ရူပဗေဒ၏ အဓိပ္ပါယ်ကို မြန်မာလို တိုက်ရိုက်ဖွင့်ဆိုပါက (ရူပ=ရုပ်ဝထ္ထု၊ ဗေဒ=ခွဲခြမ်း စိတ်ဖြာသောပညာ) ရုပ်ဝထ္ထုများကိုခွဲခြမ်းစိတ်ဖြာ၍ လေ့လာသော ပညာရပ်ဟု ဆိုလိုပါသည်။ ရှေးယခင်က “သဘာဝဝထ္ထပညာ” ဟုခေါ်ဆိုခဲ့ကြသည်။တနည်းအားဖြင့် သဘာဝသိပ္ပံပညာ ဖြစ်သည်။အင်္ဂလိပ်ဘာသာဖြင့် PHYSICS ဝေါဟာရသည် ဂရိဘာသာစကားမှ ဆင်းသက်လာ ပြီး (Nature)သဘာဝ ဟုအဓိပ္ပါယ်ရသည်။ ရှေးယခင်က Natural Philosophy ဟုခေါ်ဝေါ် ခဲ့ကြရာမှ PHYSICS ဟူသော ဝေါဟာရ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည် ။ထို့ကြောင့် ရူပဗေဒ (physics )သည်
အတွေးခေါ်ပညာ(Philosophy)မှ ခွဲထွက်လာသော သဘာဝအတွေးခေါ် ပညာရပ်တခု ဖြစ်သည်။
(Thales) [BC 624—526]
အတွေးခေါ် ပညာဆိုသည်မှာ အဘယ်နည်း ??? အတွေးခေါ်ပညာဆိုသည်မှာ လူနှင့်လူ့
ပတ်ဝန်းကျင်တွင်ပန်းတိုင်တခုကိုရောက်ဖို့နည်းလမ်း အဖြေရှာရန် စဉ်းစား တွေးခေါ်သည့် ပညာရပ်
ဖြစ်သည်။ သိပ္ပံပညာရပ်အားလုံးသည် သစ်ပင်များဖြစ်ခဲ့လျှင် အတွေးခေါ်ပညာရပ်သည်
သစ်ပင်များကိုရှင်သန်စေသော မြေဆီလွှာတခုဖြစ်သည်ဟု အတွေးခေါ်ပညာရှင် ဝီလီယံသောမတ် က
ပြောသည်။
အနောက်တိုင်းရာဇဝင်တွင် အတွေးခေါ်ပညာကို ဂရိလူမျိုးများက စတင်ခဲ့ကြောင်းတွေ့ ရှိရသည်။ မှတ်တမ်းများအရ အစောဆုံးဂရိအတွေခေါ်ပညာရှင်များသည် အာရှမိုင်းနားဒေသ ၊ မိုင်လီတပ်(Miletus) မြို့သားများ( ယခု-တူရကီနိုင်ငံ)ဖြစ်သည်။ ပထမဆုံး တွေးခေါ်ပညာရှင် မှာ မိုင်လီတပ်မြို့မှ (Thales) သားလိစ်[BC 624—526] ဖြစ်သည်။သူသည် သဘာဝသံလိုက် ကျောက်ကို စတင်တွေ့ရှိပြီး ၊ လျှပ်စစ်သိပ္ပံပညာကို ကနဦး ရှာဖွေစူးစမ်းခဲ့သူဖြစ်သည်။သူ သည် ရူပဗေဒပညာရပ်ကို စတင်ခဲ့သော အတွေးခေါ်ပညာရှုင်တယောက်ဟု ဆိုရပေမည် ။ အနောက်တိုင်းသားတို့သည် ကမ္ဘာလောကကြီးတခုလုံး စတင်ဖြစ်ပေါ်လာရသော ထာဝရ အခြေခံတရားကိုဖေါ်ထုတ်ခဲ့ရာတွင် (Thales) သားလိစ်က ရေ (Water)သည် မူလအခြေခံ ဟုဆိုသည် ။ အရစ်တိုတယ် (Aristotle) (BC 384 -322) ကလည်း ကမ္ဘာလောကကြီးကို လေ(Air)ဖြင့် အခြေခံ၍ ဖွဲ့စည်းထားသည်ဟုဆိုသည် ။ ဗုဒ္ဓမြတ်စွာဘုရားရှင်က အရာရာ အားလုံးကို ပထဝီ (Earth) ၊တေဇော (Fire) ၊ အာဘော (Air)၊ ဝါယော(Water)…ဓာတ်ကြီး လေးပါးဖြင့်ဖွဲ့စည်းထားသည်ဟု ဟောကြားတော်မူခဲ့သည် ။
(မှတ်ချက်။ ။အနောက်တိုင်း ပညာရှင်များက ဗုဒ္ဓမြတ်စွာဘုရားကို အတွေးခေါ် ပညာရှင်တယောက်ဟု သတ်မှတ်ခဲ့ကြ သည်။ သို့သော် အနောက်တိုင်းသား ဂရိလူမျိုးများ စမ်းတဝါးဝါးဖြင့် တွေးခေါ်နေချိန်၌ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် (BC 566 -486 )တွင် အလုံးစုံသိမြင်အပ်သော သဗ္ဗညုတဉာဏ် တော်ဖြင့် ဘုရားအဖြစ်သို့ ပွင့်တော်မူနေပြီဖြစ်သည်။)
(Aristotle) (BC 384 -322)
ရူပဗေဒ၏ အဓိပ္ပါယ်ကိုနောက်တမျိုး ဖွင့်ဆိုရသော် ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ရူပဗေဒ ဖြစ်သည်။မော်တော်ကား ၊ မီးသီး ၊ဖုန်း ၊ရေဒီယို ၊ကွန်ပျူတာ ၊စီဒီ ………….စသည့်အရာအားလုံးသည် ရူပဗေဒဖြစ်သည် ။ဂြိုလ်တုများ ၊ဒုံးပျံများ လွတ်တင်ခြင်း ၊ဂျက်လေယာဉ်များ ပျံသန်းခြင်းသည်လည်း ရူပဗေဒ ဖြစ်သည်။ထို့ပြင် ညအခါ...လသာသာ ၊ငွေစင်ကြယ်လေးများ မှိတ်တုတ်မိတ်တုတ် မြင်ရသည်မှာလည်း ရူပဗေဒ ဖြစ်သည်။ တလောကလုံးကို အလင်းရောင်ပေးနေသော နေလုံးကြီးလည်း ရူပဗေဒ ဖြစ်သည်။စကြဝဠာ ၊ဂလက်ဆီ ၊နေအဖွဲ့အစည်းတို့ လှည့်ပတ် ဆွဲငင်နေခြင်းသည်လည်း ရူပဗေဒ ဖြစ်သည်။ မျက်စိဖြင့်မမြင်နိုင်သော အသေးငယ်ဆုံးအမှုန်မှစ၍ စကြာဝဠာတခုလုံးအား စူးစမ်းလေ့လာ သင်ယူခြင်းသည် ရူပဗေဒ ဖြစ်သည်။ ရူပဗေဒသည် သိပ္ပံပညာရပ်အားလုံးနှင့် ဆက်နွယ် ပတ်သက်နေသော သိပ္ပံပညာဖြစ်သည်။ ရူပဗေဒပညာရှင်များသည် ဓာတုဗေဒ ၊ဇီဝဗေဒ ၊ နက္ခတ္တဗေဒ ၊ဘူမိဗေဒ ၊အင်ဂျင်နီယာ၊ဆေးဝါးကုသခြင်း စသည့်ပညာရပ်များ တိုးတက် ကောင်းမွန်အောင် ပြုလုပ်ခဲ့ကြသည်။ထို့ပြင် ရူပဗေဒသည် ခေတ်သစ်နည်းပညာအားလုံး၏ အခြေခံအုတ်မြစ် လည်းဖြစ်သည် ။ ရူပဗေဒ ဘာသာရပ်သည် လက်တွေ့ စမ်းသပ်ခြင်း ၊ စူးစမ်းလေ့လာခြင်း ၊သီအိုရီများ ၊အဆိုပြုချက်များ ၊တွေးတောကြံဆမှုများကို ပြုလုပ်ရသည်။ ရူပဗေဒ၏ အရေးကြီးဆုံးလက်နက် ကိရိယာသည် သင်္ချာအတတ်ပညာပင်ဖြစ်သည်။သိပ္ပံ ပညာရှင် ဂယ်လီလီယို (Galileo Galilei- AC1564-1642)က အဆိုပြုသည်မှာ သင်္ချာသည် ရူပဗေဒ၏ အဓိပ္ပါယ်များကို ဖေါ်ပြပေးစွမ်းနိုင်သော ဘာသာစကား(Language)တခုဖြစ်သည်။
(ဥပမာ - C Program , Fortran ,Java စသည့်ပရိုဂရမ်များသည် ကွန်ပျူတာ၏(Language) ဘာသာစကားဖြစ်သည်)
(Galileo Galilei- AC1564-1642)
ထို့ပြင်ရူပဗေဒဆိုင်ရာ ဂုဏ်သတ္တိများ ၊သီအိုရီများအားလုံးကို သင်္ချာနည်းဖြင့်ဖေါ်ပြနိုင်ရမည်။
ထို့ကဲ့သို့ သင်္ချာနည်းဖြင့် ဖေါ်ပြနိုင်မှသာ ရူပဗေဒစစ်စစ်ဖြစ်သည်ဟု အဲလ်ဘတ်အိုင်စတိုင်း က အဆိုပြုခဲ့ဘူးသည်။ ဥပမာ - အိုင်စတိုင်းသီအိုရီအရ အရာဝထ္ထုတခုသည် အလင်းလျင် မြန်နှုန်း၏ နှစ်ထပ်ကိန်းတန်ဖိုးဖြင့် ရွှေ့လျားနေခဲ့သော် ၎င်းအရာဝထ္ထုမှ စွမ်းအင်အဖြစ်သို့ ရရှိမည် ။သင်္ချာဆိုင်ရာ ညီမျှခြင်းဖြင့် ဖေါ်ပြပါက ( E=mc2) ဖြစ်သည်။ ရူပဗေဒကို တနည်းဖွင့်ဆိုရသော် ဒြပ်ထု ၊စွမ်းအင် ၊အာကာသ ၊အချိန် တို့ကိုတွက်ချက် ဖေါ်ထုတ်သော သိပ္ပံပညာရပ်ဖြစ်သည် ။ထို့ပြင် ဒြပ်ထုများအတွင်း သက်ရောက်နေသော သံလိုက်ဆွဲအား ၊ဖိုမလျှပ်စစ်အား ၊အနုမြူဆွဲအား ၊ကမ္ဘာမြေဆွဲအား စသည့်အခြေခံအားများ ကိုလည်း တွက်ချက်ဖေါ်ထုတ်ခြင်းဖြစ်သည် ။ယေဘူယျအားဖြင့် သရုပ်ခွဲလေ့လာကြည့်လျင် ရူပဗေဒနယ်ပယ်အသီးသီးကို ပိုင်းခြားတွေ ့မြင်ရမည်။
အိုင္စတိုင္း (1879-1955)
ရှေးရိုးမက္ကင်းနစ်(Classical Mechanics) ၊ကွမ်တမ်မက္ကင်းနစ် (Quantum Mechanics) သံလိုက်(Magnetism) ၊ အပူစွမ်းအင် (Thermodynamics) ၊ လျှပ်စစ် (Electricity ) ၊ ၊ အလင်း(Optics) ၊အသံ (Sound) ၊ နှိုင်းရသီအိုရီ (Relativity) ၊အက်တမ်ရူပဗေဒ(Atomic Physics) ၊အနုမြူရူပဗေဒ(Nuclear Physics)၊အမှုန်ရူပဗေဒ(Particle Physics-high energy) ဒြပ်ထုဖွဲ့စည်းခြင်းဆိုင်ရာရူပဗေဒ (Condensed Matter Physics) ၊လေဆာ(Laser Physics)၊ ရူပနက္ခတ္တဗေဒ (Astrophysics) ၊စသည့် နယ်ပယ်အသီးသီးကို လေ့လာသင်ယူခြင်းသည် ရူပဗေဒပညာရပ်များပင်ဖြစ်သည် ။
ရူပဗေဒသည် ခေတ်ကြီး(၂)ခုဖြင့် ပိုင်းခြားသတ်မှတ်ခြင်းကိုတွေ့ရမည်။ ပထမ ခေတ်သည် ရှေးရိုးရူပဗေဒ(Classical Physics)ဟုအမည်တွင်သည် ။ပထမခေတ်၏ အရှင်သခင်သည် အင်္ဂလန်မှ နယူတန် (Sir Isaac Newton:AC 1643-1727)ဖြစ်သည် ။ မော်တော်ကား ဒီဇိုင်းပုံစံထုတ်ခြင်း ၊ လေယာဉ်ပျံ၊ဂြိုလ်တု၊ စက်ရုံအလုပ်ရုံ ၊ လမ်းတံတား ဆောက်လုပ်ခြင်း..……စသည့်နေရာများတွင် နယူတန်၏သီအိုရီများကို အသုံးပြုကြရသည်။ သူ၏အလွန်နာမည်ကြီးသော ရှေးရိုးမက္ကင်းနစ် (Classical Mechanics) သီအိုရီ(၃)ခုမှာ ယနေ့ချိန်ထိ အသုံးဝင်လျက်ရှိသည်။
နယူတန္ (Sir Isaac Newton:AC 1643-1727)
(၁)ပထမသီအိုရီမှာ မျဉ်းဖြောင့်အတိုင်းရွေ့လျားနေသာ အရာဝထ္ထုသည် ပြင်ပအား သက်ရောက်မှု(ပွတ်တိုက်မှု)မရှိပါက တသမှတ်အရှိန်ဖြင့် ဆက်လက်ရွေ့လျားနေမည်ဖြစ် သည်။ထို့အတူ ရပ်တန့်နေသော အရာဝထ္ထုတခုသည် ပြင်ပအားစိုက်ထုတ်မှုမရှိပါက မူလအတိုင်း ရပ်တန့်နေမည်ဖြစ်သည်။
(၂)ရွေ့လျားနေသော ဝထ္ထုတခု၏ အားသည် ၎င်းဝထ္ထု၏ ဒြပ်ထုနှင့် ရွေ့လျားနေသောအရှိန်တို့၏မြှောက်လဒ် ဖြစ်သည် ။ ( F =ma )
(3)ပထမဝထ္ထုတခုသည် ဒုတိယဝထ္ထုပေါ်သို့ အားသက်ရောက်ခဲ့လျင် ၊ဒုတိယဝထ္ထု ကလည်း ဆန့်ကျင်ဘက်အားဖြင့် တန်ပြန်အားသက်ရောက်မည်ဖြစ်သည်။
အရာဝထ္ထုများ သာမာန်ရွေ့လျားမှုကို နယူတန်၏သီအိုရီများဖြင့် ဖြေရှင်းနိုင်သော်လည်း အလင်းအလျင်နီးပါး ရွေ့လျားနိုင်သော ဝထ္ထုများကို နယူတန်သီအိုရီဖြင့် မရှင်းလင်းနိုင်ချေ။ ထိုကြောင့် ရူပဗေဒ၏ ဒုတိယခေတ်သို့ ပြောင်းလဲရန့် ကြိုးစားလာကြသည်။ကနဦး ခေါင်းဆောင် ပြောင်းလဲလိုက်သူမှာ အိုင်စတိုင်း ဖြစ်သည်။အိုင်စတိုင်း၏ နှိုင်းရသီအိုရီသည် အလင်းအလျင်ဖြင့် ရွေ့လျားသောဝထ္ထုများကို ဖြေရှင်းတွက်ချက်နိုင်သည်။
ထို့ပြင် သာမာန်မျက်စိဖြင့်မမြင်နိုင်သော(အလွန်ဝေးကွာသည့် )စကြာဝဠာအတွင်းရှိ ဂြိုလ်များ၊ ဂလက်ဆီများ၊၏
လှည့်ပတ်သွားလာပုံနှင့် ဖွဲ့စည်းပုံများကို နှိုင်းရသီအိုရီဖြင့်ဖြေရှင်းတွက်ချက်နိုင်သည်။
ထို့နောက် ကွမ်တမ်မက္ကင်းနစ် (Quantum Mechanics) ကို ဂျာမနီနိုင်ငံသား မက်ပလန့်(Max Plank) (AC -1854-1947 ) က ကွမ်တမ်သီအိုရီဖြင့် စတင်လိုက်လေသည် ။၎င်း၏သီအိုရီကိုအခြေ ခံလျက် ကွမ်တမ်မက္ကင်းနစ်ကို ဦးဆောင်တည်ထောင်ခဲ့ကြသူများမှာ အိုင်စတိုင်း(ဂျာမဏီ) ရှဒိုဒင်းဂါး( ဂျာမဏီ) (Alexander Schrödinger 1887-1961) ၊ဟိုင်ဆင်ဘတ်(ဂျာမဏီ) (Heisenberg 1901-1976 ) ၊ ပေါ်လီ(သြစတီးယား) (Pauli 1900-1958) ၊နီဘိုးလ် (Niels Bohrs ဒိန်းမတ် 1885-1962 ) စသည်တို့ဖြစ်သည် ။
- (Max Plank) (AC -1854-1947 )
၎င်းတို့ ကမကထပြု၍ ဖော်ထုတ်ခဲ့ကြ သော ကွမ်တမ်မက္ကင်းနစ်သည် ရူပဗေဒ၏ဒုတိယခေတ်
ဖြစ်လာသည် ။ ကွမ်တမ်ရူပဗေဒ၏ အောင်မြင်မှုသည် နှစ်ဆယ်ရာစုတွင ်စတင်ကာ တလောကလုံး၏
သိပ္ပံပညာကို တဟုန်ထိုး ပြောင်းလဲတိုးတက်နိုင်ခဲ့သည်။ ယနေ့ထိတိုင် နည်းပညာအသစ်များကို
မွေးထုတ်ပေးနေသည်မှာ ကွမ်တမ်ရူဗေဒ၏ အကျိုးကျေးဇူးများ ဖြစ်သည်။
သို့သော် ခေတ်သစ်ရူပဗေဒ (Modern Physics) ပေါ်ထွက်လာသောကြာင့်
ရှေးရိုးရူပဗေဒ၏ (Classical Physics) အခန်းကဏ္ဍ မှေးမှိန်သွားပြီလော ??? ………………….............
( “ရှေးထုံးကိုလည်း မပယ်နဲ့ ၊ ဈေးသုံးကိုလည်း မကြွယ်နဲ့တဲ့ “) ရှေးရိုးရူပဗေဒကို လုံးဝပြစ်ပယ်ထား၍
မရပါ ။ ရှေးရိုးရူပဗေဒ၏ သြဇာသက်ရောက်မှုကြောင့် ခေတ်သစ်ရူပဗေဒ ပေါ်ပေါက်လာရခြင်းဖြစ်သည်။
၎င်းတို့၏ ကွဲပြားခြားနားပုံကို ဆက်လက်ရေးသားပါဦးမည်။
သာမာန်မျက်စိဖြင့် မြင်နိုင်သော အရာဝထ္ထု (အမှုန်)များကို တွက်ချက် ဖေါ်ထုတ်ရာတွင်
ရှေးရိုးရူပဗေဒကို အသုံးပြုရသည်။သာမာန်မျက်စိဖြင့် မြင်နိုင်သော အမှုန်တခု၏ အသေးငယ်ဆုံးအရွယ်
အစားမှာ( 0.05 mm ) တစ်မီလီမီတာ၏ အပုံနှစ်ဆယ်ပုံ ၊ တစ်ပုံဖြစ်သည် ။တနည်းအားဖြင့် မက်ခရို
စကောပစ်-စကေး (Macroscopic Scale) တွင် ရှေးရိုးရူပဗေဒကိုအသုံးပြုရသည်။မက်ခရိုစကောပစ်-စကေး ဆိုသည်မှာ တစ်မီလီမီတာ ထက်ကြီးသောအရွယ်အစားရှိသည့် ဝထ္ထုပစ္စည်းများကို ဆိုလိုခြင်းဖြစ်သည်။
သာမာန်မျက်စိဖြင့် မမြင်နိုင်သော အမှုန်များကို တွက်ချက်ေါ်ထုတ်ရာတွင် ခေတ်သစ်ရူပဗေဒကို
အသုံးပြုရသည်။ဥပမာ -မော်လီကျူး ၊ အက်တမ်၊ နူကယိယ ၊အီလက်ထွန် စသည့်အမှုန်များဖြစ်သည်။
တနည်းအားဖြင့် မိုက်ခရိုစကောပစ်-စကေး (Microscopc Scale) တွင် ခေတ်သစ်ရူပဗေဒကို အသုံးပြုရ
သည် ။ မိုက်ခရိုစကောပစ်-စကေးဆိုသည်မှာ တစ်မီတာ၏ တစ်သန်းပုံ ၊ တစ်ပုံ ထက်ငယ်သော အမှုန်
များကို ဆိုလိုခြင်းဖြစ်သည်။
ရှေးရိုးရူပဗေဒနှင့်ခေတ်သစ်ရူပဗေဒ တို့သည် အခန်းကဏ္ဍအလိုက် အရေးပါသော သိပ္ပံပညာရပ်များ
ဖြစ်သောကြောင့် ရူပဗေဒလေ့လာလိုက်စားသူများက သင်ယူတတ်မြောက်ရန်ကြိုးစားနေကြခြင်း ဖြစ်ပါသည်။
စာကြွင်း ။ ။စာအုပ်ပေါင်းများစွာကိုဖတ်ရှုပြီး ကိုယ်ပိုင်အာဘော်ဖြင့် ရေးသားစီရင်သော ကြောင့် အမှားအယွင်းရှိပါက ဖီးကျူ ၏တာဝန်သာဖြစ်ပါသည်။အကယ်၍ အမှားတစုံတရာ တွေ့ရှိပါက အထောက်ထားစုံလင်စွာဖြင့် ပြုပြင်ပေးပါရန် ပန်ကြားအပ်ပါသည်။.....................................ဖီးကျူ






ကျေးဇူးတင်တယ်ဗျာ...ကျနော်က ရူပဗေဒနဲ့ အခုမှ စတွေ့တယ်လို့ပဲ
ReplyDeleteပြောရမယ်...ကျနော့်အတွက် လေ့လာစရာကျောင်းကြီးတစ်ကျောင်းကို
တွေ့လိုက်သလိုပါပဲ.....