Mar 26, 2011

အနုမြူရူပဗေဒ (မြန်မာဖတ်စာအုပ်)



           ကျွန်တော်ဆီမှာရှိတဲ့ အနုမြူရူပဗေဒစာအုပ်တွေထဲက မြန်မာဘာသာဖြင့်ရေးသားထားသည့် တခုတည်းသော  စာအုပ်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀)လောက်က သိပ္ပံဘာသာရပ်ကို မြန်မာဘာသာဖြင့်
ပြဌာန်းခဲ့စဉ်အချိန်က စတုထ္ထနှစ်( နယူကလီယ ရူပဗေဒ)ဖတ်စာအုပ်ဖြစ်ပါတယ်။
ရူပဗေဒဘာသာရပ်ကို စိတ်ဝင်စားသူများအတွက် အတိုင်းတာတခုတော့ အသုံးဝင်ပါလိမ့်မယ်။ ဖတ်ကြည့်ချင်တယ်ဆိုရင်တော့  အောက်မှာ ဒေါင်းလုယူနိုင်ပါပြီခင်ဗျာ …………

http://www.mediafire.com/?u926od1uw6c9c56
OR 
http://ifile.it/bl0s5a1

Mar 8, 2011

မော်နီတာ Screen ပေါ်မှာ ဓာတ်ပုံနှင့် ဗွီဒီယိုရိုက်မယ်



ဘလော့ကြွလာ  မိတ်ဆွေများအားလုံး   မင်္ဂလာပါခင်ဗျာ
       ဖီးကျူဘလော့မှာ ခေါင်းစဉ်တခုတိုးပြီး  အသုံးဝင်မည့် ဆော့ဝဲနဲ့စာအုပ်များကို  တင်ပေးဖို့စိတ်ကူးမိ ပါတယ်။ အခုတော့ ဆော့ဝဲတခုကိုမျှဝေလိုက်ပါတယ်။ အရင်ကတော့ ဆိုရှယ်နက်ဝပ်တွေမှာ တင်ပေးခဲ့ဘူးပေမဲ့  ဖီးကျူဘလော့မှာတော့  အခုမှပဲမျှဝေလိုက်တာပါ။ဘလော့ဂါတွေအတွက် အသုံးဝင်မည့် ဆော့ဝဲတခုပါ။ ပြီးတော့  ကော်ပီ Copy ပိတ်ထားတဲ့  ဘလော့တွေမှာ စာဖတ်သူအနေနဲ့  စာတွေကို အလွယ်တကူ သိမ်းထားချင်တယ် ဆိုရင်လည်းအဆင်ပြေပါလိမ့်မယ်။
       ကွန်ပျူတာ  screen  ပေါ်မှာ   ရှိသမျှပုံတွေ ၊စာတွေကို  ဓာတ်ပုံအဖြစ်  လိုအပ်သလိုရိုက်ယူနိုင်သလို ဓာတ်ပုံသာမကပဲ  ဗွီဒီယိုဖိုင်အဖြစ်ပါ   recording ရက်ကော့ဒင်းလုပ်ပေးနိုင်ပါတယ်။ လိုအပ်ရင်တော့  အောက်မှာဒေါင်းယူပါ ။ 1.66 MB ပဲရှိပါတယ်။
http://www.mediafire.com/?db5hoj3ub2q5hbs

OR 
http://ifile.it/4lzoj6a
   (ပေးထားတဲ့ လင့် ၂ခုလုံး ဒေါင်းလို့အဆင်မပြေဘူးဆိုရင်  အီးမေးထဲကနေပို့ပေးပါမယ်) 

ဆော့ဝဲဖိုင်ကို   ထုတ်ယူပြီးရင်    RUN ရမ်းစရာမလိုပါဘူး ။ Portable ဖိုင်ဖြစ်တာကြောင့်   memory မန်မိုရီစတစ်ထဲမှာ ထည့်ယူသွားလို့ရပါတယ်။ ဆော့ဝဲဖိုင်ကိုဖွင့်လိုက်ရင်   အစိမ်းရောင်နှင့် အနီရောင် ကြက်ခြေခတ်ပုံ FSCapture ဆိုတာကို   double click နှစ်ချက် ကလစ်လုပ်လိုက်ပါ ။ စက်ခရင်ပေါ်မှာ  အောက်ပါပုံအတိုင်းပေါ်လာမယ်။

အထက်ပါပုံအတိုင်းကြည့်ပါ 
-  မျှားနံပါတ်(၁) ကို   ကလစ်လုပ်လိုက်ရင်  စက်ခရင်ပေါ်မှာဖွင့်ထားတဲ့    ဝင်းဒိုးဘောက်ကို   ဓာတ်ပုံရိုက်ပြီးသားရပါလိမ့်မယ်။
-  မျှားနံပါတ်(၂)ကို    ကလစ်လုပ်လိုက်ရင်  မိမိလိုချင်တဲ့  ဝင်ဒိုးဘောက်ပေါ်မှာ ဓာတ်ပုံရိုက်ပြီးသားရပါလိမ့်မယ်။
- မျှားနံပါတ်(၃)ကို   ကလစ်လုပ်လိုက်ရင်   စက်ခရင်ပေါ်က   မိမိအလိုရှိရာ နေရာက စပြီးတော့   ကြိုက်သလိုဆွဲယူပြီး  ဓာတ်ပုံရိုက်ယူနိုင်ပါတယ်။ ( ဒီနည်းကို   အသုံးများပါတယ် )
-  မျှားနံပါတ်(၄)ကို  ကလစ်လုပ်လိုက်ရင်   စက်ခရင်တခုလုံးကို  ဓာတ်ပုံရိုက်ပြီးသားရပါလိမ့်မယ်။
- မျှားနံပါတ်(၅)ကို   ကလစ်လုပ်လိုက်ရင်  Firefox မှာဖွင့်ထားတဲ့  ဘလော့စာမျက်နှာတခုလုံးကို 
  Scroll bar ဆွဲစရာမလိုပဲ   အောက်ဆုံးထိဓာတ်ပုံရိုက်ပြီးသားရပါလိမ့်မယ်။
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
-  မျှားနံပါတ်(၆)ကတော့  ဗီဒီယိုဖိုင်  ရီကောဒင်းဖြစ်ပါတယ်။ VZO / skype / Video chat  စက်ခရင်ပေါ်မှာ   ဗွီဒီယို -chat အားလုံးကို  ဖမ်းယူနိုင်ပါတယ်။ 
အဲဒီမျှားနံပါတ် (၆)ကို  နှိပ်လိုက်ရင်  အောက်ပါပုံအတိုင်းပေါ်လာမယ်။

မိမိလိုချင်တဲ့  နေရာကိုပဲရွေးပြီး  မှတ်တမ်းတင်ချင်လို့ Rectangular Area ကိုပဲ ရွေးထားပါတယ်။အနီရောင်နဲ့  Record  ဆိုတာကို နှိပ်ပြီး   ကြိုက်တဲ့နေရာကိုရွေးပါ။ Start  ဆိုတာလုပ်လိုက်ရင်   မှတ်တမ်းတင်နေပြီပေါ့ဗျာ။ ပြီးတော့မယ်ဆိုရင်တော့   Stop ဘေးမှာ အနက်ရောင်အကွက်လေးကို  နှိပ်လိုက်ရုံပဲ။ အဲတာဆိုရင် ဘေးမသီရန်မခပဲ  ဗွီဒီယိုဖိုင်တခု  မှတ်တမ်းတင်ပြီးသွားဘီပေါ့ဗျာ။ ရလာတဲ့ဖိုင်ဆိုဒ်က ကြီးနေမယ်ဆိုရင်တော့ ကွန်ဗာတာတခုခုနဲ့ ပြောင်းလိုက်မယ်ဆိုရင် အဆင်ပြေပါလိမ့်မယ်။ အသံပိုင်းဆိုင်ရာဖြစ်ဖြစ်  လိုအပ်တာအားလုံးကို   Options မှာ ဝင်ပြီးတော့  ကြိုက်သလိုပြောင်းနိုင်ပါတယ်။
- မျှားနံပါတ်(၇)ကတော့   တခြားမဟုတ်ပါဘူး။ အပေါ်က  ဓာတ်ပုံရိုက်တာတွေကို  ဘယ်လိုဖိုင်နဲ့ သိမ်းထားချင်လည်း   ဆိုတာရွေးခိုင်းတာပါ။  To Editor  ကိုရွေးပြီး    SAVE ဆေ့လုပ်လိုက်တာ အလွယ်ကူဆုံးပေါ့ဗျာ။ Save လုပ်တဲ့အခါ JPEG Format  ကိုရွေးလိုက်ပါ။
- ကျန်တာတွေကတော့   ဉာဏ်ရှိသလို အသုံးပြုကြပေတော့ဗျာ   .....................

Mar 3, 2011

ရူလေဆာ- သုတေသနစာတမ်း (၁)


ပဗေဒ ဘလော့ကိုရေးသားလျှက်ရှိသော ကျွန်ပ်-ဖီးကျူသည် လေဆာရုူ့ပဗေဒကို လေ့လာသင်ယူနေဆဲဖြစ်၏့လေဆာဖြင့် စမ်းသပ် တည်ဆောက်ခြင်းကို ( Project) လေ့လာပြီးနောက် သုတေသန စာတမ်းတစ်စောင်ကို ရေးသားပြုစုရမည်ဖြစ်သည်။သုတေသနစာတမ်းတွင်ပါဝင်သော အဖွင့်နိဒါန်းအပိုင်းကို မြန်မာဘာသာသို့တိုက်ရိုက်ပြန်ဆိုကာ ပိုစ့်အဖြစ်တင်ပြလိုက်ခြင်းဖြစ်သည်။

လေဆာ- သုတေသနစာတမ်း ( အဖွင့်နိဒါန်း)

ကမ္ဘာနိုင်ငံများနှင့်ရှရှားနိုင်ငံသည် သဘာဝပတ်ဝန်းကျင်လေထုညစ်ညမ်းမှု ပြသနာများကို စူစမ်းလေ့လာ နေကြသည်မှာ မကြာသေးမီ နှစ်များကတည်းကဖြစ်သည်။ အထူးသဖြင့် ကမ္ဘာလေထုအခြေအနေကို စောင့်ကြည့် လေ့လာခဲ့ကြသည်။ စက်ရုံများမှထွက်လာသော (ဖလိုရင်း ၊ ကလိုရင်း၊ ဟိုက်ဒရိုကာဗွန် )စသည့် ဓာတ်ငွေ့မျိုးစုံသည် လေထုထဲတွင် အိုဖုန်းလွှာကိုပျက်စီးစေနိုင်ကြောင်းတွေ့ရသည်။ ထို့ပြင် (dioxins)ကဲ့သို့ (စက်မှုနှင့်စိုက်ပျိုးရေးသုံး) အဆိပ်ဖြစ်စေနိုင်သော ဓာတုပစ္စည်းများ မီးလောင်ကျွမ်းခြင်းမှ အဆိပ်ငွေ့များထွက်နိုင်ကြောင်းတွေ့ရသည်။လေထုညစ်ညမ်းမှုကို ဖြစ်စေသော ပင်ရင်းဧရိယာအကျယ်အဝန်းမှာ ကြီးမားကျယ်ပြန်လှသောကြောင့် ခက်ခဲသောနည်းပညာ ပြသနာများဖြင့် ရင်ဆိုင်ကြရသည်။ လေထုထဲတွင် ဓာတုဗေဒဓာတ်ပေါင်းများ ပါဝင်မှုကို အဝေးထိန်းစနစ်ဖြင့်လေ့လာနိုင်ရန် ရွှေ့ပြောင်းနိုင်သော (မော်တော်ကားတွင် တပ်ဆင်ခြင်း) ကိရိယာများကို စမ်းသပ် လုပ်ကိုင်ခဲ့ကြသည်။ ၎င်းစမ်းသပ်ကိရိယာများသည် လေဆာရောင်ခြည်ကို အသုံးပြုတည်ဆောက်ထားခြင်း ဖြစ်ပြီး ၊လေယာဉ်ပျံများနှင့် အာကာသယာဉ်များတွင် တပ်ဆင်အသုံးပြုနိုင်သည်။


ရဒါစခန်းတွင် လီဒါကိရိယာဖြင့်တည်ဆောက်ထားပုံ

ပတ်ဝန်းကျင်လေထုအခြေအနေ စမ်းသပ်လေ့လာခြင်းများတွင် လေဆာရောင်ခြည်နည်းပညာကို အသုံးပြု၍ စမ်းသပ်လုပ်ကိုင်ခဲ့ကြသည်။မျက်မှောက်ခေတ် တွင် လေဆာရောင်ခြည်ကိရိယာ အမျိုးမျိုးကိုလည်း တီထွင်ထုတ်လုပ်နိုင်ပြီဖြစ်သည်။ လေထုထဲရှိဓာတ်ငွေ့များနှင့် လေဆာရောင်ခြည်တို့ထိတွေ့ခြင်းဖြင့် တုန့်ပြန်မှု (interaction) များဖြစ်ပွါးခြင်းကိုအခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းစမ်းသပ်ကိရိယာကို ( LIDAR ) လီဒါ ဟုခေါ်သည်။


LIDAR (Light Detector And Ranging ) လီဒါ ဆိုသည်မှာ လေထုထဲတွင် အဝေးထိန်းစနစ်ဖြင့် တိုင်းတာနိုင်သော ကိရိယာတမျိုးဖြစ်သည်။ အမိုးနီးယား ( NH3 ) နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2) ဓာတ်ငွေ့များပါဝင်သော လေဆာရောင်ခြည်ကိရိယာဖြင့် LIDAR ကို တည်ဆောက်ထားသည်။ လေဆာရောင်ခြည်၏ လှိုင်းအလျားမှာ 9 -13.5 µm ( မိုက်ခရိုမီတာ) ဖြစ်သည်။ လေထုထဲတွင်ပျံ့နှံ့နေသော ဓာတ်ရောင်ခြည်များ ပါဝင်မှုကို LIDAR ကိရိယာဖြင့် စမ်းသပ်ဖေါ်ထုတ်နိုင်သည်။ လေထုအတွင်း အန္တရယ်ဖြစ်စေသော ဓာတ်ရောင်ခြည်ပါဝင်မှု ၊ အဆိပ်ဓာတ်ငွေ့များပါဝင်မှု၊ မော်လီကျူးများ တွင် ကာဗွန်- ကလိုရင်း ( C-CL) ပါဝင်မှုအချိုးကိုလည်း LIDAR လီဒါ ကိရိယာဖြင့် စမ်းသပ်ဖေါ်ထုတ်နိုင်သည်။ ထို့ပြင် ရေဒီယိုစခန်းများတွင် ရေဒါအစား ခေတ်မှီသော လီဒါကိရိယာများကို အစားထိုးအသုံးလာကြသည်။


LIDAR လီဒါကိရိယာတွင် ကြိမ်နှုန်း( Frequency) နှစ်မျိုးပါဝင်သော ရောင်ခြည်စုပ်ယူခြင်း (two-frequency absorption spectroscopy) နိယာမကို အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်။ ကြိမ်နှုန်းနှစ်မျိုး ရောင်ခြည်စုပ်ယူခြင်းနည်းပညာသည် လေထုထဲတွင်ရှိသော လှိုင်းအလျား( wavelength) နှစ်မျိုးပါသည့် လေဆာရောင်ခြည်များ၏ (attenuation)လျော့ကျပြောင်းလဲမှုကို တိုင်းတာခြင်းဖြစ်သည်။ လှိုင်းအလျားနှစ်ခု တွင် ပထမတမျိုးသည် လေထုညစ်ညမ်းစေသော မော်လီကျူးကစုပ်ယူပြီး ပြန်ထွက်လာသော်လည်း မူလအတိုင်းပြောင်းလဲမှုမရှိ။ ဒုတိယလှိုင်းအလျားသည် လေထုညစ်ညမ်းစေသော မော်လီကျူးကစုပ်ယူပြီး ပြန်ထွက်လာသော် မူလအတိုင်း မဟုတ်ဘဲပြောင်းလဲမှုဖြစ်ပွါးသည်။


ထိုပြောင်းလဲသွားသော လေဆာရောင်ခြည်၏ လှိုင်းအလျားကို ပြန်လည်တိုင်းတာခြင်းဖြင့် လေထုအခြေအနေ ကို စမ်းသပ်လေ့လာခြင်းဖြစ်သည်။ ဤနည်းဖြင့် လေထုညစ်ညမ်းမှုသိပ်သည်းဆကို တိုင်းတာနိုင်သည်။ တိုင်းတာ၍ရရှိလာသော လေဆာရောင်ခြည်လှိုင်းများကို ကွန်ပျူတာတွင် ရောင်စဉ်ပုံရိပ်များ"spectral portraits” အဖြစ်မြင်တွေ့နိုင်ပြီး ၊ဓာတုပါဝင်မှု စံနုန်းသတ်မှတ်ချက်များဖြင့် နှိုင်းယှဉ်ကာ သုတေသန ပြုလုပ်ခြင်းဖြစ်သည်။



လေထုအခြေအနေကို တိုင်းတာသော လေဆာရောင်ခြည်၏ လှိုင်းအလျားသတ်မှတ်နှုန်းသည် အရေးကြီးဆုံး ဖြစ်၏ လေဆာရောင်ခြည်၏လှိုင်းအလျားသည် အနီအောက်ရောင်ခြည်လိုင်းအလျားနီးပါးခန့်ရှိပြီး သတ်မှတ်ထားသော တန်ဖိုးမှာ (1-20 microns) 1မှ 20 မိုက်ခရိုမီတာ အထိဖြစ်သည်။လေထုထဲတွင်ရှိသော ရေငွေ့နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များသည် လေဆာရောင်ခြည်ကို ပြောင်းလဲခြင်းမရှိနိုင်ပေ။ လေဆာရောင်ခြည်လှိုင်းအလျားများအလိုက် ဖေါက်ထွင်းမှုအပေါက် ("transparency windows") ကို သတ်မှတ်ထားခြင်းဖြစ်သည်။ အနီအောက်ရောင်ခြည်၏ ဖေါက်ထွင်းမှုအပေါက် လှိုင်းအလျားမှာ တို့ဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ( CO2) လေဆာရောင်ခြည်၏ ဖေါက်ထွင်းမှုအပေါက် လှိုင်းအလျားမှာ (9-11 microns) ဖြစ်သည်။ အမိုးနီးယား ( NH3) လေဆာရောင်ခြည်၏ ဖေါက်ထွင်းမှုအပေါက် လှိုင်းအလျားမှာ ( 11-13.3 m) ဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်လေဆာနှင့် အမိုးနီးယားလေဆာ ပင်ရင်းများကိုအသုံးပြု၍ LIDAR လီဒါတခုကိုတည်ဆောက်ခြင်းဖြစ်သည်။ လီဒါ၏ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်တခုမှာ ကြီးမားကျယ်ပြန့်သောလေထုဧရိယာများကို သီးခြားခွဲထုတ်စမ်းသပ်လေ့လာနိုင် ်ခြင်းဖြစ်သည်။

စက်ရုံများ၏လေထုညစ်ညမ်းမှုကို လီဒါဖြင့် စမ်းသပ်နေပုံ


ဤနည်းအတိုင်း ရွှေ့လျားနိုင်သော( သင်္ဘောနှင့်ဘတ်စကားများတွင်တပ်ဆင်နိုင်သော) ကြိမ်နှုန်းနှစ်ခု-လီဒါတစနစ်(dual-frequency lidar systems) ကို တည်ဆောက်ရာတွင် ထုတ်လွတ်ရောင်စဉ် လှိုင်းအလျားနယ်မှာ ( 9- 13.5 mm)ဖြစ်သည်။ ၎င်းရောင်စဉ်လှိုင်းကို လေထုပတ်ဝန်းကျင်ထဲရှိ အန္တရာယ် ရှိနိုင်သော အရာဝထ္ထုများကိုစုပ်ယူစေခြင်းဖြစ်သည်။ ယခုစမ်းသပ်လုပ်ဆောင်ချက်သည် အလွန်အရေးကြီးသော လုပ်ငန်းတခု ဖြစ်ကြောင်းတွေ့ရသည်။



လက်တွေ့စမ်းသပ်တည်ဆောက်ခြင်း၏ရည်ရွယ်ချက်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့်အမိုးနီးယားဓာတ်ငွေ့များပေါင်းစပ်၍ ဓာတ်ငွေ့စနစ်ဖြင့်ပြုလုပ်သော လီဒါတခုကို(mobile NH3 - CO2 lidar)လက်တွေ့စမ်းသပ် တည်ဆောက်ခြင်းဖြစ်ပါသည်။

အနုမြူရူပဗေဒ (မြန်မာဖတ်စာအုပ်)

            ကျွန်တော်ဆီမှာရှိတဲ့ အနုမြူရူပဗေဒစာအုပ်တွေထဲက မြန်မာဘာသာဖြင့်ရေးသားထားသည့် တခုတည်းသော  စာအုပ်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင...