Showing posts with label အနုမြူ-ရူပဗေဒ. Show all posts
Showing posts with label အနုမြူ-ရူပဗေဒ. Show all posts
Sep 16, 2010
ရေဒီယိုသတ္တိကြွခြင်း (Radioactivity )
      အခြေခံရူပဗေဒအပိုင်းမှာ ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းကို ရေးသားခဲ့ပြီ။ အနုမြူရူပဗေဒတွင်  နယူကလိယမှ အမှုန်များ( သို့) ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းကို ရေဒီယိုသတ္တိကြွခြင်းဟု ခေါ်သည်။  အဓိကအားဖြင့်  အယ်ဖာ ၊ဘီတာ ၊ဂမ်မာ စသည့်ရောင်ခြည်များ ထုတ်လွတ်ခြင်းဖြစ်သည်။ ထိုကဲ့သို့  နယူကလီယမှ  ဓာတ်ရောင်ခြည် ဖြာထွက်နေသော  ဒြပ်စင်ကို  (Radioactive element) ရေဒီယိုသတ္တိကြွဒြပ်စင်ဟုခေါ်သည်။ (ဒြပ်စင်များကို အက်တမ်အမှတ်စဉ်အလိုက် ဇယားဖြင့်လေ့လာ ကြည့်ရှူနိုင်သည်  =>----ဒြပ်စင်ဇယား----<= ) ။တနည်းအားဖြင့် ရေဒီယိုသတ္တိကြွခြင်းကို နယူကလီယ အနိစ္စရောက်ခြင်း ( ကွဲကြေပျက်စီးခြင်း) Decay of Nucleus  ဟုခေါ်သည်။ 
                       နယူကလီယအနိစ္စရောက်ခြင်း ( ကွဲကြေပျက်စီးခြင်း)  သရုပ်ပြပုံ
          အနုမြူရူပဗေဒသည်  နယူကလီယကိုလေ့လာသော ဘာသာရပ်ဖြစ်သောကြောင့် အပြင်ပတ်လမ်းမှ  လှည့်ပတ်နေသော အီလက်ထွန်များကို ထည့်သွင်းစဉ်းစားခြင်း မပြုပါ။ နယူကလီယတွင်  ဓာတ်ဖိုဆောင်သော ပရိုတွန်များနှင့် လျှပ်စစ်ဓာတ်မဲ့ နယူထွန်များ ပါဝင်သည်။ ဓာတ်ဖို-ပရိုတွန်အချင်းချင်း တွန်းကန်အားဖြင့် သက်ရောက်နေကြသော်လည်း နယူကလီယတွင် စုစည်းလျက်ရှိကြသည်။ အနြုမူဆွဲငင်အားဖြင့် ပရိုတွန်နှင့် နယူထွန်များ စုဝေးကာ   နယူကလီယအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။ အချို့ နယူကလီယများသည် အစဉ်ထာဝရ စုစည်းနေမှု မဖြစ်နိုင်ပေ။ နယူကလီယအတွင်းမှ  ပရိုတွန် (သို့) နယူထွန်များသည်  ဓာတ်ရောင်ခြည်များနှင့်အတူ  ခွဲထွက်လွင့်စင်လာခြင်းဖြစ်သည်။ထိုကဲ့သို့နယူကလီယ ပြိုကွဲသွားခြင်း(Disintegration)ကို     ရေဒီယိုသတ္တိကြွခြင်းဟု အဓိပ္ပါယ်ကောက်ယူနိုင်သည်။ နယူကလီယ ပြိုကွဲမှုဖြစ်နိုင်သောဒြပ်စင်များကို အနုမြူမတည်မြဲခြင်း (Nuclear  Unstable ) ဒြပ်စင်များဟု သတ်မှတ်နိုင်သည်။ နယူကလီယပြိုကွဲမှုမရှိသော ဒြပ်စင်များကို အနုမြူတည်မြဲခြင်း (Nuclear Stable ) ဒြပ်စင်များဟုခေါ်သည်။အနုမြူတည်မြဲ ခြင်း ၊မတည်မြဲြုခင်းမှာ  နယူကလီယတွင်ပါဝင်သော ပရိုတွန် နှင့် နယူထွန် အရေအတွက်အလိုက် ဖြစ်ပေါ်သည်။ နယူကလီယတွင်ပါဝင်သော ပရိုတွန်အရေအတွက်သည် စုံကိန်း၊ နယူထွန်အရေအတွက်သည် စုံကိန်း ဖြစ်လျှျင် (even – even nuclei) အနုမြူတည်မြဲခြင်းကို တွေ့ရသည် ။ နယူကလီယ အမျိုးစားပေါင်း  ( 275 ) မျိုးခန့်ရှိရာတွင်  60% မှာ (even – even nuclei) အမျိူးစားများအဖြစ်တွေ ့ရသည်။ ကျန်သော 40% မှာ ပါဝင်သော ပရိုတွန်နှင့် နယူထွန် အရေအတွက်သည်  (စုံ -မ ) even –odd . ၊( မ -စုံ )Odd- even ၊, (မ-မ )odd- odd အမျိုးစားများ အဖြစ်တွေ့ရသည်။၎င်းတို့သည်  အနုမြူမတည်မြဲသော  နယူကလီယများဖြစ်သည်။ သို့သော် (မ-မ ) odd- odd အမျိုးစား နယူကလီယ (၅)ခုသည် အနုမြူတည်မြဲကြောင်းတွေ့ရပြန်သည်။ ၎င်းတို့မှာ   ဟိုက်ထရိုဂျင် (ပရိုတွန် 1 -နယူထွန် 1 ) 2H  , လစ်သီယမ် (ပရိုတွန် 3- နယူထွန်3 ) 6Li . ဘိုရွန်( ပရိုတွန် 5- နယူထွန် 5 ) 10B . နိုက်ထရိုဂျင် (ပရိုတွန် 7- နယူထွန်7 )  14N  အိုက်ဆိုတုပ်များဖြစ်သည်။
          ပရိုတွန်နှင့်နယူထွန်များသည် တည်ငြိမ်စွာစုစည်းလျက် နယူကလီယအဖြစ် အသွင်ဆောင်နေခြင်းတော့ မဟုတ်ပါ။ ပရိုတွန်နှင့် နယူထွန်များ အတွဲလိုက် လှည့်ပတ်နေကြခြင်းဖြစ်သည်။ နယူကလီယ တည်မြဲခြင်း၊ ပြိုကွဲခြင်းဖြစ်စဉ်များသည် ပါဝင်သော နယူထွန်အရေအတွက်နှင့် ပရိုတွန်အရေအတွက်တို့၏ ( N : Z )အချိုးအလိုက် သက်ရောက်မှုရှိသည်။ N သည် နယူထွန်အရေအတွက်ဖြစ်သည်။ Z သည် အက်တမ်အမှတ်စဉ်(သို့)ပရိုတွန်လုံးရေဖြစ်သည်။
ယေဘုယျအားဖြင့် နယူထွန်နှင့်ပရိုတွန် အရေအတွက်  N=Z တူညီကြလျှင် နယူကလီယ တည်မြဲခြင်း ကိုတွေ့ရသည်။ နယူထွန် ၊ပရိုတွန်   အချိုးတွင်  ပိုင်းဝေ နယူထွန်များလေလေ အချိုးတန်ဖိုး များလေလေဖြစ်သည်။ ပိုင်းခြေ ပရိုတွန်များလေလေ အချိုးတန်ဖိုးနည်းလေလေဖြစ်မည်။ (ဤကား သင်္ချာသဘောတရားဖြစ်သည်။ )  နယူထွန် :ပရိုတွန်အချိုးတန်ဖိုး များလေလေ  နယူကလီယတည်မြဲမှု ခိုင်မြဲလေလေဖြစ်သည်။ အကြောင်းမှာ နယူထွန်အချိုးက ပိုများသောကြောင့် နယူကလီယဆွဲအားပြင်း လာခြင်းဖြစ်သည်။ သို့သော် ၎င်းဖြစ်စဉ်သည် အက်တမ်အမှတ်စဉ် (၈၃) ဘစ်စမတ်၊ အထိသာမှန်သည်။ ထိုထက်ကြီးသော ဒြပ်စင်နယူကလီယများတွင် နယူကလီယပြိုကွဲခြင်း ဖြစ်ပေါ်နိုင်သည်။ ဆိုလိုသည်မှာ နယူထွန် : ပရိုတွန် အချိုးတန်ဖိုးများခြင်းသည် နယူထွန်အလုံးရေ ပေါကြွယ်ဝခြင်းဖြစ်သည်။ နယူထွန် များလွန်းလျှင်လည်း နယူကလီယ ပြိုကွဲခြင်းဖြစ်ပေါ်သည်။ ပိုလျှံနေသော နယူထွန်သည် ပြိုကွဲပျက်စီးရာမှ  ပရိုတွန်နှင့် ဘီတာအမှုန် (တနည်းအားဖြင့် အီလက်ထွန်ဟု ယူဆနိုင်သည်။) အဖြစ်ပြောင်းလဲဖြစ်ပေါ်သည်။   n => p +e-         
          နယူထွန် : ပရိုတွန် အချိုးတန်ဖိုး များလေလေ နယူကလီယတည်မြဲမှု ခိုင်မြဲလေ ဖြစ်သော်လည်း  အချိုးတန်ဖိုး များလွန်းလျှင် နယူကလီယပြိုကွဲမှု ဖြစ်ပေါ်နိုင်ကြောင်းတွေ့ ရသည်။ နောက်တမျိုး ရလဒ်တခုမှာ  နယူထွန်: ပရိုတွန်အချိုးတန်ဖိုး နည်းလေလေ ပရိုတွန်အရေအတွက် ပိုများလေ ဖြစ်မည်။ ပရိုတွန်များ ပိုများလွန်းလျှင်  ပိုလျှံနေသောပရိုတွန်များကြောင့် နယူကလီယပြိုကွဲခြင်း ဖြစ်ပေါ်နိုင်သည်။ ပိုလျှံနေသော ပရိုတွန်သည် ပြိုကွဲပျက်စီးရာမှ နယူထွန်နှင့် ပိုစီထရွန် (positive electron ) e+  အဖြစ်ပြောင်းလဲဖြစ်ပေါ်လာသည်။ ။  (ညူ)  + p =>n +e+      ထိုကဲ့သို့ ဖြစ်စဉ်များသည်  ရေဒီယိုသတ္တိကြွခြင်း အခြေခံသဘောတရားများဖြစ်ပြီး။ ဘီတာရောင်ခြည် ဖြာထွက်ခြင်းဖြစ်စဉ်၏ နမူနာပုံစံဖြစ်သည်။  အိုက်ဆိုတုပ်  အားလုံးနီးပါးတွင် ဘီတာရောင်ခြည်  ဖြာထွက်ခြင်းဖြစ်ပေါ်နိုင်သည်။ ၎င်း၏ထူးခြားချက်မှာ ဘီတာရောင်ခြည်ဖြာထွက်ရာတွင် နယူကလိယ၏ ဒြပ်ထုတန်ဖိုး(mass )ပြောင်းလဲခြင်းမရှိပဲ အက်တမ်အမှတ်စဉ်တန်ဖိုးသာ ပြောင်းလဲနိုင် ကြောင်းတွေ့ရသည်။ ဥပမာ-ဖေါ့စဖါရပ်ဒြပ်စင်မှ ဘီတာရောင်ခြည်ထွက်ပြီး ၊ဆာဖာဒြပ်စင်သို့ပြောင်းသွားသော်လည်း         နယူကလီယတန်ဖိုး(သို့) ဒြပ်ထုတန်ဖိုး မပြောင်းလဲပေ။
15P3  =>16S32 +e- + v -               (မှတ်ရန် ။    ။ နယူကလိယမှထွက်လာသော ဘီတာရောင်ခြည်သည်  အမှန်တကယ်တွင် အီလက်ထွန်   ထွက်လာခြင်းဖြစ်သည်။သို့သော် ဘီတာ ရောင်ခြည် (Beta ) ဟုသတ်မှတ်ထားသည် ။ရေဒီယိုသတ္တိကြွြ့ခင်းကြောင့်  ဘီတာရောင်ခြည်များ  အလိုအလျောက်  ဖြာထွက်လာခြင်းဖြစ်သည်။ ဘီတာရောင်ခြည်သည် ( လျှပ်စစ်ဓာတ်မ ) ဆောင်သော ရောင်ခြည်တမျိုးဖြစ်သည် ။ ထို့ကြောင့် လျှပ်စစ် (သို့) သံလိုက်စက်ကွင်းများနှင့်  တွေ့လျှင်   လမ်းကြောင်းသွေဖီသွားနိုင်သည်။ဘီတာရောင်ခြည်၏  ဖောက်ထွင်းစွမ်းအားမှာ  စက္ကူစာရွက်ကိုသာ  ဖေါက်ထွင်းသွားနို်င်ကြောင်းတွေ့ရသည် ။ပလတ်စတစ်နှင့် လူ့၏အသားကို  မဖေါက်ထွင်းနိူင်ပေ ။
        ဘီတာရောင်ခြည် ဖြာထွက်ခြင်းသာမက၊ အချို့နယူကလိယများ၏ ရေဒီယိုသတ္တိကြွမှုကြောင့် အယ်ဖာ  (Alpha ) ရောင်ခြည်ဖြာထွက်ခြင်းလဲတွေ့ရသည်။အယ်ဖာရောင်ခြည်ဆိုသည်မှာ  တခြားမဟုတ် ။ ဟီလီယမ် နယူကလိယ ဖြစ်သည်။ ဟီလီဟမ်၏  အက်တမ်အမှတ်စဉ်မှာ  Z= 2 ၊ ဒြပ်ထု M = 4  ၊ ဖြစ်သောကြောင့်  ပရိုတွန်နှစ်လုံး ၊နယူထွန်နှစ်လုံး ပါဝင်သည်။ ရေဒီယိုသတ္တိကြွနေသော    မူလနယူကလိယမှ  ပရိုတွန်နှစ်လုံးနှင့် နယူထွန်နှစ်လုံး ( အယ်ဖာအမှုန်အဖြစ်)  သီးသန့် ပြိုကွဲသွားခြင်း ဖြစ်သည်။   ထိုကဲ့သို့   နယူကလိယမှ အယ်ဖာအမှုန်များ  ပြိုကွဲထွက်သွားလျှင်   အနုမြူစည်းနှောင် စွမ်းအင်အချို့လဲ   ရောင်ခြည်အဖြစ်ထွက်ပေါ်လာနိုင်သည်။ အနုမြူစည်းနှောင်   စွမ်းအင်အကြောင်းကို ရှေ့ပိုင်းတွင်ရေးသားခဲ့ပြီးဖြစ်သည် ။  ထိုကဲ့သို့   အယ်ဖာအမှုန်( သို့) ဟီလီယမ်နယူကလိယ (သို့) အယ်ဖာရောင်ခြည် ပြိုကွဲထွက်သွားသောကြောင့်  အနုမြူစည်းနှောင်စွမ်းအင်အဖြစ်  ထွက်ပေါ်လာသောရောင်ခြည်မှာ   ဂမ်မာရောင်ခြည်ဖြစ်သည်။ဥပမာ -  ပိုလိုနီယမ်  ဒြပ်စင်မှ  ရေဒီယိုသတ္တိကြွပြီး  အယ်ဖာရောင်ခြည်(ဟီလီယမ်နယူကလိယ) နှင့်အတူ ဂမ်မာရောင်ခြည်ထွက်လာသည်။ 84 Po210 => 2He4 +   r
အယ်ဖာရောင်ခြည်သည် ပရိုတွန် 2လုံး +နယူထွန် 2လုံး  ပါဝင်သောကြောင့်   အသားတင် လျှပ်စစ်မှာ ဓာတ်ဖိုဆောင်သည်။  ဓာတ်ဖိုဆောင်သောကြောင့်  လျှပ်စစ်( သို့) သံလိုက်စက်ကွင်းများနှင့်တွေ့လျှင် လမ်းကြောင်းသွေဖီသွားနိုင်သည်။  အယ်ဖာမှုန်သည် အရွယ်အစားကြီးသောကြောင့်  စက္ကူစာရွက်ကိုပင်   ဖေါက်ထွင်းမသွားနိုင်ပေ။
        ရေဒီယိုသတ္တိကြွမှုကြောင့်  အယ်ဖာရောင်ခြည်နှင့်အတူ   ဂမ်မာရောင်ခြည်ထွက်နိုင်သော်လည်း   ၊ဂမ်မာရောင်ခြည် အလိုအလျောက်ဖြာထွက်ခြင်းလည်းတွေ့နိုင်သည်။ ထိုကဲ့သို့ ဖြစ်စဉ်မျိုးသည်   အက်တမ်ကိုပတ်နေသော  အီလက်ထွန်များနှင့်  သဘောသဘာဝခြင်းဆင်တူကြောင်းတွေ့ရသည်   ။
( အက်တမ်တခုတွင်  အီလက်ထွန်များသည် နယူကလိယကို ဝန်းရံလျှက်လှည့်ပတ်နေကြသည်။ ထိုသို့ လှည့်ပတ်ရာတွင်  စွမ်းအင်အဆင့်အလိုက်  ကိုယ်ပိုင်ပတ်လမ်းများရှိသည်။ ပတ်လမ်းတခုတွင်   အမျိုးစားတူပါက  အီလက်ထွန် နှစ်လုံးမရှိနိုင်။ ကိုယ်ပိုင်ပတ်လမ်းဖြင့် လှည့်ပတ်နေသော အီလက်ထွန် များသည်  ပြင်ပမှ  စွမ်းအင်အလုံအလောက် ရရှိပါက  စွမ်းအင်မြင့်သော  အတွင်းပတ်လမ်းသို့   ကူးပြောင်းနိုင်သည်။ သို့တည်းမဟုတ်     မူလပတ်လမ်းမှ   စွမ်းအင်ပိုနိမ့်သော  ပတ်လမ်းကို ကူးပြောင်းသွားလျှင်  စွမ်းအင်များကို ထုတ်လွတ်ပေးသည်။ ထုတ်လွတ်သော စွမ်းအင်ကို  X-ray  အိတ်ရောင်ခြည်အဖြစ်တွေ့ရသည်။ အက်တမ်အတွင်းရှိ   အီလက်ထွန်များ၏ သဘာဝဖြစ်စဉ်မှာ သာမာန်အခြေအနေတွင် စွမ်းအင်ပြောင်းလဲမှုမရှိနိုင်ပေ) ။၎င်းဖြစ်စဉ်ကဲ့သို့နယူကလိယတွင်  နယူကလီယွန်ဟုခေါ်သော  ပရိုတွန်နှင့် နယူထွန်များသည်  အချင်းချင်း အပြန်အလှန် လှည့်ပတ်နေကြရာတွင် စွမ်းအင်အဆင့်အလိုက် ပတ်လမ်းများပါဝင်သည်။  နယူကလီယွန်များသည်  စွမ်းအင်ပတ်လမ်းတခုမှ  နိမ့်သောပတ်လမ်းငို့  ကူးပြောင်းတိုင်း  စွမ်းအင်များကို  ထုတ်ပေးသည် ။ထိုသို့ ထုတ်လွတ်ရာတွင်   Ground state ဟုခေါ်သော   သာမာန်အခြေအနေသို့  ရောက်သည်အထိ  စွမ်းအင်များ ထုတ်လွတ်မည် ။ ထိုကဲ့သို့ အလိုအလျှောက် စွမ်းအင်ထုတ်လွတ်  နေခြင်း(သို့မဟုတ်)  ဂမ်မာရောင်ခြည်ဖြာထွက်ခြင်းကို  အက်တမ်အမှတ်စဉ်ကြီးသော   heavy nuclei  နယူကလိယများတွင်တွေ့နိုင်သည်။  ဥပမာ - ယူရေနီယမ်ကဲ့သို့   ဒြပ်စင်သည်  ဂမ်မာရောင်ခြည် အလိုအလျှောက်   ထွက်နေကြောင်းတွေ့ရသည်။ ဂမ်မာရောင်ခြည်သည်   လျှပ်စစ်သံလိုက်ရောင်ခြည်ဖြစ်သည်။ ဂမ်မာအမှုန်ဟု  ခေါ်ဆိုနိုင်သော်လည်း  စွမ်းအင်အထုပ်ကလေးများ ( Energy packet) အသွင်ဆောင်ပြီး  ဒြပ်ထုမရှိပေ။လျှပ်စစ်ဓာတ်မရှိပဲ   စွမ်းအင်သီးသန့် ရောင်ခြည်ဖြစ်သောကြောင့်  လျှပ်စစ်( သို့) သံလိုက်စက်ကွင်းများနှင့်တွေ့လျှင်  လမ်းကြောင်းသွေဖီခြင်းမရှိပဲ   အလင်းကဲ့သို့ တစ်ဖြောင့်ထဲရှိသည်။ ဂမ်မာရောင်ခြည်သည်   ဖောက်ထွင်းစွမ်းအား   အမြင့်ဆုံးဖြစ်သည်။ ထို့ကြောင့်  အန္တရယ်ရှိသောရောင်ခြည်တမျိုးဖြစ်သည် ။   ဂမ်မာရောင်ခြည်သည်   ခဲသတ္တုကို 30စင်တီမီတာသာ ဖေါက်ထွင်းနိုင်သောကြောင့်  ၊ ၎င်းကိုကာကွယ်ရန်     ခဲသတ္တုများဖြင့် သိုလှောင်ထားရ၏ ။ထို့ပြင်  ဓာတ်ခွဲခန်းများတွင်  ခဲသတ္တုအပြင်  ၊ဖယောင်းကိုလဲ   အသုံးပြုသည်။
                                  ရောင်ခြည် ၃ မျိုး၏  ဖေါက်ထွင်းနိုင်မှုသရုပ်ပြပုံ     
   အချုပ်အားဖြင့်  ရေဒီယိုသတ္တိကြွမှုနှင့်သက်ဆိုင်သော  နယူကလိယများကို  ယေဘုယျအားဖြင့်  အမျိုးအစား (၅)ခု  ဖြင့်   လေ့လာတွေ့ရသည်။
(၁)အနုမြူတည်မြဲသောနယူကလိယများ- ဆိုသည်မှာ   ရေဒီယိုသတ္တိကြွခြင်း မရှိသော   နယူကလိယများဖြစ်သည်။ထိုကဲ့သို့ အနုမြူတည်မြဲသော  နယူကလိယအမျိုးစားပေါင်း ၂၆၄ မျိုးတွေ ့  နိုင်သည်။ သို့သော်   ၎င်းတို့သည်  အစဉ်သဖြင့်တည်မြဲနေသည်  မဟုတ်ပေ။ ရေဒီယိုသတ္တိကြွမှု   အလွန်သေးငယ်သောကြောင့်     တိုင်းတာ၍မရနိုင်ခြင်းဖြစ်သည်။သက်ရှိသက်မဲ့အားလုံး  ဖြစ်ပြီးလျှင်    ပျက်ရမည်ဟူသော   လောကနိယာမတရားကို  ဆန့်ကျင်၍မရပါ ။သို့သော် ယေဘုယျအားဖြင့်  တည်မြဲသည်ဟု  သတ်မှတ်ထားသည်။ ဥပမာ -ကာဗွန် ၊ နိုက်ထရိုဂျင် ၊ အောက်ဆီဂျင် …
(၂)ပထမမျိုးဆက် ရေဒီယိုသတ္တိကြွ နယူကလိယများ - ဆိုသည်မှာ  နေအဖွဲ့အစည်းအတွင်းရှိ  ကမ္ဘာမြေပေါ်တွင်  သဘာဝအတိုင်းတွေ့ရသော  နယူကလိယများဖြစ်သည်။၎င်းတို့၏  သက်တမ်းဝက်မှာ  အလွန်ရှည်လျားပြီး  ၂၆ မျိုးခန့်တွေ့ရသည် ။ ဥပမာ - ယူရေနီယံ ၂၃၈ ၊ ပိုတက်စီယံ ၄၀ ၊ ရူဘီဒီယံ ၈၇ …
(၃)ဆင့်ပွါးမျိုးဆက် ရေဒီယိုသတ္တိကြွ နယူကလိယများ - ဆိုသည်မှာ  ပထမမျိုးဆက်နယူကလိယမှ  ရေဒီယိုသတ္တကြွပြီး   ကြွင်းကျန်နေသော  နယူကလိယကို   ဆိုလိုခြင်းဖြစ်သည် ။၎င်းသည်လည်း  ရေဒီယိုသတ္တကြွခြင်းဖြစ်ပေါ်နေသည်။  ဥပမာ- ယူရေနီယံ ၂၃၈    သည်   သဘာဝအတိုင်းရေဒီယို  သတ္တိကြွခြင်းကို တွေ့ရသည်။ ၎င်းယူရေနီယံသည်   နှစ်သန်းပေါင်း ၄၅၀ကြာသောအခါ    သိုရီယံ၂၃၄  (နယူကလိယ )အဖြစ်ပြောင်းလဲသွားမည် ။၎င်း သိုရီယံသည်လည်း   ရေဒီယို သတ္တိကြွရာမှ ၂၅ ရက်ကြာသောအခါ ပရိုတက်စတီနီယံ ၂၃၄ အဖြစ်  အသွင်ပြောင်းသွားမည် ။ထိုမှတဆင့် ၆ရက်ကြာသောအခါ ယူရေနီယံ ၂၃၄ အဖြစ် ပြောင်းလဲသွားမည်။ ထိုကဲ့သို့ အဆင့်ဆင့်ပြောင်းလဲလာရာမှ    နောက်ဆုံး  ကြွင်းကျန်နေသော   နယူကလိယမှာ   ခဲသတ္တုဖြစ်သည်။ အထက်ပါအတိုင်း  ယူရေနီယံ ၂၃၈ မှ  အဆင့်ဆင့်ပြောင်းလဲသွားသော  နယူကလိယများကို  ဒုတိယမျိုးဆက် ရေဒီယိုသတ္တိကြွ နယူကလိများဟုခေါ်သည် ။၎င်းဖြစ်စဉ်ကို Radioactive series ဟုခေါ်သည်။
                        ယူရေနှီယံ ၂၃၈  ၏  Radioactive series အဆင့်ဆင့်ပြောင်းလဲပုံ
      Radioactive series  ဖြစ်စဉ်ကို     မြန်မာလိုနားလည်နိုင်စေရန်  ဥပမာဖြင့် တင်ပြပါအံ့။  အလွန်ကြီးမားသော  သစ်ပင်ကြီးတစ်ပင်သည် သက်တမ်းအလွန်ကြာရှည်စွာ တည်ရှိနေသည်ဆိုပါစို့။ နောင်တချိန်တွင်    ၎င်းသစ်ပင်ကြီး သေသွားသောအခါ  ခုတ်ပိုင်း ဖြတ်လိုက်လျှင်   ထင်းအဖြစ်သို့ ပြောင်းလဲသွားမည်။ ရရှိလာသောထင်းကို လောင်စာအဖြစ် အသုံးပြုလျှင်   မီးသွေးအဖြစ်  ကျန်ရှိနေဦးမည်။ မီးသွေးဆက်လက်လောင်ကျွမ်းလျှင် နောက်ဆုံးတွင်  ပြာမှုန်များအဖြစ်  ကြွင်းကျန်နေမည် ။သစ်ပင်ကြီးမှ   ပြာမှုန်အဖြစ်သို့ အဆင့်ဆင့်   ပြောင်းလဲ သွားသကဲ့သို့၊  ယူရေနီယံ ၂၃၈ မှ     ရေဒီယို သတ္တိကြွပြီး  အဆင့်ဆင့်ပြောင်းလဲလာရာ   နောက်ဆုံးတွင်    ခဲသတ္တုအဖြစ်  ကြွင်းကျန်နေမည်ဖြစ်သည်။
(၄)သဘာဝဖြစ်စဉ်ကြောင့် ရေဒီယိုသတ္တိကြွသော နယူကလိယများ - ဆိုသည်မှာ အာကာသမှ ရောက်ရှိလာသော  ကော့စမစ်ရောင်ခြည်များကြောင့်ဖြစ်သည်။ကော့စမစ်ရောင်ခြည်တွင်  နယူထွန်မှုန် များပါဝင်နေသောကြောင့် လေထုထဲရှိ နိုက်ထရိုဂျင်(7)နှင့် ဓာတ်ပြုရာမှ ရေဒီယိုသတ္တိကြွခြင်းဖြစ်သည်။
ဥပမာ - N14 (n,p)C 12  ,  N14 (n,t)C14  
(၅)ဖန်တီးထားသော ရေဒီယိုသတ္တိကြွ နယူကလိယများ - ဆိုသည်မှာ  သိပ္ပံပညာရှင်များက  ဒြပ်စင်များကို ရောစပ်၍  ရေဒီယိုသတ္တိကြွစေရန် ဖန်တီးထားသော  နယူကလိယများဖြစ်သည် ။ဥပမာ- Co60 , Cs137 ,Na24 တို့ဖြစ်သည် ။
ရေဒီယိုသတ္တိကြွ နယူကလိယများ၏  သက်တမ်းဝက် ၊ကြာချိန်နှင့်ဓာတ်ရောင်ခြည်အမျိုးစားများ(ဇယား)
Jan 31, 2010
အနုမြူ-သဘာဝလက္ခဏာများ
အနုမြူ အမှတ်(၄)
စကြာဝဠာအတွင်းရှိ   ဂြိုလ်များ   လှည့်ပတ်သွားလာခြင်းနှင့်  တူညီသည်။   တနည်းအားဖြင့် အနုမြူသည်  စကြာဝဠာငယ်လေးများဖြစ်သည်။ (ကမ္ဘာသည်လည်း  မိမိဝင်ရိုးပေါ်တွင် ကိုယ် တိုင်လည်ပတ်လျက် ၊နေကိုလှည့်ပတ်သွားလာနေခြင်းဖြစ်သည် ။            
              နယူကလီယတွင်  ပြင်းထန်သော အနုမြူအားများ ရှိကြောင်း  လေ့လာသိရှိခဲ့ပါပြီ။  
နယူကလီယတွင်ပါဝင်သော  ပရိုတွန်များသည် (ဓာတ်ဖို) ဆောင်သော လျှပ်စစ်မှုန်များဖြစ်ကြ သည်။နယူထွန်များမှာ  လျှပ်စစ်ဓာတ်- မရှိသော (ဓာတ်မဲ့)  အမှုန်များဖြစ်ကြသည်။ထို့ ကြောင့် နယူကလီယ၏  အသားတင် လျှပ်စစ်ဓာတ်မှာ (ဓာတ်ဖို)လျှပ်စစ်ဓာတ်ဆောင်ပါသည် ။ထို့ ပြင် နယူကလီယတွင်  လျှပ်စစ်ဓာတ်ဆောင် ပရိုတွန်များပါဝင်သောကြောင့် (Electric Force)လျှပ်
စစ်အား (သို့ ) ကူးလောင်းနိယာမအား( Coulomb’s Force)  ပါဝင်သက်ရောက်   နေကြောင်း
တွေ့ ရမည် ။              (   Coulomb’s Force = k q1q2 /r2     ) 
                                                  K=9×109 constant
                                           q1 ,q2=လျှပ်စစ်ဓာတ်ဆောင်အမှုန်နှစ်ခု
                                                           r = q1 & q2     ကြားအကွာအဝေး
သို့ သော်  သက်ရောက်နေသော  လျှပ်စစ်အားသည်  အနုမြူအားထက်  အဆပေါင်း(၄ဝ)ခန့် 
သေးငယ်သောကြောင့်  အရာမရောက်နိုင်ဘဲ မှေးမှိန်နေရခြင်းဖြစ်သည် ။
           တနည်းအားဖြင့်  နယူကလီယတွင်   အနုမြူအား (Nuclear Force)တစ်ခုသာ ကြီးစိုး
နေခြင်းဖြစ်သည်။ ပရိုတွန်အချင်းချင်း  (သို့ )   နယူထွန်အချင်းချင်း (သို့ ) ပရိုတွန်နှင့်နယူထွန်
တို့ တွင်  အနုမြူအားသက်ရောက်မှုရှိသည် ။ထို့ ကြောင့်  အနုမြူအားသည်  လျှပ်စစ်ဓာတ်ရှိ  ခြင်း ၊မရှိခြင်းနှင့်  လုံးဝမသက်ဆိုင်ပါ။ ကူးလောင်းနိယာမ(လျှပ်စစ်အား)ကဲ့သို့   လျှပ်စစ်ဓာတ်
ကြောင့်  အနုမြူအားဖြစ်ပေါ်ခြင်း  မဟုတ်ဟု  ဆိုလိုပါသည် ။
             သို့ သော်  နယူကလီယအတွင်းရှိ  နယူကလီယွန် အချင်းချင်း  အလွန်နီးကပ်လျက်
ရှိနေမှ  အနုမြူုအားသက်ရောက်မည် ။  တနည်းအားဖြင့် တာတိုအား (Short  range force )
ဖြစ်သည်။(ကူးလောင်းနိယာမ)လျှပ်စစ်အားမှာတာရှည်အား(Long range force) ဖြစ်သည်။ နယူကလီယွန် အချင်းချင်း  ( 10-15  m) အကွာအဝေးအတွင်း၌သာ ဆွဲအားပြင်းထန်သော
အနုမြူအားများဖြစ်ပေါ်သည်။ သို့ သော်  နယူကလီယွန်ချင်းချင်း   အလွန့် အလွန်နီးကပ်သွား
လျှင် တွန်းအားအဖြစ် ပြောင်းလဲသွားနိုင်သည်။ ဆိုလိုသည်မှာ အနုမြူဆွဲအားသည် သတ်မှတ် 
ထားသော  အကွာအဝေးအတွင်း  ( 1-2 ×10-15 m)  နီးကပ်နေမှသာ   အားသက်ရောက်မှု
ဖြစ်နေပေါ်နိုင်ပြီး ဆွဲအားပြင်းအနုမြူအားများကိုတွေ့ ရမည်။ အနုမြူအားသည်  နယူကလီယွန်
အချင်းချင်း  ကိုယ်တိုင်လှည့်ပတ်နေသော  အမွှတ်လည်ခြင်းပေါ်တွင်  ပြောင်းလဲမှုရှိနိုင်သည်။
အမွှတ်လည်ခြင်း ( spinning)  နှစ်မျိုးရှိရာ    (spin up)  နှင့်    (spin down) တို့ ဖြစ်သည် ။
spin up  &  spin down
ဆိုလိုသည်မှာ ညာဘက်လှည့်ခြင်းနှင့် ဗယ်ဘက် လှည့်ခြင်းမျိုးဖြစ်သည် ။  စာဖတ်ပရိတ်သတ်
လက်တွေ့ မြင်လိုလျှင် သင်၏ညာဘက်လက်ကိုဆန့် ထုတ်၍ လက်သီးဆုပ်ထားပါ။ထို့ နောက်
သည်  အပေါ်ဘက်သို့   ဦးတည်နေပြီး ၊ကျန်လက်ချောင်းများသည် အတွင်းဘက်သို့  ဦးတည်
နေကြမည်။ ကျန်လက်ချောင်းများ၏ ဦးတည်ဘက်အတိုင်း လှည့်ပတ်နေသော နယူကလီယွန်
များကို  (spin up)  အမွတ်လည်ခြင်းဟုခေါ်သည် ။ထိုမှတဖန်  သင်၏လက်မကို  အောက်သို့ 
စိုက်၍ ဦးတည်လိုက်ပါ။လက်မထိပ်ဖျားသည် အောက်ဘက်သို့ ညွှန်ပြနေသဖြင့် (spin down)
အမွတ်လည်ခြင်းဟုခေါ်သည်။နယူကလီယွန်များသည် ကျန်လက်ချောင်းများ၏ ဦးတည်ဘက်
အတိုင်း လှည့်ပတ်နေကြသည် ။
           နယူကလီယတွင်  ပြင်းထန်စွာ သက်ရောက်နေသော အနုမြူအားများ(strong nuclearforce) ရှိသော်လည်း ၊ပြင်းအားပျော့သော အနုမြူအားများ ( weak nuclear force )
လည်း ရှိနေပါသည် ။ ပြင်းအားပျော့ အနုမြူအားသည်    ပြင်းအားထန်သော အနုမြူအားထက်
အဆပေါင်း  တသန်းခန့် ( Million )  နည်းပါသည် ။ထို့ ပြင်  လျှပ်စစ်ဆွဲအား (သို့ )ကူးလောင်း
နိယာမအားထက်  အဆပေါင်း  တထောင်ခန့် ( thousand) နည်းပါသည် ။ ထို့ ကဲ့သို့  အလွန်
သေးငယ်သော အနုမြူအားကို ( အရေးမကြီးဟု ယူဆ၍ ) လျစ်လျူရှူ၍ မရပါ ။ ပြင်အားပျော့
အနုမြူအားများသည် သက်တမ်းကြာရှည်စွာ ဖြစ်ပေါ်နိုင်သောကြောင့် လျစ်လျူရှူ၍ မရနိုင်ပါ ။
(ဥပမာ - အနုမြူဗုံးဒဏ်  ခံခဲ့ရသော   ဂျပန်နိုင်ငံ   ဟီရိုရှီးမား  နှင့် နာကာစကီ မြို့ ကြီးများတွင်
ယနေ့ အချိန်ထိ   ပျင်းအားပျော့အနုမြူအားများ  သက်ရောက်နေသည် ။   သက်ရှိသတ္တဝါများ
အတွက်  အန္တရယ်ရှိနေဆဲဖြစ်ပါသည်။ထို့ ပြင် ရှရှားနိုင်ငံတွင် မတော်တဆပေါက်ကွဲသွားသော
ချာနိုဘိုင်း အနုမြူဓာတ်ပေါင်းဖိုနေရာသည်  ယနေ့ အချိန်ထိ အနုမြူအားများ  ထွက်ပေါ်နေဆဲ
ဖြစ်ပါသည် ။)
              နယူကလီယတွင်  ရှိနေသော နောက်ထပ် အားတမျိုးရှိနေပါသေးသည် ။၎င်းအား
သည်   ဒြပ်ဆွဲအားဖြစ်၏။စကြာဝဠာအတွင်းရှိ အရာဝတ္ထုတိုင်းသည် အချင်းချင်းအပြန်အလှန်
ဆွဲငင်နေကြကြောင်းကို  နယူတန် (Newton) က   ဒြပ်ဆွဲအားသီအိုရီဖြင့်  ဖေါ်ထုတ်ခဲ့သည်။
                              နယူတန် (ထိုင်ခဲ့သော) ပန်းသီးပင်  (ကိန်းဘရစ်တက္ကသိုလ် )အမှတ်တရ 
" ဒြပ်ဆွဲအားကြောင့်   ခေါင်းပေါ်ကို ပန်းသီးကြွေကျတာတဲ့ "
လွန်ခဲ့သောနှစ်ပေါင်းလေးရာခန့် က  အင်္ဂလန်ပြည် ကိန်းဘရစ်တက္ကသိုလ်ဝင်းအတွင်း  ပန်းသီး
ပင်အောက်တွင်ထိုင်နေသော   နယူတန်၏ခေါင်းပေါ်သို့    ပန်းသီးတလုံး    ကြွေကြခဲ့သည်ဟု
ဆို၏ ။   ကမ္ဘာ့ မြေဆွဲအားကြောင့်   ပန်းသီးကြွေကြသည်ဟု  ဆက်စပ် တွေးခေါ် ယူဆလျက်
စကြာဝဠာအတွင်းရှိ   အရာဝတ္ထုအချင်းချင်း  ဆွဲငင်နေကြကြောင်းသိခဲ့ကြရသည်။ ဒြပ်ဆွဲအား
သီအိုရီအရဆိုသော်  ဝတ္ထု၏ဒြပ်ထုကြီးလေလေ  ဒြပ်ဆွဲအားပြင်းထန်လေလေ ဖြစ်သည် ။                                    
              F =Gravity Force -ဒြပ်ဆွဲအား 
m1 ,m2 = ဝထ္ထုနှစ်ခု၏ ဒြပ်ထုများ
                                                G = ဒြပ်ဆွဲအားကိန်းသေ
                                         r =ဝတ္ထုနှစ်ခုကြား အကွာအဝေး
         နယူကလီယထဲတွင် နယူကလီယွန်အချင်းချင်း  ဒြပ်ဆွဲအားများသက်ရောက်နေသည်။ သို့ သော် နယူကလီယွန်အချင်းချင်းဆွဲသော ဒြပ်ဆွဲအားသည် အနုမြူအားထက် 10-39times
သွင်းစဉ်းစားခြင်းမပြုဘဲ  လျစ်လျူရှူထားသည် ။
   နယူကလီယ၏ အရွယ်အစားကို လေ့လာကြည့်လျှင် စက်လုံးပုံဟု ယူဆထားသောကြောင့် 
အချင်းဝက် (Radius )ကိုသိလျှင်   စက်လုံး၏ထုထည်ကို  တွက်ယူနိုင်သည်။  (V=4/3 πR3)
ထို့ ကြောင့် နယူကလီယ၏ အရွယ်အစားကို  အချင်းဝက်  ပုံသေနည်းဖြင့် ဖေါ်ပြလေ့ရှိသည် ။
                                      R =1.2×10-15   A1/3      (m)
                                      R = နယူကလီယ၏ အချင်းဝက်
                                              A = နယူကလီယ၏ ဒြပ်ထုတန်ဖိုး
       အနုမြူရှုပဗေဒကို  လေ့လာသင်ကြားနေသူများသည်  ပုစ္ဆာပြသနာများကိုဖြေရှင်းရာတွင်
အီလက်ထွန် ၊ ပရိုတွန် ၊နယူထွန်များ၏  ဒြပ်ထုတန်ဖိုးများကို  သိထားရမည်ဖြစ်သောကြောင့်
ဆက်လက်ဖေါ်ပြပေးပါမည် ။
အီလက်ထရွန်၏  ဒြပ်ထု , me  =9.10938 ×10-31  kg
ပရိုတွန်တလုံး၏  ဒြပ်ထု  , mp =1.67262 ×10-27  kg
နယူထွန်တလုံး၏ဒြပ်ထု  , mn  =1.67492 ×10-27  kg             
              ဝထ္ထုတခု၏ဒြပ်ထုကို   တိုင်းတာရာတွင်   နိုင်ငံတကာသုံးယူနစ်  (SI unit)  အဖြစ် 
ကီလိုဂရမ်ဖြင့်( Kg) သတ်မှတ်ထားသည် ။ထို့ ကြောင့် အထက်တွင်ဖေါ်ပြခဲ့သော ဒြပ်ထုယူနစ်
များမှာ  ကီလိုဂရမ်များဖြစ်သည်။သို့ သော် အနုမြူရူပဗေဒကိုလေ့လာရန် နှင့် ပုစ္ဆာများတွက်ယူ
ရန် အသုံးများသော   ယူနစ်အမျိုးအစားနှစ်ခု ရှိပါသေးသည် ။    ဥပမာပြလျှင် --
(1) me =9.10938 ×10-31   kg =0.000548579 u
(2) mp =1.67262×10-27    kg =1.007274621 u
(3) mn =1.67492× 10-27   kg =1.008659712 u
  ယူနစ်သင်္ကေတ (u) ဆိုသည်မှာ  အက်တမ်ဒြပ်ထုယူနစ် ( Atomic Mass Unit ) ဖြစ်သည်။
ကီလိုဂရမ်နှင့်အက်တမ်ဒြပ်ထုယူနစ်တို့ ၏ဆက်သွယ်ချက်မှာ  1u =1.660538863×10-27 kg
ဖြစ်သည်။၎င်းဆက်သွယ်ချက်တန်ဖိုးသည် ကာဗွန်အက်တမ်၏ ဒြပ်ထုကို ၁၂ ဖြင့်စား ၍ရသော ရလဒ်  အဖြေ ဖြစ်သည်။ 1u=(1.992646636×10-26/ 12)
လူသိနည်းသော  နောက်တနည်းမှာ-  ၄င်းဆက်သွယ်ချက်တန်ဖိုးသည်  အက်ဗိုဂါးဒိုးကိန်းသေ
တန်ဖိုး၏  ပြောင်းပြန်လှန်ကိန်းတခုဖြစ်သည် ။ 1u =1 /(6.0221415×10-26 )
            ဒြပ်ထုတန်ဖိုးကို  ဖေါ်ပြရန်  နောက်တနည်းမှာ  အိုင်စတိုင်းသီအိုရီ  (  E =mc2  )ကို
ကိုယ်စားပြုခြင်းဖြစ်သည် ။၎င်းသီအိုရီအရ  အလင်းအလျင်နှစ်ထပ်ကိန်းဖြင့် ရွှေ့ လျားနေသော
ဝထ္ထုများသည်  စွမ်းအင်အသွင်ပြောင်းနိုင်သော  ( ဒြပ်ထု-စွမ်းအင် )ဆက်စပ်မှုတခုဖြစ်သည် ။
ထို့ ကြောင့်  အမှုန်ဒြပ်ထုများကို  စွမ်းအင်ဖြင့်ကိုယ်စားပြုဖေါ်ပြနိုင်သည် ။စွမ်းအင် (Energy )
၏ နိုင်ငံတကာသုံး(SI) ယူနစ်မှာ    Joule ( j) ဂျိုး ဖြစ်သည်။သို့ သော် အီလက်ထွန်ဗို့ ယူနစ် 
(ev) ဖြင့်ဖေါ်ပြရန်  ဆက်သွယ်ချက်တခုမှာ -  1J = 1.6 x 10-19  ev          
သို့ သော်  E=mc2    ညီမျှခြင်းတွင်    ဒြပ်ထု( m) နေရာအစားသွင်းရာတွင်  အက်တမ်ဒြပ်ထု
ယူနစ်  (u) ဖြင့်တွက်ပါက    E=[ m ]  931.5 Mev  ကို အသုံးပြုရမည် ။   ဒြပ်ထုယူနစ်ကို
ကီလိုဂရမ်ဖြင့် တွက်ပါက  E= m c2  /1.6 x10-19  ev ဖြင့်တွက်ယူရမည် ။အလင်းလျင်ကို
တိကျစွာ  (c =2.9979× 108  ms-1  ) ဖြင့်တွက်နိုင်သည်။ ဒြပ်တန်ဖိုးများကို  ယူနစ်( ၃)မျိုး
ဖြင့်  နှိုင်းယှဉ်ဖေါ်ပြရသော် -
(1) me =9.10938 ×10-31   kg =0.000548579 u = 0.511 Mev 
(2) mp =1.67262×10-27    kg =1.007274621 u = 939.53Mev
(3) mn =1.67492× 10-27   kg =1.008659712 u = 940.82Mev
ထပ်မံရှင်းလင်းချက်။     ။ အနုမြူရူပဗေဒတွင် ဒြပ်ထုတန်ဖိုးကို  နိုင်ငံတကာသုံးယူနစ်(SI) kg
ကီလိုဂရမ်ဖြင့်သာမက   အက်တမ်ဒြပ်ထုယူနစ် (u) ဖြင့်လည်းကောင်း ၊   စွမ်းအင်ကိုယ်စားပြု
ယူနစ် ( ev )ဖြင့်လည်းကောင်း  အမျိုမျိုးအသုံးချ တွက်ယူနိုင်ကြောင်းတွေ့ ရသည် ။ထိုကဲ့သို့
အမျိုးမျိုးအသုံးပြုရခြင်း၏  အကြောင်းအရင်းကို  -ဥပမာ -ဇတ်လမ်းတခုဖြင့်ရှင်းပြပါမည် ။
           တစ်ခုသော မနက်ခင်းမှာ ဖီးကျူတယောက်  ဈေးဝယ်ထွက်ခဲ့သည်။ဆီ ၊ဆန် ၊ဆား ၊
ဟင်းသီးဟင်းရွက်များနှင့်  အသားငါးတို့ ဝယ်ရန်ဖြစ်သည် ။သို့ သော်  သူသည်  အကျီအိပ်ကို
စမ်းကြည့်လိုက်ပြီး  ခြေလှမ်းများ တုံ့ ကနဲ့ ဖြစ်သွားရလေသည် ။အကြောင်းမှာ သူ့ တွင် ၁၅ဝဝ
ကျပ်သာ ပါရှိသောကြောင့်ဖြစ်သည် ။  ၄င်း  (၁၅ဝဝ )သည်  အချစ်တစ်ခုရနိုင်ဖို့ မပြော   နှင့်
ဆန်တစ်ပြည်လောက်ပင်   ဝယ်ယူလို့ မရပါ ။ ထို့ ကြောင့်   ဈေးတန်းထဲမှခြေလှမ်းကို နောက်
ကြောင်းပြန်ဖို့ သာရှိတော့သည် ။ ဈေးတန်းတနေရာတွင်  ပေါချောင်ကောင်းခပ်ညံ့ညံ့ဆန်တ
ပြည်ကို  (၁၅ဝဝဝ/)ဟု ဂျပ်စက္ကူဖြင့်ရေးထားသည်ကိုတွေ့ ရာ  ပါလာသော ငွေနှင့်ဝယ်သွားရန်
စိတ်ဒုံးဒုံးချလိုက်တော့သည် ။ဈေးသည်ထံတွင် ဆန်တပြည်ကိုဝယ်လိုက်ရာ ကျွတ်ကျွတ်အိတ်
တလုံးဖြင့်   ထည့်ပေးလိုက်လေသည် ။
       ထိုခဏတွင်  သူသည်  ဆန်ထုပ်ကလေးကို ပိုက်ကာ အပြေးတပိုင်းဖြင့်  အိမ်သို့ ချီတက်
သွားပါတော့သည် ။ လမ်းခုလပ်တွင်  ငယ်သူငယ်ချင်းယောက်နှင့်တွေ့ ပြန်လေသည်  ။  အနှီ
သူငယ်ချင်းကား   ခင်မင်ရင်းနှီးတတ်၍လား  မပြောတတ်။စကားပြောလျှင် လေကြောအလွန်
ရှည်၏ ။ လျှာရှည်၏ ။ အခုလည်းကြည့်လေ .”ဟေး ….သူငယ်ချင်း - ဖီးကျူ ဘယ်ကလာတာ
လဲ   ” ဟုမေးသည် ။ ဈေးထဲကထွက်လာတယ်ဆိုတာ   သူမြင်ပါသည် ။လောကွတ်ပြု ၍ နှုတ်
ဆက်ခြင်းဖြစ်ပါသည် ။ သို့ သော်  သူကထပ်မေးပါသည် ” သူငယ်ချင်း  ဘာတွေ ဝယ်လာတာ
လဲတဲ့ ” ။လက်ထဲမှာ   ဆန်ထုပ်ပိုက်လာတာကိုလည်း  သူမြင်ပါသည် ။သို့ သော်  ခင်မင်ရင်နှီး
သောကြောင့်မေးခြင်းလဲဖြစ်နိုင်ပါသည်။ “ဈေးထဲကဆန်ဝယ်တာပါကွာဟု” တန်ပြန်ပြုံးလေးနဲ့ 
ပြန်ဖြေလိုက်၏ ။ သူငယ်ချင်ကား  ထိုသို့ မေးမြန်းခြင်းဖြင့်မပြီးသေး ။နောက်ထပ်  မေးခွန်းတခု
ကို  မဆိုင်းမတွ ထပ်မံမေးလိုက်သောအခါ   ဖီးကျူတယောက်  စိတ်ဆိုးရမလို ၊ ငိုရမလို ၊သူ့ 
မေးခွန်းကို  ပြန်ဖြေရမလို  ဖြစ်သွားပါတော့သည် ။ သူငယ်ချင်းက  မေးလိုက်သည်မှာ “အေး
သူငယ်ချင်း …..ဆန်ဝယ်လာတာဆိုတော့   တစ်တင်း  ဘယ်လောက်ပေးရလဲကွာတဲ့  “ ။
        ဆန်တပြည်ထုပ်ကို  ရင်ဝယ်သားကဲ့ သို့    ပိုက်လျက်လာသောသူကို  တစ်တင်းဘယ်
လောက်ပေးရလဲဟု  မေးရက်လေတကား ။  ထိုမေးခွန်းကို  ဖြေရန်ချက်ချင်း စဉ်စားရပြန်၏ ။
တစ်တင်း၏ ၁၆ ပုံ တစ်ပုံကို  ၁၅ဝဝ ပေးရတယ်ဟု ဖြေလျှင်ကောင်းမလား (သို့ မဟုတ်)တစ်
ကို  ၁၆ နှင့်စား၍   ဝ.ဝ၆၂၅တင်း ကို  ၁၅ဝဝ ပေးရတယ်ဟု  ဖြေလျှင်ကောင်းမလား စဉ်းစား
နေမိသည် ။ တစ်တင်းနှင့်  တစ်ပြည်မှာ ၁၆ဆ အကွာကြီးကွာ၏။ ဆန်တပြည် ဘယ်လောက်
ပေးရသလဲဟု  မေးလျှင်ဖြေသာပါသေးသည် ။ အခုတော့….ဟင့်   လူကို    ဖြေရကျပ်အောင်
မေးရက်လေ ခြင်း ။ တကယ်ဆိုရင်   ဖီးကျူတယောက်  ဆန်အိတ်ကြီးကို  ပုခုံးပေါ်တင်လျက်
မနိုင့်တနိုင်ဖြင့်  ထမ်း၍  ဝယ်လာခဲ့သည်ဆိုရင်   တစ်တင်းဘယ်ဈေးလဲဟု  မေးလျှင်ချက်ချင်း
 ဖြေနိုင်ပါသည် ။ဆိုလိုသည်မှာ အခြေအနေပေါ်မူတည်၍  သင့်တင့်လျောက်ပတ်သော  ယူနစ်
အတိုင်းတာကို   အသုံးပြု၍( မေးမြန်း) သင့်ပါသည် ။
       အထက်က  ဥပမာပြဆိုခဲ့သည့်အတိုင်း   နိုင်ငံတကာသုံးယူနစ်ဖြစ်သော  တစ်ကီလိုဂရမ်
(1kg)   (မြန်မာအလေးချိန်  ၆ဝ သားခန့် ) သည် အလွန်သေးငယ်သော  မျက်စိဖြင့်  မမြင်နိုင်
သည့်   အနုမြူအမှုန်လေးများကို  ဖေါ်ပြရာတွင်   သင့်တင့်လျေက်ပတ်မှုမရှိကြောင်းကိုတွေ့ ရ
မည်ဖြစ်ပါသည် ။ ထိုအတွက်ကြောင့်  အနုမြူအမှုန်များ၏  ဒြပ်ထုကိုဖေါ်ပြရာတွင်   သေးငယ် 
သော  ယူနစ်အဖြစ်သတ်မှတ်ရန်  သိပ္ပံညာရှင်များက ၁၉၆၁ ခုနှစ်တွင်  အက်တမ်ဒြပ်ထုယူနစ်
(Atomic mass  unit )ကို   အတည်ပြုသတ်မှတ်ခဲ့သည် ။၎င်းယူနစ်တန်ဖိုးကို   ကာဗွန်အက်
တမ်ဒြပ်ထု  တန်ဖိုး၏   ၁၂ ပုံတစ်ပုံကို  စံနမူနာထားကာ   သိပ္ပံပညာရှင်များဆွေးနွေးတိုင်ပင်
ခဲ့ကြကြောင်း  တင်ပြလိုက်ပါသည် ။ ………………………………………….ဖီးကျူ………………..
Dec 30, 2009
  အနုမြူ အမှတ်( ၃)              
                   အက်တမ်တခု၏ ဖွဲ့ စည်းပုံကို ရေးသားဖေါ်ပြပေးပြီး ဖြစ်ပါတယ်။အက်တမ်၏ 
အလယ်ဗဟိုတွင် ဝတ်ဆံအဖြစ်ရှိသောနယူကလိယကို  အီလက်ထွန်က  လှည့်ပတ်နေသည်။  
နယူကလိယတွင် ပရိုတွန်နှင့်နယူထွန်တို့  ပါဝင်သည် ။ထို့ ကြောင့် ယေဘုယျအာဖြင့်
အက်တမ်တခုတွင် ပရိုတွန်၊  အီလက်ထွန် ၊ နယူထွန်  စသည့် အမှုန်သုံးမျိုး  ပါဝင်နေကြောင်း သိခဲ့လေပြီ ။ဝန်းရံလှည့်ပတ်နေသာ အီလက်ထွန်၏  အရွယ်အစားသည်  အလွန်သေးငယ်၏ ။ ပရိုတွန်၏  အရွယ်အစားနှင့်   နှိုင်းယှဉ်ပါက ( ၁၈၄ဝ)ဆ  ခန့် သေးငယ်နေကြာင်းတွေ့ ရမည်။  ပရိုတွန်နှင့် နယူထွန်တို့ မှာ  အရွယ်အစားတူညီကြသည် ။ထို့ ကြောင့်  အက်တမ်တခု၏ ဒြပ်ထု (Mass ) ကို   ဖေါ်ပြရာတွင်  ပရိုတွန်  နှင့် နယူထွန်တို့ ၏ဒြပ်ထု     ပေါင်းလဒ်ကိုသာ  ဖေါ်ပြသည်။ အီလက်ထွန်သည် အလွန်ငယ်သောကြောင့် လျစ်လျူရှုထား၏။ အက်တမ်ဒြပ်ထု (Mass number)   ကို   သင်္ကေတ-A   ဖြင့်ဖေါ်ပြသည်။   နယူကလိယ  တွင်ရှိသော ပရိုတွန် အရေအတွက်ကိုလိုက်၍  အက်တမ်အမှတ်စဉ် (Atomic number) အဖြစ်  သတ်မှတ်ထား၏။
သင်္ကေတ -Z ဖြင့်ဖေါ်ပြသည်။
                      zXA                  ဥပမာ-  1H1 , 2He4 , 3Li7
A =Mass number ( နယူကလိယအတွင်းရှိ (ပရိုတွန်+ နယူထွန်) အရေအတွက်)
Z=atomic number(ပရိုတွန်အရေအတွက် -အက်တမ်အမှတ်စဉ်)
X=ဒြပ်စင်တွင်ပါဝင်သော အက်တမ်အမျိုးအစား
အက်တမ်အမှတ်စဉ်အလိုက် (ဒြပ်စင်ဇယား)
                    သာမာန်အက်တမ်တခုတွင်လျှပ်စစ်ဓာတ်  မရှိပါ။ အဘယ့်ကြောင့်ဆိုသော်-အီလက်ထွန် (ဓာတ်မ)    အရေအတွက်နှင့်  ပရိုတွန် (ဓာတ်ဖို ) အရေအတွက်    တူညီနေသော
ကြောင့် ဖြစ်သည်။ သို့ ဖြစ်ရာ  Atomic number (Z) ကိုသိလျှင်  အီလက်ထွန် အရေတွက်ကိုပါ  သိနိုင်သည်။ ထို့ နောက်အက်တမ်တွင်ပါဝင်သော  နယူထွန်  အရေတွက်ကိုလည်း လွယ်ကူစွာ
သိနိုင်သည်။    
                Mass number (A)   -   Atomic number (Z)  =   Neutron number (n)
                (ပရိုတွန် +နယူထွန်)   -      (ပရိုတွန်)         =       (နယူထွန်)    
              အက်တမ်တခုတွင်  ပရိုတွန်နှင့် အီလက်ထွန် အရေတွက်  တူညီကြသော်လည်း နယူထွန်ပါဝင်မှု အရေတွက်မှာ  မတူညီပေ ။  ပရိုတွန်ထက်လည်း   ပိုများနိုင်သည် ။   နယူထွန်   အရေအတွက်  များလေလေ  အက်တမ်ဒြပ်ထု ကြီးလေလေ ဖြစ်မည်။    နယူထွန် မရှိသော    အက်တမ်လည်းရှိသေးသည်။နယူထွန်မပါသော အက်တမ်မှာဟိုက်ထရိုဂျင်-အက်တမ် ဖြစ်သည် ။   (1H1) : (1H2) : (1H3)   ထိုသို့   (Atomic number ) ပရိုတွန်အရေအတွက်  တူညီသော်လည်း ၊ နယူထွန်ပါဝင်မှု  မတူညီသောကြောင့်  အက်တမ်ဒြပ်ထု (Mass number) ကွဲပြားနေခြင်းကို   အိုက်ဆိုတုပ် (Isotope)ဟု ခေါ်သည်။
               ပရိုတွန်နှင့်အီလက်ထွန်တို့ သည် ဆန့် ကျင်ဘက် လျှပ်စစ်တန်ဖိုးများ တူညီကြသည်။
ထို့ ပြင်   အက်တမ်တခုတွင်   ပရိုတွန်နှင့် အီလက်ထွန်   ပါဝင်မှုအရေအတွက်    တူညီနေသော
ကြောင့် အသားတင် လျှပ်စစ်ဆွဲအားမှာ မရှိနိုင်ပေ။ထို့ ကြောင့် သာမာန်  အက်တမ်တခုတွင် လျှပ်စစ်ဓာတ်ကင်းမဲ့နေသည် ။လျှပ်စစ်သီအိုရီအရ  မျိုးတူသော     ဓာတ်ဖိုအချင်ချင်း(သို့ )ဓာတ်မ
အချင်းချင်း  တွေ့ လျှင် အပြန်အလှန်  တွန်းကန်မှုအား ဖြစ်ပေါ်မည် ။ မျိုးမတူသော  ဓာတ်ဖိုနှင့်ဓာတ်မ တွေ့ လျှင် အချင်းချင်း ဆွဲငင်ခြင်းအားဖြစ်ပေါ်မည်။
               နယူကလီယကို  စဉ်စားကြည့်ကြပါစို့ ။  နယူကလိယတွင်  ပရိုတွန်နှင့် နယူထွန်များ 
ပါဝင်နေကြောင်းလည်း  သိခဲ့ပြီ ။  ပရိုတွန် နှင့် နယူထွန်များ  စုဝေးလျက်  အက်တမ်၏ ဝတ်ဆံအဖြစ် ရှိနေကြသည် ။  လျှပ်စစ်သီအိုရီအရ  နယူကလိယအတွင်းရှိ  ပရိုတွန်(ဓာတ်ဖို) အချင်းချင်း   တွန်းကန်နေကြမည်။ ထို သို့  တွန်းကန်နေလျင်   အချင်းချင်း စုစည်းမှုမဖြစ်နိုင် ။ သို့ သော် နယူကလိယထဲတွင် စုဝေးနေကြသည် ။ အဘယ့်ကြောင့်ပါနည်း ……??? အဖြေက ရှင်းပါသည် ။ ဓာတ်ဖိုအချင်းချင်း  တွန်းကန်သည့် အားထက်  ပိုကြီးသော      ဆွဲငင်အားကြီးတခု
ကြောင့်   ပရိုတွန်များ   စုဝေး     နေကြခြင်းဖြစ်ပါသည်။  လျှပ်စစ်ဓာတ်-မရှိသော  နယူထွန်များ
လည်းပါဝင်နေကြသည် ။ နယူထွန် အချင်းချင်းလည်း ဆွဲငင်စုဝေးနေကြသည်။ပရိုတွန်(ဓာတ်ဖို)
နှင့် နယူထွန် (ဓာတ်မဲ့)  အချင်းချင်းလဲ  ဆွဲငင်   စုဝေးနေကြသည်။     ထိုသို့ ဖြစ်ပေါ်နေသော
ဆွဲငင်အားကြီးသည်  လျှပ်စစ်ဓာတ်ပေါ်တွင်  မှီခိုမှုမရှိသည်မှာ  သေချာနေပြီ။    နယူကလိယ 
အဖြစ်  တည်ရှိရန်  ပရိုတွန်နှင့် နယူထွန်များကို   စုစည်းပေးသော  အားကို    အနုမြူဆွဲအား  ဟု
(Nuclear force) သတ်မှတ်ရပေမည် ။     အနုမြူဆွဲအား   ဖြစ်ပေါ်နိုင်မည့်  စွမ်းအင်ကို  အနုမြူ
စည်းနှောင်စွမ်းအင် (Nuclear Binding Energy) ခေါ်သည် ။
                  ဥပမာ -ကာဗွန်-အက်တမ်တခုကို  လေ့လာကြည့်ပါမည် ။     ကာဗွန်အက်တမ်တွင်
ပရိုတွန် (၆) လုံး  ပါဝင်သောကြောင့်  အက်တမ်အမှတ်စဉ်အရ   Z=6  ဖြစ်မည်။ ပရိုတွန်  (၆)လုံး  ရှိသောကြောင့်   အီလက်ထွန်လည်း  (၆)  လုံးရှိသည်။   ယခု လေ့လာနေသော  ကာဗွန်
အက်တမ်တွင်  နယူထွန်လည်း (၆)လုံးရှိသည် ။ကာဗွန်အက်တမ်ကို သင်္ကေတဖြင့်ဖေါ်ပြသော် -     
                          6C12        
 (mass number )    A =12 
(atomic number)   Z = 6    
(neutron number) A-Z =12- 6=6 
              နယူကလိယထဲတွင်   ပရိုတွန် ၆လုံး ၊နယူထွန် ၆လုံး ၊ စုစုပေါင်း ၁၂လုံးပါဝင်သည် ။  
၎င်း ပရိုတွန်နှင့်နယူထွန်များကို  နယူကလီယအတွင်း ရှိနေသောကြောင့်    နမ်စားအမည်တခု
ကို  သတ်မှတ်ရာ  နယူကလီယွန်များ (Nucleons) ဟုအမည်တွင်သည်။   နယူကလီယွန်  ဟု
ဆိုလျှင်  နယူကလီယအတွင်းရှိ   ပရိုတွန် (သို့ ) နယူထွန်တလုံးကို   ကိုယ်စားပြုသည်။  ယခု
ကာဗွန်-နယူကလိယတွင်   နယူကလီယွန် ၁၂ လုံးပါဝင်သည်ဟုဖေါ်ပြနိုင်သည် ။
             လေ့လာနေသော   ကာဗွန်-နယူကလိယ၏   ဒြပ်ထုတန်ဖိုးကို  တိုင်းတာ ကြည့်ပါဦး
မည်။   ပထမနည်း။   ။နယူကလီယွန် ၁၂ လုံးတွင် ၊တလုံးစီ၏ဒြပ်ထုကိုတွက်ချက်ပြီး  အားလုံး
ပေါင်းလဒ်တန်ဖိုးသည်  နယူကလိယတခုလုံ၏  ဒြပ်ထုဖြစ်ပေမည်။(Mass of Nucleus) ။
 နောက်တနည်း  ။      ။နယူကလိယတခုလုံးကို    (တစ်ကြိမ်ထဲ) တိုင်းတာကြည့်လျှင်
လည်း ဒြပ်ထုတန်ဖိုး (Mass of Nucleus)ကို ရမည်။သို့ သော်   တကယ်လက်တွေ့  တိုင်းတာ
ကြည့်သောအခါ နယူကလိယကို  တစ်ကြိမ်တည်းတိုင်း၍ရသော  ဒြပ်ထုသည် ၊နယူကလီယွန်
 (၁၂) လုံးကို  အကြိမ်ကြိမ်ခွဲကာ တိုင်းတာ၍ရသော ဒြပ်ထုထက် သေးငယ်နေကြာင်း တွေ့ ရ
မည်။  (ဤဖြစ်ရပ်ကို     နားမလည်ပါက   ဥပမာ-ဇတ်လမ်းတခုဖြင့်   ရှင်းပြပါဦးမည် ။)
            ((((….ဖီးကျူသည်  ငယ်စဉ်ကလူပျင်းကလေးတယောက်ဖြစ်၏ ။နံနက်စောစောတွင် 
အိပ်ယာထလေ့မရှိ ။ အမေ (သို့ ) အဖေ   လာနိုးမှ   ပျင်းကြောဆွဲပြီး    အိပ်ယာထလေ့ရှိ၏ ။
သို့ သော်  အိပ်ယာမထခင်  “အမေ ….ထမင်းကျက်ပြီလား”ဟု  အမြဲမေးတတ်သည်။  ထိုအခါ
ချစ်စွာသော  အမေက ညက  ကျန်သောထမင်းကို  ကဗျာကယာ  ကြော်ပေးလေ့ရှိသည်။
အငွေ့ တထောင်းထောင်းဖြင့်  အဆင်သင့်ခူးခပ်ပြီးမှ  ဖီးကျူ  အမြဲအိပ်ယာထ၏ ။ တနေ့ တွင်
ထူးထူးခြားခြား  အစောကြီးနိုးနေသည် ။   စောစော  အိပ်ယာထသောနေ့ မှ   ညစာထမင်းက
လက်ကျန်မရှိ ။  ထို့ ကြောင့်   အမေ  နံနက်စာချက်တာကို  စောင့်ရသေးသည် ။ ထမင်းကျက်
သော်လည်း  ဈေးမသွားရသေး ။ထို့ ကြောင့် ဟင်းကမရှိ။တခြားသူတွေလို  လက်ဖက်ရည်နှင့်
မုန့် စားတာကိုလည်း   မတင်းတိမ်။  နံနက်စောစော   ထမင်းစားလိုက်ရမှ   အားရကျေနပ်၏ ။
ထိုအချိန်တွင်အိမ်ရှေ့ မှ   ပဲပြုတ်သည်တယောက် သံကုန်ဟစ်ကျူးလိုက်ရာ  ပဲပြုတ်နှင့်ထမင်း
စားရန်  အကြံရသွား၏။စားတော်ပဲပြုတ်နှင့်ထမင်းဆီဆမ်းစားတာကို  အလွန်ကြိုက်တာကိုးဗျ။
            ဒီလိုနဲ့   အိမ်ရှေ့ ထွက်ပြီး  ပဲပြုတ်သည်ကို  လှမ်းခေါ်လိုက်တယ် ။လာပါဦးပေါ့…ဗျာ။
ဒါနဲ့  စားတော်ပဲပြုတ်   နှစ်ဆယ်သား  ပေးပါဆိုပြီးပြောလိုက်တော့….. ပဲပြုတ်သည်က  ကျွတ်
ကျွတ်အိပ်ထဲထည့်ပီး   ချိန်ခွင်ထဲမှာ  နှစ်ဆယ်သားချိန်ပေးပါတယ် ။ဖီးကျူ  ပဲပြုတ်ဝယ်နေတုံး
ဘေးအိမ်က  ကောင်မလေးတယောက် ကလည်း  လာဝယ်တယ် ။သူမက  ပဲပြုတ်  တစ်ဆယ်
သား  ပေးပါဆိုပြီးဝယ်တယ် ။ ဖီးကျူလား   ပြန်အမ်းငွေ မရသေးလို့  စောင့်နေတာပါ ။ကောင်
မလေးကို ငမ်းချင်လို့ မဟုတ်ပါဘူး ။ ကောင်မလေးက  ပဲပြုတ်တဆယ်သား ဝယ်တယ်။ လက်
တဖက်က  ကိုင်ထားတယ် ။ပြီးတော့   နောက်ထပ် တစ်ဆယ်သားပေးပါတဲ့။သြော်…ဈေးသည်
ကို   အလုပ်ရှုတ်အောင် လုပ်တဲ့.... သူကလေးပါလား   လို့  ထင်လိုက်မိပါတယ်။ ပဲပြုတ်သည် 
ထွက်သွားတော့ ဖီးကျူ…..လျှာရှည်ပြီး  ကောင်မလေးကို မေးကြည့်တယ်။ ဘာဖြစ်လို့  ပဲပြုတ်
ကို  နှစ်ဆယ်သား (တစ်ခါထဲ )မဝယ်ဘဲ။တစ်ဆယ်သား၊ နှစ်ကြိမ်ခွဲဝယ်တာလဲလို့ မေးတယ်။
            ကိုဖီးကျူ  ဘာသိလို့ တုံး  တစ်ဆယ်သား  နှစ်ခါဝယ်တော့  ပိုရတယ်။ နှစ်ဆယ်သား
ဝယ်ထားတဲ့ဟာနဲ့   ယှဉ်ကြည့်ပါလားတဲ့……။ဟိုက်…. ..တယ်တော်တဲ့   ကောင်မလေးပါလား
အဲဒါကြောင့် မိန်ကလေးတွေ  ဈေးဝယ်တတ်တယ်လို့ ပြောတာပေါ့ ။      ဟုတ်တယ်…သူမရဲ့
ဝယ်တာချင်းတူတူ  သူမကျတော့  ပိုရတယ် ။အဲတာ……….ဘာကြောင့်လဲ ဆိုတော့  အဖြေက
ရှင်းပါတယ်…။ပဲပြုတ်သည်….အလေးခိုး လို့ ပေါ့ဗျာ ။…..)))
                 ကဲ…….လေ့လာနေတဲ့  ကာဗွန်နယူကလိယကို  ကြည့်ကြဦးစို့ ။ နယူကလိယကို
တကြိမ်တည်း  ချိန်ကြည့်တော့  ဒြပ်ထုကနည်းနေတယ်။  နယူကလီယွန်   တစ်လုံးစီကို ချိန်ပြီး  
အားလုံးပေါင်းကြည့်တော့ ဒြပ်ထုက   များနေတယ် ။    နယူကလိယ   တခုထည်းတွင် ဒြပ်ထု
ဒါဆို… ……….ဘယ်သူက……………… အလေးခိုးလိုက်တာလဲ………………………….…….???
(ဖီးကျူ ပဲပြုတ်နှစ်ဆယ်သား ဝယ်တုံးက ပဲပြုတ်သည်က အလေးခိုးသွားတယ်… ဗျ )။ 
မတူညီတဲ့  ဒြပ်ထုခြားနားခြင်းကို ဒီလိုရေးပြမယ်ဗျာ…………………….။
 ကွာဟနေသော    =  [ ပရိုတွန်အားလုံး၏ +နယူထွန်အားလုံး၏ ] – နယူကလိယတခုလုံး၏
       ဒြပ်ထု                        ဒြပ်ထု                   ဒြပ်ထု                          ဒြပ်ထု
     ∆M        =     ∑ (Mp       +     Mn )        -  Mnucleus
(Mass Difference )         (sum of mass of nucleons)             (Mass of nucleus)
         နယူကလိယ၏ဒြပ်ထုသည်  နယူကလီယွန်များ ဒြပ်ထုအားလုံးပေါင်းထက် လျော့နည်း
နေတာကို  တွေရသည်။  အဲသလို……လျော့နည်သွားတာ  ဘယ်သူကမှလာပြီး အလေးမခိုးပါ
ဘူးတဲ့ဗျာ ။  နယူကလီယွန်အားလုံး (ပရိုတွန်နှင့်နယူထွန်များ)ကို   နယူကလိယအဖြစ်  စုဝေး
နေနိုင်ဖို့   စည်းနှောင်ထားတဲ့စွမ်းအင်တခုရှိပါတယ် ။အဲဒီ  စည်းနှောင်စွမ်းအင်ဟာ လျော့နည်း
သွားတဲ့  ဒြပ်ထုကနေ  အသွင်ပြောင်းလာခြင်း   ဖြစ်ပါတယ် ။   ဒြပ်ထုကနေ     စွမ်းအင်အဖြစ် 
အသွင်ပြောင်းလာခြင်းဆိုတာ   အိုင်စတိုင်းရဲ့    သီအိုရီတခုပါ ။ (mass-energy  relation)
                                     E=mc2
                                     E=စွမ်းအင်
                                             M=ဒြပ်ထု
                                            C2 =ကိန်းသေတန်ဖိုး(3*108)2
               နယူကလိယတခု၏ စည်းနှောင်စွမ်းအင်ပမာဏကို  သိလိုပါက….လျော့နည်းသွား
သည့်   ဒြပ်ထုကို   အိုင်စတိုင်း၏သီအိုရီ  ညီမျှခြင်းမှာ ထည့်ပြီး   တွက်နိုင်ပါသည်။  ဒီလိုဗျ-
                                E=∆M C2
              ကဲဒီတော့… နယူကလိယတခု၏    စည်းနှောင်စွမ်းအင်ကို     တွက်ယူလို့ ရပါပြီ။    
ပရိုတွန်နှင့်  နယူထွန်များလေလေ     စည်းနှောင်စွမ်းအင်လည်း    များလေလေ ဖြစ်ပါတယ် ။
ဒီနေရာမှာ  ပရိုတွန်အရေအတွက်  အက်တမ်  အမျိုးစားအလိုက်  ပါဝင်နေပေမယ့် ၊  နယူထွန်
အရေအတွက်ကတော့  များချင်လည်း      များနေတတ်ပါတယ် ။  နယူထွန်     ပိုများလေလေ
စည်းနှောင်စွမ်းအင်ကြီးမားလေလေပါပဲ ။    စည်းနှောင်စွမ်းအင်ကြီးမားတဲ့    အက်တမ်များမှာ
ယူရေနီယံ (92U238   :U235 :U233)  ၊ ပလူတိုနီယံ (94 Pu239 :Pu242:Pu244)….စသည်တို့ 
ဖြစ်ပါတယ် ။
အက်တမ်တလုံး၏ဖြတ်ပိုင်းပုံ
                ပရိုတွန်နှင့် နယူထွန်များလေလေ   နယူကလိယ၏   စည်းနှောင်စွမ်းအင်ပမာဏ
ကြီးမားလေလေ  ဖြစ်ပါတယ်။ ………နောက်တမျိုး ……..စဉ်းစားကြည့်ရအောင်ဗျာ…………….
အဲဒီလို   စည်းနှောင်စွမ်းအင်ကြီးမားတဲ့  နယူကလိယတခုကို  တစစီပြိုကွဲသွားအောင် ခွဲထုတ်
လိုက်ရင်   စည်းနှောင်စွမ်းအင်ကြီးဟာ  အပြင်ကိုထွက်လာပါလိမ့်မယ်။   ( အပူစွမ်းအင်အဖြစ်
သော်လည်းကောင်း ၊ ရေဒီယိုသတ္တိရောင်ခြည်များ အဖြစ်သော်လည်းကောင်း ထွက်လာပါလိမ့်
မည်။)အိုင်စတိုင်း သီအိုရီဖြင့်    တွက်ယူထားသော   စည်းနှောင်စွမ်းအင်သည်   နယူကလိယ 
ပြိုကွဲသွားခဲ့လျှင်ထွက်လာမည့် စွမ်းအင်များဖြစ်ပါသည် ။ထိုကဲ့သို့ ထွက်လာသော  စွမ်းအင်ကို 
အနုမြူ-စွမ်းအင်လို့   ခေါ်ပါတယ်။
အိုင်စတိုင်း၏      ဒြပ်ထု-စွမ်းအင်   ညီမျှခြင်း ((mass-energy  relation))     E=mc2     ဖြင့်  
အနုမြူစွမ်းအင်ကို တွက်ထုတ်ယူနိုင်သောကြောင့် အနုမြူဖခင်ကြီးဟု တကမ္ဘာလုံးက  ခေါ်ဝေါ်
နေကြခြင်းဖြစ်ပါသည် ။
……………………………………………………………………………………………………………………
                    ဤတင်ပြချက်များသည်    အနုမြူစွမ်းအင်၏  အခြေခံ သဘောတရားများဖြစ်
ပါသည်။ အနုမြူစွမ်းအင်များ  ရရှိရန်ကား    နည်းပညာများ   တတ်မြောက်ထားရန်  လိုအပ်ပါ
သည် ။ မရှင်းလင်းသော  ၊မှားယွင်းသော   အချက်လက်များရှိပါက  ဖီးကျူထံသို့   ဆက်သွယ်
ကူညီပေးပါ…..ခင်ဗျား ။
အနုမြူရူပဗေဒ (မြန်မာဖတ်စာအုပ်)
            ကျွန်တော်ဆီမှာရှိတဲ့ အနုမြူရူပဗေဒစာအုပ်တွေထဲက မြန်မာဘာသာဖြင့်ရေးသားထားသည့် တခုတည်းသော  စာအုပ်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင...