က ရွေပြားတခုကို (Alpha Particle) အယ်ဖာ အမှုန်ဖြင့်ပစ်ပေါက် စမ်းသပ်ရာတွင် အယ်ဖာလမ်းကြောင်း သွေဖီသွားကြောင်း
တွေ့ရသည် ။ အယ်ဖာ အမှုန်သည် ဓာတ်ဖို ဖြစ်၍ ၎င်း တို့ကို တွန်းကန် သွေဖီ စေနိုင်ခြင်း မှာ ဓာတ်ဖို အချင်းချင်းသာ ဖြစ်နိုင်ပေသည် ။ ထို့ကြောင့် ဓာတ်ဖိုများ က အက်တမ်၏ အလည်ဗဟိုတွင် ဝတ်ဆံ ကဲ့သို့ တည်ရှိနေ သောကြောင့် နယူကလိယ (nucleus) ဟု အဓိပ္ပါယ် သတ်မှတ် လိုက်သည်။ နယူကလီယ ကို ရှာဖွေ တွေ့ရှိ ပြီးနောက် သွန်မဆမ်၏ မှားယွင်းသော အက်တမ်ပုံစံ (Atomic Model) ကို ပြင်ဆင်၍ အက်တမ် ပုံစံသစ်ကို အဆိုပြု တင်ပြခဲ့သည် ။ အက်တမ်တခု၏ အလည်ဗဟိုတွင် ဓာတ်ဖိုဆောင်သော နယူကလိယ (nucleus) တည်ရှိ ပြီး ဓာတ်မ-အီလက်ထွန် များက ဝန်းရံလျက် ရှိနိုင်သည်။ ထို့ပြင် အီလက်ထရွန် များက ဝန်းရံလျက် နယူကလိယ ကို လှည့်ပတ်နေကြသည်
(Rutherford ) ရုသာဖို့ ၏ အက်တမ် ကို သိပ္ပံ ပညာရှင်များက လေ့လာ သုံးသပ် ကြည့်ရာတွင် မှားယွင်း နေကြောင်း တွေ့ရပြန်သည် ။ အကြောင်းမှာ အီလထရွန် များက နယူကလိယကို လှည့်ပတ်ရာတွင် စက်ဝိုင်းပုံ လမ်းကြောင်း ကဲ့သို့ ဖြစ်နိုင်ပေသည် ။ သို့သော် လျှပ်စစ် သီအိုရီ အရ ဓာတ်ဖို-နယူကလိယက ဓာတ်မ-အီလထရွန်ကို ဆွဲငင်မည် ဖြစ်သောကြောင့် စက်ဝိုင်းပုံ လမ်းကြောင်းမှာ တသမှတ်တည်း မဟုတ်တော့ဘဲ ခရုပတ်ပုံ လမ်းကြောင်း ဖြင့်သာ လှည့်ပတ် ပေတော့မည် ။ နောက်ဆုံးတွင် နယူကလိယ ဆီသို့ ရောက်ရှိကာ ကွယ်ပျောက် ပျက်စီး သွားပေ လိမ့်မည် ။ ထိုအခါ အက်တမ်လည်း မရှိတော့ ၊ ဒြပ်ဝထ္ထုများလည်း ပျက်စီးသွားပေလိမ့်မည်။
ပုံ(၃)- ဘိုးလ် ၏-အက်တမ်ပုံစံ
၁၉၁၃တွင် (Atomic Model) အက်တမ်ပုံစံ၏ မှားယွင်းမှု ပြသနာများကို (Rutherford Atomic Model) အခြေခံ၍ ပြောင်းလဲ ပြင်ဆင် တင်ပြလိုက် သူမှာ ဒိန်းမတ် နိုင်ငံသား နီဘိုးလ်( Neils Bohr) ဖြစ်သည် ။သူ၏ အက်တမ်ပုံစံကို ယနေ့အထိ ယေဘုယျအား ဖြင့် သုံးစွဲ နေကြဆဲ ဖြစ်သည်။ အက်တမ်၏ အလည်ဗဟိုရှိ နယူကလိယကို အီလထရွန်များက လှည့်ပတ်ရာတွင် ခရုပတ်ပုံ လမ်းကြောင်း မဖြစ်နိုင်။ သတ်မှတ်ထားသော လမ်းကြောင်း အတိုင်းသာ ရှိနေရမည်။ှ စွမ်းအင်မြင့် ပတ်လမ်းမှ နိမ့်သော ပတ်လမ်းသို့ အီလက်ထွန်က ကူးပြောင်းသွာလျင် စွမ်အင်(Energy) ထုတ်လွတ် မည်။ ပြင်ပမ ှ လုံလောက်သော စွမ်းအင် ရရှိလျင်လည်း မူလ ပတ်လမ်းမှ စွမ်းအင် ပိုမြင့်သော ပတ်လမ်းသို့ ကူးပြောင်းနိုင်သည် ။ သို့သော် ပတ်လမ်းတခုစီတွင် အီလထရွန် တလုံးသာ ရှိရမည် ဟု ပြောင်း လဲ ပြင်ဆင် သတ်မှတ်လိုက်လေ သည် ။
၁၉၂၀တွင် (Rutherford ) ရုသာဖို့သည် အက်တမ် ၏ ဝတ်ဆံ(သို့) နယူကလိယ အတွင်းရှိ ဓာတ်ဖိုဆောင်သော ပရိုတွန် (proton) ကို တွေ့ရှိခဲ့ လေသည်။ သာမာန်အားဖြင့် အက်တမ် တလုံးသည် လျှပ်စစ်ဓာတ် ပျက်ပြယ် နေရမည် ။ ထို့ကြောင့် ဝန်ရံလျက်ရှိသော ဓာတ်မ-အီလက်ထရွန် နှင့် တူညီသည့် ဓာတ်ဖိုများ နယူကလိယ အတွင်းရှိနေရမည်။ ထိုကဲ့သို့ တူညီနိုင်ရန် အီလက်ထရွန် နှင့် ပရိုတွန် အရေအတွက် လည်း တူညီနေရမည်။ အီလက်ထရွန် နှင့် ပရိုတွန် တို့သည် ဆန့်ကျင်ဘက် လျှပ်စစ်ဓာတ်များ တူညီကြသော်လည်း ဒြပ်ထုအားဖြင့် နှိုင်းယှဉ်သော် ပရိုတွန် တလုံးသည် အီလက်ထရွန် အလုံးပေါင်း (၁၈၄၀) နီးပါးခန့် ရှိသည် ။ နယူကလိယ ထဲတွင် ဓာတ်ဖို-ပရိုတွန် များ ရှိနေသောကြောင့် ပရိုတွန် အားလုံးပေါင်း ၏ ဒြပ်ထုသည် နယူကလိယ၏ ဒြပ်ထုနှင့် တူညီနေရမည် ဟု ယူဆနိုင်သည် ။ သို့သော် (Rutherford ) ရုသာဖို့က လက်တွေ့ တိုင်းတာကြည့်ရာ နယူကလိယ၏ ဒြပ်ထုသည် ပရိုတွန် အားလုံးပေါင်း၏ ဒြပ်ထုထက် နှစ်ဆခန့် ကြီးလေး နေကြောင်း တွေ့ရပြန်သည်။ လျှပ်စစ် သီအိုရီအရ ကိုက်ညီသော်လည်း အမည်မသိသော အမှုန်များသည် နယူကလိယ အတွင်း ရှိနေကြောင်း သိလာရသည်။ ၎င်းအမှုန်များသည် ဓာတ်မ-ဓာတ်ဖို မရှိသောကြောင့် ဓာတ်မဲ့ပရိုတွန်
(neutral proton) ဟု သတ်မှတ်ခဲ့ သည်။ လျှပ်စစ်ဓာတ် မရှိသောကြောင့် စမ်းသပ် ကြည့်ရှုရန်
ခက်ခဲ နေသော ပုစ္ဆာတပုဒ် ဖြစ်ခဲ့ရလေသည် ဓာတ်မဲ့ ပရိုတွန် ကို သေချာတိကျစွာ မရှင်းပြနိုင်ခဲ့
သော်လည်း နယူကလီယ အတွင်း ရှိနေကြောင်းကို ဟောကိန်းထုတ်နိုင်ခဲ့ သည်။
ပုံ(၄)နယူကလိယအတွင်းရှိ ပရိုတွန်နှင့်နယူထွန်များ
၁၉၃၂ ရောက်သောအခါ အင်္ဂလိပ် ရှုပဗေဒပညာရှင် (James Chadwick) ဂျိမ်းစ် ချက်ဝစ်သည် နယူကလိယ အတွင်းရှိ ဓာတ်မဲ့ပရိုတွန်ဟု ယူဆ ခဲ့သော အမှုန်ကို လက်တွေ့စမ်းသပ် တင်ပြနိုင်ခဲ့သည်။ ၎င်းကို နယူထွန် (neutron) ဟု အမည်ပေးလိုက် သည်။ နယူထွန် သည် လျှပ်စစ်ဓာတ် မရှိဘဲ ဒြပ်ထုအားဖြင့် ပရိုတွန် နှင့်တူညီ သည်ဟု ယျေဘုယအားဖြင့် သတ်မှတ်နိုင်သည် ။ နယူကလိယ ထဲတွင် နယူထွန် အရေ အတွက် ပိုများလေလေ အက်တမ်၏ အလေးချိန် ပိုလေး လေလေ ဖြစ်သည်။ အက်တမ် တခု၏ ဖွဲ့စည်းပုံကို (Classical Physics) ရှေးရိုး ရှုပဗေဒ နည်းအရ ဆိုသော် အခြေခံ အမှုန် သုံးမျိုးဖြင့် ဖွဲ့စည်းထားကြောင်း တွေ့ရသည်။ အီလက်ထရွန် ၊ ပရိုတွန် ၊ နယူထွန် တို့ဖြစ်သည် ။ အက်တမ်တလုံး၏ အရွယ် အစား ကိုလည်း လွယ်ကူစွာ တင်ပြပါဦးမည် ။ ထုထည် (၁)ကုဗစင်တီမီတာ ရှိသော (အံစာတုံးခန့်) ကုဗတုံး တခုကို ယူပါ။ ထို့နောက် ၎င်းကို တဝက်စီအကြိမ်ကြိမ် ခွဲစိပ်ပါ ။ ထိုကဲ့သို့ ခွဲစိတ်ရာတွင် အစိတ် အပိုင်းပေါင်း (သို့မဟုတ်) အမှုန်ပေါင်း ကို ရေတွက်ကြည့်လျင် (စုစုပေါင်းအမှုန်) ကုဋေတစ်ထောင်၏ နှစ်ထပ်ကိန်း ရအောင် ခွဲစိတ်ရမည် ။ ၎င်းခွဲစိတ်ပြီးသော အမှုန်များထဲမှ တခုသော အမှုန်ငယ် လေးသည် အက်တမ် (Atom) တစ်လုံး ဖြစ်ပါသည် ။ သိပ္ပံနည်းကျ သင်္ချာဆိုင်ရာ ပုံသေနည်းဖြင့် တိကျစွာ ဖေါ်ပြရလျင် ---
N=p Na / M
N=၁ကုဗစင်တီတွင် ရရှိမည့်အက်တမ်ပေါင်း
Ρ(rho)=၁စင်တီ-ကုဗတုံး၏ သိပ်သည်းဆ
M= အက်တမ်၏ နယူကလိယတန်ဖိုး(mass number)
Na=အက်ဗိုဂါးဒို ကိန်းသေတန်ဖိုး(Avogadro’s number)= (6.02x1023)
အက်တမ်၏ ဖွဲ့စည်းပုံကို ထုတ်ဖေါ်နိုင်ခဲ့ ကြသော်လည်း ပြသနာများနှင့် မေးခွန်း များစွာ ရှိနေဆဲ ပင်ဖြစ်သည် ။ ၎င်းတို့ ထဲမှ နယူကလိယ အကြောင်းကို လေ့လာ ကြည့်ကြပါစို့ ။ အက်တမ်၏ ဝတ်ဆံအဖြစ် ရှိနေသော နယူကလိယသည် လျှပ်စစ်ဓာတ်ဖို ဂုဏ်သတ္တိရှိ ကြောင်းလည်း သိခဲ့လေပြီ ။ နယူကလိယ တွင် လျှပ်စစ် ဓာတ်ဖိုဆောင်သော ပရိုတွန်နှင့် လျှပ်စစ်ဓာတ် မရှိသော နယူထွန်များ ပါဝင် နေကြောင်းလည်း သိခဲ့ပြီ ဖြစ်သည် ။ နယူကလိယကို အီလက်ထရွန်များက လှည့်ပတ် နေကြသော်လည်း သာမာန်အချိန်တွင် လျှပ်စစ်ဓာတ် ချေပျက်သွားသဖြင့် အက်တမ် များတွင် လျှပ်စစ်ဓာတ် မရှိနိုင်ပေ ။ လျှပ်စစ် သီအိုရီအရ မျိုးမတူသော ဓာတ်ဖို နှင့်ဓာတ်မ တို့ တွေ့လျင် အချင်းချင်း ဆွဲငင်နေကြမည် ။ မျိုးတူသော လျှပ်စစ်ဓာတ် အချင်းချင်းတွေ့လျင် တွန်းကန်ကြမည် ဖြစ်လေသည်။ သို့သော် နယူကလိယ တွင် ပါဝင်နေသော ပရိုတွန် (ဓာတ်ဖို)များသည် အီလက်ထရွန် (ဓာတ်မ)ကို ဆွဲငင်နေကြသည်မှာ လက်ခံနိုင်သော်လည်း ၊ ပရိုတွန် (ဓာတ်ဖို) အချင်းချင်း တွန်းကန်ခြင်း မပြုဘဲ ၊ ဘာကြောင့် နယူကလိယ အတွင်း စုဝေး နေကြပါသနည်း ။ ဓာတ်ဖို အချင်းချင်း ဆွဲ ငင်နေသော အင်အားသည် မည်ကဲ့သို့ ဖြစ်ပေါ်လာရသနည်း ။ ထို့ပြင် လျှပ်စစ်ဓာတ် မရှိသော နယူထွန်များလည်း နယူကလိယအတွင်း ဘာကြောင့် စုဝေး နေနိုင်ကြပါ သနည်း ။ ပရိုတွန်နှင့် နယူထွန် များလည်း အချင်းချင်း ဆွဲငင် နေကြပြီး ဘာကြောင့် နယူကလိယ အတွင်း ရှိနေ ကြသနည်း ။ ထိုကဲ့သို့ သီအိုရီ အရ သဘာဝနှင့် ကိုက်ညီမှု မရှိသော ဆွဲငင်အား တမျိုးသည် နယူကလိယအတွင်း ကျိန်းသေ တည်ရှိနေ လိမ့်မည်ဖြစ်သည်။ ၎င်းဆွဲငင်အားသည် လျှပ်စစ်ဓာတ် ဆွဲအားထက် အဆပေါင်းများစွာ ကြီးမားနေလိမ့် မည် ဖြစ်သည် ။ နယူကလိယ အတွင်း ရှိနေသောကြောင့် အနုမြူဆွဲအား (Nuclear force) ဟု သတ်မှတ် လိုက်ကြသည် ။
အနမြူ ရှုပဗေဒ ဆိုသည်မှာ လည်း နယူကလိယ (Nucleus) အကြောင်းကို လေ့လာသော ဘာသာရပ် တခု ဖြစ်ပါသည်။ အနမြူ အကြောင်းကို မြန်မာလို နားလည်နိုင်ကြစေရန် အခြေခံများကို တတ်နိုင် သလောက် မြန်မာဝေါဟာများဖြင့် တင်ပြလိုက်ရပါသည်။ကျွန်တော် ရေးသားခဲ့ သော အသုံးအနှုန်းများ ၊ အဓိပ္ပါယ်များ ၊ ယူဆချက်များကို လိုအပ်ပါက ဆွေးနွေး မေးမြန်းနိုင် နိုင်ပါသည်။ ။

No comments:
Post a Comment