အဲဖရက် နိုဗယ် (ဖတ်ရူရန်......)
Feb 26, 2010
Feb 25, 2010
အနုမြူ-ရူပဗေဒ
(၁)အနုမြူ ဆိုဘာလဲ ( ဖတ်ရူရန်......)
(၂)အနုမြူ-အက်တမ် (ဖတ်ရူရန်......)
(၃)အနုမြူ စည်းနှောင်စွမ်းအင် (ဖတ်ရူရန်......)
(၄)အနုမြူသဘာဝလက္ခဏာများ(ဖတ်ရူရန်......)
(၅)ရေဒီယိုသတ္တိကြွခြင်း (ဖတ်ရှှုရန်......)
အခြေခံ-ရူပဗေဒ
ရူပဗေဒ နိဒါန်း (ဖတ်ရူရန် ......)အခြေခံ-ယူနစ်များ (ဖတ်ရှုရန်...... )
ဓာတ်ရောင်ခြည်ဖြာထွက်ခြင်း (ဖတ်ရှူရန်...... )
Jan 31, 2010
အနုမြူ အမှတ်(၄)
စကြာဝဠာအတွင်းရှိ ဂြိုလ်များ လှည့်ပတ်သွားလာခြင်းနှင့် တူညီသည်။ တနည်းအားဖြင့် အနုမြူသည် စကြာဝဠာငယ်လေးများဖြစ်သည်။ (ကမ္ဘာသည်လည်း မိမိဝင်ရိုးပေါ်တွင် ကိုယ် တိုင်လည်ပတ်လျက်
၊နေကိုလှည့်ပတ်သွားလာနေခြင်းဖြစ်သည် ။
နယူကလီယတွင် ပြင်းထန်သော အနုမြူအားများ ရှိကြောင်း လေ့လာသိရှိခဲ့ပါပြီ။
နယူကလီယတွင်ပါဝင်သော ပရိုတွန်များသည် (ဓာတ်ဖို) ဆောင်သော
လျှပ်စစ်မှုန်များဖြစ်ကြ သည်။နယူထွန်များမှာ
လျှပ်စစ်ဓာတ်- မရှိသော (ဓာတ်မဲ့)
အမှုန်များဖြစ်ကြသည်။ထို့ ကြောင့် နယူကလီယ၏
အသားတင် လျှပ်စစ်ဓာတ်မှာ (ဓာတ်ဖို)လျှပ်စစ်ဓာတ်ဆောင်ပါသည် ။ထို့ ပြင်
နယူကလီယတွင် လျှပ်စစ်ဓာတ်ဆောင်
ပရိုတွန်များပါဝင်သောကြောင့် (Electric Force)လျှပ်
တွေ
့ရမည် ။ ( Coulomb’s Force = k q1q2
/r2 )
K=9×109
constant
q1
,q2=လျှပ်စစ်ဓာတ်ဆောင်အမှုန်နှစ်ခု
r = q1 & q2 ကြားအကွာအဝေး
သို
့သော် သက်ရောက်နေသော လျှပ်စစ်အားသည် အနုမြူအားထက်
အဆပေါင်း(၄ဝ)ခန့် 
သေးငယ်သောကြောင့် အရာမရောက်နိုင်ဘဲ မှေးမှိန်နေရခြင်းဖြစ်သည် ။
တနည်းအားဖြင့် နယူကလီယတွင်
အနုမြူအား (Nuclear Force)တစ်ခုသာ ကြီးစိုး
နေခြင်းဖြစ်သည်။
ပရိုတွန်အချင်းချင်း (သို့ ) နယူထွန်အချင်းချင်း (သို့ )
ပရိုတွန်နှင့်နယူထွန်
တို
့တွင် အနုမြူအားသက်ရောက်မှုရှိသည် ။ထို
့ကြောင့် အနုမြူအားသည် လျှပ်စစ်ဓာတ်ရှိ ခြင်း ၊မရှိခြင်းနှင့် လုံးဝမသက်ဆိုင်ပါ။ ကူးလောင်းနိယာမ(လျှပ်စစ်အား)ကဲ့သို
့ လျှပ်စစ်ဓာတ်
ကြောင့် အနုမြူအားဖြစ်ပေါ်ခြင်း မဟုတ်ဟု
ဆိုလိုပါသည် ။
သို့ သော် နယူကလီယအတွင်းရှိ နယူကလီယွန် အချင်းချင်း အလွန်နီးကပ်လျက်
ရှိနေမှ အနုမြူုအားသက်ရောက်မည် ။ တနည်းအားဖြင့် တာတိုအား (Short range force )
ဖြစ်သည်။(ကူးလောင်းနိယာမ)လျှပ်စစ်အားမှာတာရှည်အား(Long range force) ဖြစ်သည်။ နယူကလီယွန်
အချင်းချင်း ( 10-15
m)
အကွာအဝေးအတွင်း၌သာ ဆွဲအားပြင်းထန်သော
အနုမြူအားများဖြစ်ပေါ်သည်။
သို့ သော် နယူကလီယွန်ချင်းချင်း အလွန့် အလွန်နီးကပ်သွား
လျှင်
တွန်းအားအဖြစ် ပြောင်းလဲသွားနိုင်သည်။ ဆိုလိုသည်မှာ အနုမြူဆွဲအားသည် သတ်မှတ်
ထားသော အကွာအဝေးအတွင်း ( 1-2 ×10-15 m)
နီးကပ်နေမှသာ အားသက်ရောက်မှု
ဖြစ်နေပေါ်နိုင်ပြီး
ဆွဲအားပြင်းအနုမြူအားများကိုတွေ့ ရမည်။ အနုမြူအားသည် နယူကလီယွန်
အချင်းချင်း ကိုယ်တိုင်လှည့်ပတ်နေသော အမွှတ်လည်ခြင်းပေါ်တွင် ပြောင်းလဲမှုရှိနိုင်သည်။
ဆိုလိုသည်မှာ ညာဘက်လှည့်ခြင်းနှင့် ဗယ်ဘက် လှည့်ခြင်းမျိုးဖြစ်သည် ။ စာဖတ်ပရိတ်သတ်
လက်တွေ
့မြင်လိုလျှင် သင်၏ညာဘက်လက်ကိုဆန့် ထုတ်၍ လက်သီးဆုပ်ထားပါ။ထို့ နောက်
(ငါလိုလူ ဇမ္ဘူမှာရှိသေးရဲ့ လားဆိုတဲ့
အထားနဲ့ ) လက်မကို ထောင်လိုက်ပါ ။လက်မထိပ်ဖျား
သည် အပေါ်ဘက်သို့ 
ဦးတည်နေပြီး ၊ကျန်လက်ချောင်းများသည် အတွင်းဘက်သို့  ဦးတည်
နေကြမည်။
ကျန်လက်ချောင်းများ၏ ဦးတည်ဘက်အတိုင်း လှည့်ပတ်နေသော နယူကလီယွန်
များကို (spin up)
အမွတ်လည်ခြင်းဟုခေါ်သည် ။ထိုမှတဖန်
သင်၏လက်မကို အောက်သို့ 
စိုက်၍
ဦးတည်လိုက်ပါ။လက်မထိပ်ဖျားသည် အောက်ဘက်သို့ ညွှန်ပြနေသဖြင့် (spin down)
အမွတ်လည်ခြင်းဟုခေါ်သည်။နယူကလီယွန်များသည်
ကျန်လက်ချောင်းများ၏ ဦးတည်ဘက်
အတိုင်း
လှည့်ပတ်နေကြသည် ။
နယူကလီယတွင် ပြင်းထန်စွာ သက်ရောက်နေသော အနုမြူအားများ(strong nuclearforce) ရှိသော်လည်း ၊ပြင်းအားပျော့သော အနုမြူအားများ ( weak
nuclear force )
လည်း
ရှိနေပါသည် ။ ပြင်းအားပျော့ အနုမြူအားသည်
ပြင်းအားထန်သော အနုမြူအားထက်
အဆပေါင်း တသန်းခန့် ( Million ) နည်းပါသည် ။ထို့ ပြင် လျှပ်စစ်ဆွဲအား (သို့ )ကူးလောင်း
နိယာမအားထက် အဆပေါင်း
တထောင်ခန့် ( thousand) နည်းပါသည် ။ ထို့ ကဲ့သို့  အလွန်
အနုမြူအားများသည်
သက်တမ်းကြာရှည်စွာ ဖြစ်ပေါ်နိုင်သောကြောင့် လျစ်လျူရှူ၍ မရနိုင်ပါ ။
(ဥပမာ
- အနုမြူဗုံးဒဏ် ခံခဲ့ရသော ဂျပန်နိုင်ငံ ဟီရိုရှီးမား
နှင့် နာကာစကီ မြို့ ကြီးများတွင်
ယနေ
့အချိန်ထိ
ပျင်းအားပျော့အနုမြူအားများ
သက်ရောက်နေသည် ။ သက်ရှိသတ္တဝါများ
အတွက် အန္တရယ်ရှိနေဆဲဖြစ်ပါသည်။ထို့ ပြင် ရှရှားနိုင်ငံတွင်
မတော်တဆပေါက်ကွဲသွားသော
ချာနိုဘိုင်း
အနုမြူဓာတ်ပေါင်းဖိုနေရာသည် ယနေ့ အချိန်ထိ
အနုမြူအားများ ထွက်ပေါ်နေဆဲ
ဖြစ်ပါသည်
။)
နယူကလီယတွင် ရှိနေသော နောက်ထပ် အားတမျိုးရှိနေပါသေးသည်
။၎င်းအား
သည် ဒြပ်ဆွဲအားဖြစ်၏။စကြာဝဠာအတွင်းရှိ အရာဝတ္ထုတိုင်းသည်
အချင်းချင်းအပြန်အလှန်
ဆွဲငင်နေကြကြောင်းကို နယူတန် (Newton) က ဒြပ်ဆွဲအားသီအိုရီဖြင့် ဖေါ်ထုတ်ခဲ့သည်။
" ဒြပ်ဆွဲအားကြောင့် ခေါင်းပေါ်ကို ပန်းသီးကြွေကျတာတဲ့ "
လွန်ခဲ့သောနှစ်ပေါင်းလေးရာခန်
့က အင်္ဂလန်ပြည် ကိန်းဘရစ်တက္ကသိုလ်ဝင်းအတွင်း
ပန်းသီး
ပင်အောက်တွင်ထိုင်နေသော နယူတန်၏ခေါင်းပေါ်သို့  ပန်းသီးတလုံး ကြွေကြခဲ့သည်ဟု
ဆို၏
။ ကမ္ဘာ့ မြေဆွဲအားကြောင့် ပန်းသီးကြွေကြသည်ဟု ဆက်စပ် တွေးခေါ် ယူဆလျက်
စကြာဝဠာအတွင်းရှိ အရာဝတ္ထုအချင်းချင်း ဆွဲငင်နေကြကြောင်းသိခဲ့ကြရသည်။ ဒြပ်ဆွဲအား
သီအိုရီအရဆိုသော် ဝတ္ထု၏ဒြပ်ထုကြီးလေလေ ဒြပ်ဆွဲအားပြင်းထန်လေလေ ဖြစ်သည် ။
G = ဒြပ်ဆွဲအားကိန်းသေ
r =ဝတ္ထုနှစ်ခုကြား အကွာအဝေး
နယူကလီယထဲတွင်
နယူကလီယွန်အချင်းချင်း
ဒြပ်ဆွဲအားများသက်ရောက်နေသည်။ သို
့သော် နယူကလီယွန်အချင်းချင်းဆွဲသော ဒြပ်ဆွဲအားသည် အနုမြူအားထက် 10-39times
ဆခန်
့သေးငယ်နေကြောင်းတွေ့ ရသည်။ထို့ ကြောင့်
နယူကလိယကို လေ့လာရာတွင် ထည့်
သွင်းစဉ်းစားခြင်းမပြုဘဲ လျစ်လျူရှူထားသည် ။
နယူကလီယ၏ အရွယ်အစားကို လေ့လာကြည့်လျှင်
စက်လုံးပုံဟု ယူဆထားသောကြောင့်
အချင်းဝက် (Radius )ကိုသိလျှင် စက်လုံး၏ထုထည်ကို တွက်ယူနိုင်သည်။ (V=4/3
πR3)
အချင်းဝက် (Radius )ကိုသိလျှင် စက်လုံး၏ထုထည်ကို တွက်ယူနိုင်သည်။ (V=4/3
ထို
့ကြောင့် နယူကလီယ၏ အရွယ်အစားကို
အချင်းဝက် ပုံသေနည်းဖြင့်
ဖေါ်ပြလေ့ရှိသည် ။
R =
နယူကလီယ၏ အချင်းဝက်
A = နယူကလီယ၏ ဒြပ်ထုတန်ဖိုး
အနုမြူရှုပဗေဒကို လေ့လာသင်ကြားနေသူများသည် ပုစ္ဆာပြသနာများကိုဖြေရှင်းရာတွင်
အီလက်ထွန်
၊ ပရိုတွန် ၊နယူထွန်များ၏
ဒြပ်ထုတန်ဖိုးများကို
သိထားရမည်ဖြစ်သောကြောင့်
ဆက်လက်ဖေါ်ပြပေးပါမည်
။
ဝထ္ထုတခု၏ဒြပ်ထုကို တိုင်းတာရာတွင် နိုင်ငံတကာသုံးယူနစ် (SI unit)
အဖြစ်
ကီလိုဂရမ်ဖြင့်(
Kg) သတ်မှတ်ထားသည် ။ထို့ ကြောင့် အထက်တွင်ဖေါ်ပြခဲ့သော ဒြပ်ထုယူနစ်
များမှာ ကီလိုဂရမ်များဖြစ်သည်။သို့ သော်
အနုမြူရူပဗေဒကိုလေ့လာရန် နှင့် ပုစ္ဆာများတွက်ယူ
ရန်
အသုံးများသော ယူနစ်အမျိုးအစားနှစ်ခု
ရှိပါသေးသည် ။ ဥပမာပြလျှင် --
(1) me =9.10938
×10-31 kg =0.000548579 u
(3)
mn =1.67492× 10-27 kg
=1.008659712 u
ယူနစ်သင်္ကေတ (u) ဆိုသည်မှာ အက်တမ်ဒြပ်ထုယူနစ် ( Atomic Mass Unit ) ဖြစ်သည်။
ဖြစ်သည်။ ၄င်းဆက်သွယ်ချက်တန်ဖိုးသည်
ကာဗွန်အက်တမ်၏ ဒြပ်ထုကို ၁၂ ဖြင့်စား ၍ရသော ရလဒ် အဖြေ ဖြစ်သည်။ 1u=(1.992646636×10-26/ 12)
လူသိနည်းသော နောက်တနည်းမှာ- ၄င်းဆက်သွယ်ချက်တန်ဖိုးသည် အက်ဗိုဂါးဒိုးကိန်းသေ
တန်ဖိုး၏ ပြောင်းပြန်လှန်ကိန်းတခုဖြစ်သည် ။ 1u =1
/(6.0221415×10-26 )
ဒြပ်ထုတန်ဖိုးကို ဖေါ်ပြရန်
နောက်တနည်းမှာ အိုင်စတိုင်းသီအိုရီ ( E
=mc2 )ကို
ကိုယ်စားပြုခြင်းဖြစ်သည်
။၎င်းသီအိုရီအရ
အလင်းအလျင်နှစ်ထပ်ကိန်းဖြင့် ရွှေ့ လျားနေသော
ဝထ္ထုများသည် စွမ်းအင်အသွင်ပြောင်းနိုင်သော ( ဒြပ်ထု-စွမ်းအင် )ဆက်စပ်မှုတခုဖြစ်သည် ။
ထို
့ကြောင့် အမှုန်ဒြပ်ထုများကို စွမ်းအင်ဖြင့်ကိုယ်စားပြုဖေါ်ပြနိုင်သည်
။စွမ်းအင် (Energy )
၏
နိုင်ငံတကာသုံး(SI) ယူနစ်မှာ Joule ( j)
ဂျိုး ဖြစ်သည်။သို့ သော် အီလက်ထွန်ဗို့ ယူနစ်
(ev) ဖြင့်ဖေါ်ပြရန် ဆက်သွယ်ချက်တခုမှာ - 1J = 1.6 x 10-19 ev
သို
့သော် E=mc2 ညီမျှခြင်းတွင် ဒြပ်ထု( m) နေရာအစားသွင်းရာတွင် အက်တမ်ဒြပ်ထု
ယူနစ် (u) ဖြင့်တွက်ပါက E=[ m ]
931.5 Mev ကို အသုံးပြုရမည် ။ ဒြပ်ထုယူနစ်ကို
ကီလိုဂရမ်ဖြင့် တွက်ပါက
E= m c2 /1.6 x10-19 ev ဖြင့်တွက်ယူရမည် ။အလင်းလျင်ကို
တိကျစွာ (c =2.9979× 108 ms-1 )
ဖြင့်တွက်နိုင်သည်။ ဒြပ်တန်ဖိုးများကို ယူနစ်( ၃)မျိုး
ဖြင့် နှိုင်းယှဉ်ဖေါ်ပြရသော် -
(1)
me
=9.10938 ×10-31 kg =0.000548579 u = 0.511 Mev
(2) mp =1.67262×10-27 kg
=1.007274621 u = 939.53Mev
ထပ်မံရှင်းလင်းချက်။ ။ အနုမြူရူပဗေဒတွင် ဒြပ်ထုတန်ဖိုးကို နိုင်ငံတကာသုံးယူနစ်(SI) kg
ကီလိုဂရမ်ဖြင့်သာမက အက်တမ်ဒြပ်ထုယူနစ် (u) ဖြင့်လည်းကောင်း ၊ စွမ်းအင်ကိုယ်စားပြု
ယူနစ် (
ev )ဖြင့်လည်းကောင်း အမျိုမျိုးအသုံးချ
တွက်ယူနိုင်ကြောင်းတွေ့ ရသည် ။ထိုကဲ့သို့ 
အမျိုးမျိုးအသုံးပြုရခြင်း၏ အကြောင်းအရင်းကို -ဥပမာ -ဇတ်လမ်းတခုဖြင့်ရှင်းပြပါမည် ။
တစ်ခုသော မနက်ခင်းမှာ ဖီးကျူတယောက် ဈေးဝယ်ထွက်ခဲ့သည်။ဆီ ၊ဆန် ၊ဆား ၊
ဟင်းသီးဟင်းရွက်များနှင့် အသားငါးတို့ ဝယ်ရန်ဖြစ်သည် ။သို့ သော် သူသည်
အကျီအိပ်ကို
စမ်းကြည့်လိုက်ပြီး ခြေလှမ်းများ တုံ့ ကနဲ့ ဖြစ်သွားရလေသည်
။အကြောင်းမှာ သူ့ တွင် ၁၅ဝဝ
ကျပ်သာ
ပါရှိသောကြောင့်ဖြစ်သည် ။ ၄င်း (၁၅ဝဝ )သည် အချစ်တစ်ခုရနိုင်ဖို့ မပြော နှင့်
ဆန်တစ်ပြည်လောက်ပင် ဝယ်ယူလို့ မရပါ ။ ထို့ ကြောင့် ဈေးတန်းထဲမှခြေလှမ်းကို နောက်
ကြောင်းပြန်ဖို
့သာရှိတော့သည် ။ ဈေးတန်းတနေရာတွင် ပေါချောင်ကောင်းခပ်ညံ့ညံ့ဆန်တ
ပြည်ကို (၁၅ဝဝဝ/)ဟု ဂျပ်စက္ကူဖြင့်ရေးထားသည်ကိုတွေ
့ရာ ပါလာသော ငွေနှင့်ဝယ်သွားရန်
စိတ်ဒုံးဒုံးချလိုက်တော့သည်
။ဈေးသည်ထံတွင် ဆန်တပြည်ကိုဝယ်လိုက်ရာ ကျွတ်ကျွတ်အိတ်
တလုံးဖြင့် ထည့်ပေးလိုက်လေသည် ။
ထိုခဏတွင် သူသည် ဆန်ထုပ်ကလေးကို
ပိုက်ကာ အပြေးတပိုင်းဖြင့် အိမ်သို့ ချီတက်
သွားပါတော့သည်
။ လမ်းခုလပ်တွင် ငယ်သူငယ်ချင်းယောက်နှင့်တွေ
့ပြန်လေသည် ။ အနှီ
သူငယ်ချင်းကား ခင်မင်ရင်းနှီးတတ်၍လား မပြောတတ်။စကားပြောလျှင် လေကြောအလွန်
ရှည်၏ ။
လျှာရှည်၏ ။ အခုလည်းကြည့်လေ .”ဟေး ….သူငယ်ချင်း - ဖီးကျူ ဘယ်ကလာတာ
လဲ ” ဟုမေးသည်
။ ဈေးထဲကထွက်လာတယ်ဆိုတာ သူမြင်ပါသည်
။လောကွတ်ပြု ၍ နှုတ်
ဆက်ခြင်းဖြစ်ပါသည်
။ သို့ သော် သူကထပ်မေးပါသည် ” သူငယ်ချင်း ဘာတွေ ဝယ်လာတာ
လဲတဲ့ ” ။လက်ထဲမှာ ဆန်ထုပ်ပိုက်လာတာကိုလည်း သူမြင်ပါသည် ။သို့ သော် ခင်မင်ရင်နှီး
သောကြောင့်မေးခြင်းလဲဖြစ်နိုင်ပါသည်။
“ဈေးထဲကဆန်ဝယ်တာပါကွာဟု” တန်ပြန်ပြုံးလေးနဲ့ 
ပြန်ဖြေလိုက်၏
။ သူငယ်ချင်ကား ထိုသို
့မေးမြန်းခြင်းဖြင့်မပြီးသေး ။နောက်ထပ်
မေးခွန်းတခု
ကို မဆိုင်းမတွ ထပ်မံမေးလိုက်သောအခါ ဖီးကျူတယောက်
စိတ်ဆိုးရမလို ၊ ငိုရမလို ၊သူ့ 
မေးခွန်းကို ပြန်ဖြေရမလို
ဖြစ်သွားပါတော့သည် ။ သူငယ်ချင်းက
မေးလိုက်သည်မှာ “အေး
သူငယ်ချင်း
…..ဆန်ဝယ်လာတာဆိုတော့ တစ်တင်း ဘယ်လောက်ပေးရလဲကွာတဲ့  “ ။
ဆန်တပြည်ထုပ်ကို ရင်ဝယ်သားကဲ့ သို့  ပိုက်လျက်လာသောသူကို တစ်တင်းဘယ်
လောက်ပေးရလဲဟု မေးရက်လေတကား ။ ထိုမေးခွန်းကို ဖြေရန်ချက်ချင်း စဉ်စားရပြန်၏ ။
တစ်တင်း၏
၁၆ ပုံ တစ်ပုံကို ၁၅ဝဝ ပေးရတယ်ဟု
ဖြေလျှင်ကောင်းမလား (သို့ မဟုတ်)တစ်
ကို ၁၆ နှင့်စား၍
ဝ.ဝ၆၂၅တင်း ကို ၁၅ဝဝ
ပေးရတယ်ဟု ဖြေလျှင်ကောင်းမလား စဉ်းစား
နေမိသည်
။ တစ်တင်းနှင့် တစ်ပြည်မှာ ၁၆ဆ အကွာကြီးကွာ၏။
ဆန်တပြည် ဘယ်လောက်
ပေးရသလဲဟု မေးလျှင်ဖြေသာပါသေးသည် ။ အခုတော့….ဟင့် လူကို
ဖြေရကျပ်အောင်
မေးရက်လေ
ခြင်း ။ တကယ်ဆိုရင် ဖီးကျူတယောက် ဆန်အိတ်ကြီးကို ပုခုံးပေါ်တင်လျက်
မနိုင့်တနိုင်ဖြင့် ထမ်း၍
ဝယ်လာခဲ့သည်ဆိုရင် တစ်တင်းဘယ်ဈေးလဲဟု မေးလျှင်ချက်ချင်း
ဖြေနိုင်ပါသည် ။ဆိုလိုသည်မှာ အခြေအနေပေါ်မူတည်၍ သင့်တင့်လျောက်ပတ်သော ယူနစ်
အတိုင်းတာကို အသုံးပြု၍( မေးမြန်း) သင့်ပါသည် ။
အထက်က
ဥပမာပြဆိုခဲ့သည့်အတိုင်း
နိုင်ငံတကာသုံးယူနစ်ဖြစ်သော
တစ်ကီလိုဂရမ်
(1kg) (မြန်မာအလေးချိန် ၆ဝ သားခန့် ) သည် အလွန်သေးငယ်သော မျက်စိဖြင့်
မမြင်နိုင်
သည့် အနုမြူအမှုန်လေးများကို ဖေါ်ပြရာတွင်
သင့်တင့်လျေက်ပတ်မှုမရှိကြောင်းကိုတွေ့ ရ
မည်ဖြစ်ပါသည်
။ ထိုအတွက်ကြောင့် အနုမြူအမှုန်များ၏ ဒြပ်ထုကိုဖေါ်ပြရာတွင် သေးငယ်
သော ယူနစ်အဖြစ်သတ်မှတ်ရန် သိပ္ပံညာရှင်များက ၁၉၆၁ ခုနှစ်တွင် အက်တမ်ဒြပ်ထုယူနစ်
(Atomic
mass unit )ကို အတည်ပြုသတ်မှတ်ခဲ့သည်
။၎င်းယူနစ်တန်ဖိုးကို ကာဗွန်အက်
တမ်ဒြပ်ထု တန်ဖိုး၏
၁၂ ပုံတစ်ပုံကို စံနမူနာထားကာ သိပ္ပံပညာရှင်များဆွေးနွေးတိုင်ပင်
Jan 13, 2010
အဲဖရက်- နိုဗယ်
Alfred Nobel
နိုဗယ်ဆုနဲ့  ပတ်သက်ပြီးတော့ ပရိတ်သတ်အားလုံး ကြားဖူးပြီးသား ဖြစ်ပါတယ် ။
အဲဖရက်နိုဗယ် (Alfred Nobel) ဆိုတာ ဆွီဒင်လူမျိုး အင်ဂျင်နီယာ ၊ဓာတုဗေဒပညာရှင်၊ လုပ်
ငန်းရှင် မီလျှံနာကြီးတယောက်ပါ။(၁၈၃၃)ခုနှစ် ဆွီဒင်နိုင်ငံမှာ မွေးဖွါးခဲ့တာပါ။ သူ့ ဖခင်လည်း
အင်ဂျင်နီယာ တယောက်ဖြစ်ပါတယ် ။ အဲဖရက်နိုဗယ်ကို မွေးပြီးတဲ့နှစ်မှာ မိသားစု စီးပွါးရေး
ပျက်စီးသွားတယ် ။အဲတာကြောင့် မိခင်နဲ့ မိသားစုက ဆွီဒင်မှာ နေရစ်ခဲ့ကြပြီး ။ဖခင်ဖြစ်သူကဖင်လန်နိုင်ငံ ၊ရှရှားနိုင်ငံတွေကို စီးပွါးရှာထွက်ခဲ့ရပါတယ်။ ရှရှားနိုင်ငံ စိန့် ပီတာစဘတ်မြို့ မှာ
စက်ရုံတခုကို တည်ထောင်နိုင်ခဲ့ တယ် ။ အဲဒီစက်ရုံက ရှရှားဘုရင့် တပ်မတော် အတွက်
လက်နက်ကိရိယာတွေကို ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ် ။ ၁၈၄၂ မှာ မိသားစုအားလုံး ရှရှားကို
ပြောင်းရွေ့ လာကြပါတယ်။ အဲဖရက်နိုဗယ်မှာ အစ်ကိုနှစ်ယောက် ၊ ညီငယ်တယောက် ရှိခဲ့ပါ
တယ် ။ညီအကို လေးယောက်စလုံး ရှရှားမှာ ပညာသင်ကြားခဲ့ ကြပါတယ် ။ ကျူရှင်ကျောင်း
တွေမှာ အထူးသင်ကြားခဲ့တာကြောင့် အဲဖရက်နိုဗယ်(၁၇)နှစ်အရွယ်မှာ ဆွီဒင်၊ ရှရှား၊ ပြင်သစ်
အင်္ဂလိပ် ၊ဂျာမာန် ဘာသာစကားကို ကျွမ်းကျင်တတ်မြောက်ခဲ့ပါတယ် ။ အဲဖရက်နိုဗယ် က
စာပေအနုပညာကို ဝါသနာပါတယ် ၊ကဗျာရေးတာကိုလည်း နှစ်သက်တယ် ။ ဒါပေမယ့် သူ့ 
ဖခင်က အနုပညာကို သဘောမကျဘူး ။ဖခင်လို စက်မှုအင်ဂျင်နီယာ တယောက် ဖြစ်စေချင်
ခဲ့ပါတယ် ။
အဲဖရက်နိုဗယ်ငယ်စဉ်က
ပြင်သစ်နိုင်ငံမှာ ဓာတုဗေဒပညာကိုသင်ယူစေခဲ့ပါတယ်။အမေရိကန်နိုင်ငံမှာလည်း လေးနှစ်ကြာ ပညာသင်ယူခဲ့တယ်။ပဲရစ်မြို့မှာ အီတလီ ဓာတုဗေဒပညာရှင် ဆိုဗရီရိုSobreroနဲ့ 
သိကျွမ်းခင်မင်ခဲ့တယ် ။ ဆိုဗရီရိုက နိုက်ထရိုဂရစ်စလင်း ဓာတုဖေါက်ခွဲပစ္စည်းကို တီထွင် လိုက်တဲ့ အခါ ၊ နိုက်ထရိုဂရစ်ဆလင်းကို အလွန် စိတ်ဝင်စားခဲ့တယ် ။ ပညာသင်ကြားခဲ့ပြီး
စိန့် ပီတာစဘတ်မြို့ မှာ သူ့ဖခင်နှင့်အတူ အလုပ်လုပ်ကိုင်ယင်း နိုင်ထရိုဂရစ်စလင်း(ဓာတု-ဖေါက်ခွဲရေး နည်းပညာ )ကို စိတ်ပါဝင်းစားစွာ လေ့လာနေခဲ့တယ် ။အဲဖရက်နိုဗယ်၏ ဖခင်က လည်း ပင်လယ်ပြင်-မိုင်း ( ရေမြုပ်ဗုံး)ကို ရှရှား-ဇာဘုရင်အတွက် တီထွင်ပေးနိုင်ခဲ့ တယ်။ ခရိမီယမ်းစစ်ပွဲ(Crimean War ၁၈၅၃-၅၆)မှာ စိန့် ပီတာစဘတ်(ရှရှား) သို့  ချီတက်လာသော အင်္ဂလိပ်ရေတပ်သင်္ဘောများကို ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့တယ်။ (၁၈၅၃-နှစ် မင်းတုန်းမင်း နန်း တက်စဉ်မှာ ၊ ကနောင်မင်းသားကြီး ရေမြုပ်ဗုံး စမ်းသပ်ခဲ့တဲ့  အချိန်နဲ့  နှိုင်းယှဉ်ကြည့်ရရင် အချိန်ကာလ သိပ်မကွာခြားကြောင်း ကိုတွေ့ ရတယ်။ )
သိကျွမ်းခင်မင်ခဲ့တယ် ။ ဆိုဗရီရိုက နိုက်ထရိုဂရစ်စလင်း ဓာတုဖေါက်ခွဲပစ္စည်းကို တီထွင် လိုက်တဲ့ အခါ ၊ နိုက်ထရိုဂရစ်ဆလင်းကို အလွန် စိတ်ဝင်စားခဲ့တယ် ။ ပညာသင်ကြားခဲ့ပြီး
စိန့် ပီတာစဘတ်မြို့ မှာ သူ့ဖခင်နှင့်အတူ အလုပ်လုပ်ကိုင်ယင်း နိုင်ထရိုဂရစ်စလင်း(ဓာတု-ဖေါက်ခွဲရေး နည်းပညာ )ကို စိတ်ပါဝင်းစားစွာ လေ့လာနေခဲ့တယ် ။အဲဖရက်နိုဗယ်၏ ဖခင်က လည်း ပင်လယ်ပြင်-မိုင်း ( ရေမြုပ်ဗုံး)ကို ရှရှား-ဇာဘုရင်အတွက် တီထွင်ပေးနိုင်ခဲ့ တယ်။ ခရိမီယမ်းစစ်ပွဲ(Crimean War ၁၈၅၃-၅၆)မှာ စိန့် ပီတာစဘတ်(ရှရှား) သို့  ချီတက်လာသော အင်္ဂလိပ်ရေတပ်သင်္ဘောများကို ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့တယ်။ (၁၈၅၃-နှစ် မင်းတုန်းမင်း နန်း တက်စဉ်မှာ ၊ ကနောင်မင်းသားကြီး ရေမြုပ်ဗုံး စမ်းသပ်ခဲ့တဲ့  အချိန်နဲ့  နှိုင်းယှဉ်ကြည့်ရရင် အချိန်ကာလ သိပ်မကွာခြားကြောင်း ကိုတွေ့ ရတယ်။ )
အဲဖရက်နိုဗယ်၏ ဖခင် ရေမြုပ်ဗုံးစမ်းသပ်ခြင်း
ခရိမီယမ်းစစ်ပွဲအပြီးမှာ အဲဖရက်နိုဗယ်တို့ မိသားစု စီပွါးရေးကျဆင်းသွားပြန်တယ်။
အဲဖရက်၏ မိဘနှစ်ပါးနှင့် ညီငယ်-အီမေးတို့ သည် ဆွီဒင်သို့  ပြောင်းရွေ့ နေထိုင်ကြတယ်။
အဲဖရက်နှင့်အစ်ကိုနှစ်ယောက်က ရှရှားမှာကျန်ခဲ့ပြီး မိသားစုစီးပွါးရေးကို ဆက်လက်လုပ်ကိုင်
နေခဲ့တယ်။ဒါပေမယ့် (၁၈၆၃)မှာ ဖခင်ရှိရာ ဆွီဒင်ပြည်ကို ပြောင်းရွေ့ လာခဲ့ကြတယ် ။
ဆွီဒင်အစိုးရခွင့်မပြုသောကြောင့် ရေကန်ထဲကလှေငယ်ပေါ်မှာ စမ်းသပ်ခဲ့ပုံ
အဲဖရက်နိုဗယ်ကတော့ နိုက်ထရိုဂရစ်စလင်းကို စိတ်ဝင်စားစွာ စမ်းသပ်နေတုံးပါပဲ။ နိုက်ထရို
ဂရစ်စလင်း liquid explosive စက်ရုံကို တည်ဆောက် လုပ်ကိုင်ခဲ့ပါတယ် ။ အဲဖရက်၏
စမ်းသပ်မှုမတော်တဆကြောင့် ညီအငယ်- အီမေး(Emil) နဲ့  လူလေးဦး သေဆုံးသွားခဲ့တယ်။
အဲတာကြောင့် ဆွီဒင်အစိုးရက အဲဖရက်နိုဗယ်ရဲ့  ဂရစ်စလင်း-ဖောက်ခွဲရေးစက်ရုံကို ပြုပြင်
ခွင့် မပေးခဲ့ပါဘူး။ စမ်းသပ်မှုများကိုလည်း ပိတ်ပင်တားဆီးခဲ့တယ် ။ ဒါပေမယ့် အဲဖရက်က
မလျော့သော ဇွဲလုံ့ လဖြင့် စမ်းသပ်မှုကို ဆက်လက်လုပ်ကိုင်ပါတယ် ။ မီလာရန် (Mälaren)
ရေကန်ကြီးထဲက လှေငယ်လေးပေါ်မှာ ဆွီဒင်အစိုးရ မသိအောင် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့
တာပါ ။ နိုက်ထရိုဂရစ်စလင်း (ဓာတု အရည်)မှ အစိုင်အခဲအချောင်း ပုံစံဖြစ်အောင် တီထွင်
နိုင်ခဲ့ ပါတယ် ။ ၁၈၈၆ ခုနှစ်မှာ ကိုယ်ပိုင်မှတ်ပုံတင် ပြုလုပ်ကာ ဒိုင်းနမိုက် (dynamite) ဟု
အမည်ပေးကာ ယမ်းဘီလူးစက်ရုံများကို တည်ဆောက်နိုင်ခဲ့တယ်။(နိုက်ထရိုဂရစ်စလင်း-ဓာတုဗေဒ အကြောင်းကို အကျယ်တဝန်း မရှင်းပြနိုင်တာကို ပရိတ်သတ်များ နားလည်ပေးပါ ။
ဓာတုဗေဒ-ပညာရှင်များထံမှာ ချဉ်းကပ်မေးမြန်းကြပါ ။)
နှိုဗယ်၏ဓာတ်ခွဲစမ်းသပ်ခန်းငယ်တခု ဒိုင်းနမိုက်
သူ၏တီထွင်မှုဖြင့် သတ္တုရှာဖွေရေး ကျောင်တောင်တွေကို အလွယ်တကူ ဖေါက်ခွဲနိုင်
ခဲ့တယ်။ ကျောက်မီးသွေးတွင်း တူးဖေါ်ရာမှာလည်း အသုံးပြုနိုင်ခဲ့ပါတယ်။ ဥမင်လှိုင်ခေါင်း
ဖေါက်လုပ်ခြင်း ၊ တံတား ဆောက်လုပ်ခြင်းများမှာ အသုံးပြုနိုင်ခဲ့တယ်။ပထမဆုံး ဂျာမဏီနိုင်ငံ
တွင် ဒိုင်းနမိုက် စက်ရုံကိုတည်ဆောက်ခဲ့သည်။ အမေရိကန် ၊သြစတေးလျ နှင့် ဥရောပနိုင်ငံ
အနှံ့ အပြားတွင် ဒိုင်းနမိုက်-ယမ်းဘီဘူးစက်ရုံများ တည်ဆောက်ထုတ်လုပ်ခဲ့သည်။ နိုင်ငံပေါင်း
၂ဝတွင် စက်ရုံပေါင်း ၉ဝ ကျော် တည်ဆောက်ခဲ့သည် ။ ပြင်သစ်ပြည် ပဲရစ်မြို့တွင် ပြောင်းရွေ့ 
နေထိုင်ပြီး စက်ရုံရှိရာ နိုင်ငံများသို့  လှည့်ပတ်သွားလာ ကြီးကြပ်လုပ်ကိုင်ခဲ့သည်။အဲဖရက် သည် ဒိုင်းနမိုက်လုပ်ငန်းဖြင့် ကြွယ်ဝချမ်းသာလာရာ ကမ္ဘာ့ ချမ်းသာဆုံး မီလျှံနာကြီးဖြစ်လာ သည် ။သူသည် ဂျာမဏီ ၊ ပြင်သစ် ၊စကော့တလန် ၊အီတလီ နိုင်ငံများတွင် ပြောင်းရွေ့ နေ ထိုင်ခဲ့ပြီး ဓာတ်ခွဲစမ်းသပ်ခန်းများကို တည်ဆောက်သည်။ အဲဖရက်၏ ဘဝတလျောက်လုံး တွင် ကမ္ဘာအနှံ့  သွားလာနေထိုင်ခဲ့ သောကြောင့် (လေလွင့်နေသော) ခြေသလုံးအိမ်တိုင် ဥရောပ-သူဌေးကြီးဟု ခေါ်ဆိုခဲ့ကြသည်။
နေထိုင်ပြီး စက်ရုံရှိရာ နိုင်ငံများသို့  လှည့်ပတ်သွားလာ ကြီးကြပ်လုပ်ကိုင်ခဲ့သည်။အဲဖရက် သည် ဒိုင်းနမိုက်လုပ်ငန်းဖြင့် ကြွယ်ဝချမ်းသာလာရာ ကမ္ဘာ့ ချမ်းသာဆုံး မီလျှံနာကြီးဖြစ်လာ သည် ။သူသည် ဂျာမဏီ ၊ ပြင်သစ် ၊စကော့တလန် ၊အီတလီ နိုင်ငံများတွင် ပြောင်းရွေ့ နေ ထိုင်ခဲ့ပြီး ဓာတ်ခွဲစမ်းသပ်ခန်းများကို တည်ဆောက်သည်။ အဲဖရက်၏ ဘဝတလျောက်လုံး တွင် ကမ္ဘာအနှံ့  သွားလာနေထိုင်ခဲ့ သောကြောင့် (လေလွင့်နေသော) ခြေသလုံးအိမ်တိုင် ဥရောပ-သူဌေးကြီးဟု ခေါ်ဆိုခဲ့ကြသည်။
အဲဖရက်နိုဗယ်သည် ဒိုင်းနမိုက်တခုတည်းကိုသာ တီထွင်ခဲ့ခြင်းမဟုတ် ။သူ၏တီထွင်
မှုများဖြင့် ထုတ်လုပ်ရောင်းချခဲ့သည့်ကိုယ်ပိုင်မှတ်ပုံတင် အမှတ်တံဆိပ် (၃၅၅)မျိုးခန့် ရှိသည်။
ရာဘာ-သားရေတု ကိုလည်း အဲဖရက်နိုဗယ် တီထွင်ခဲ့သည် ။ထို့ ပြင် (သဘာဝမဟုတ်သော)
ပိုးချည်ကိုလည်း တီထွင်ခဲ့သည်။ အဲဖရက်နိုဗယ်၏ ဒိုင်းနမိုက်များကို နိုင်ငံတကာစစ်တပ်များမှ အဓိကဝယ်ယူကြသောကြောင့် သူ့ ကို လူသတ်တရားခံဟုစွပ်စွဲပြောဆိုခြင်းကိုခံရသည်။ထို့  နောက်ပြင်သစ်သတင်းစာကြီး တစောင်က“သေမင်းကုန်သည်ကြီး”ဟုရေးသားလိုက်သောအခါ
စိတ်နှလုံးမသာမယာဖြစ်ခဲ့ရသည် ။ ညီငယ်လေး-အီမေးနှင့် အသက်ပေါင်း များစွာ သေဆုံးခဲ့ရသည်။ သူ့ ကြောင့်စစ်ပွဲများ ဖြစ်ရသည်ဟု ခံစားလာရသည်။ (ဒိုင်းနမိုက် တီထွင်မှုမရှိခဲ့လည်း စစ်ဝါဒီသမားတွေကြောင့် စစ်ပွဲဆိုတာရှိခဲ့မှာဘဲလို့  ထင်တာဘဲဗျာ။) သူ၏ ကျန်ရစ်ခဲ့သောငွေကြေးများကို နိုှဗယ်ဆု အဖြစ်ချီုးမြှင့်ရန် သေတမ်းစာတွင် ရေးသား ခဲ့သည်။ ၁၈၉၆ခု အဲဖရက်နိုဗယ်သည် (၆၃)နှစ်အရွယ်တွင် အီတလီနိုင်ငံ၌ ကွယ်လွန်သည်။
စိတ်နှလုံးမသာမယာဖြစ်ခဲ့ရသည် ။ ညီငယ်လေး-အီမေးနှင့် အသက်ပေါင်း များစွာ သေဆုံးခဲ့ရသည်။ သူ့ ကြောင့်စစ်ပွဲများ ဖြစ်ရသည်ဟု ခံစားလာရသည်။ (ဒိုင်းနမိုက် တီထွင်မှုမရှိခဲ့လည်း စစ်ဝါဒီသမားတွေကြောင့် စစ်ပွဲဆိုတာရှိခဲ့မှာဘဲလို့  ထင်တာဘဲဗျာ။) သူ၏ ကျန်ရစ်ခဲ့သောငွေကြေးများကို နိုှဗယ်ဆု အဖြစ်ချီုးမြှင့်ရန် သေတမ်းစာတွင် ရေးသား ခဲ့သည်။ ၁၈၉၆ခု အဲဖရက်နိုဗယ်သည် (၆၃)နှစ်အရွယ်တွင် အီတလီနိုင်ငံ၌ ကွယ်လွန်သည်။
အဲဖရက်နိုဗယ်ရေးသားခဲ့သော သေတမ်းစာမူရင်း
အဲဖရက်နိုဗယ်၏ အတွင်းရေးမှုး
အဲဖရက်နိုဗယ်သည် ဘဝတလျှောက်လုံး အိမ်ထောင်မပြုဘဲ တကိုယ်တည်းနေထိုင်
ခဲ့သည် ။ ၁၈၇၆ ခုနှစ် အသက် ၄၃ နှစ်အရွယ်တွင် အတွင်းရေးမှုး တယောက်ခန့် ထားရန်
သတင်းစာ ၌ ကြော်ငြာထည့်သွင်းခဲ့သည် ။ စည်းကမ်းချက်များမှာ အရွယ်ရောက်ပြီးသော
မိန်ကလေး၊ချမ်းသာကြွယ်ဝရမည် ။ခေတ်ပညာတတ်မြောက်ရမည် ။ဘာသာစကား ကျွမ်းကျင်
ရမည် ။အတွင်းရေးမှုး လျောက်လွှာတင်ကြရာတွင် သြစတေးလျ နိုင်ငံသူ Bertha von Suttner
(ဘာသာဘွန်ရှပ်နာ) ကိုခန့် အပ်ခဲ့သည်။သို့ သော် သူမသည် ချိန်အနည်းငယ်သာ လုပ်ကိုင်
ခဲ့ကာ သြစတေးလျသို့  ပြန်သွားပြီးCount Arthur von Suttner (ကောင့်အာရသာဘွန်ရှပ်နာ)
နှင့် လက်ထပ်ခဲ့သည် ။သို့ သော် သူမနှင့်အဲဖရက်တို့  အလွန်ရင်းနှီးသော မိတ်ဆွေများအဖြစ်
ဆက်လက်ရှိနေခဲ့သည်။ အပြန်အလှန် စာရေးဆက်သွယ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ စာပေ
ဝါသနာတူများ ဖြစ်သောကြောင့် ပိုမိုရင်းနှီးခဲ့ ကြပေသည်။နောင်အခါတွင် သူမသည် ငြိမ်ချမ်း
ရေးနှင့်ဆိုင်သော အလွန်နာမယ်ကြီးသည့် Lay Down YourArms စာအုပ်ကို ရေးသားထုတ်ဝေ
ခဲ့သည် ။ သူမ၏ရေးသားထုတ်ဝေသော စာအုပ်ကြောင့် စာပေ နိုဗယ်ဆုအဖြစ် ရွေးချယ်
ချီးမြှင့်ရန် သေတမ်းစာတွင် ရေးသားခဲ့သည်ဟု နှောင်းလူများက ယူဆကြသည်။ ထို့ နောက်
အဲဖရက်နိုဗယ် သေဆုံးပြီး ၁၉ဝ၅ ခုနှစ်တွင် ဘာသာဘွန်ရှပ်နာသည် ငြိမ်ချမ်းရေးနိုဗယ်ဆုကို
လက်ခံရှိခဲ့၏။
၁၉ဝ၁ခုနှစ် ပထမအကြိမ် နိုဗယ်ဆုချီးမြှင့်ပွဲ
အဲဖရက်နိုဗယ်ကွယ်လွန်ုပြီး လေးနှစ်ကြာသောအခါ နိုဗယ်ဆုရွေးချယ်ရေး အဖွဲ့ ကို ဆွီဒင်ငွေကြေး (kronor ) ၃၃ သန်းဖြင့် ဖွဲ့ စည်းကာ (၁၉ဝ၁ )ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပါတယ်။
ဆုငွေအဖြစ် ဆွီဒင်ငွေ တသန်း ချီးမြှင့်တယ် ။ နိုဗယ်ဆု အမျိုးစားများမှာ ရူပဗေဒပညာ ၊
ဓာတုဗေဒပညာ ၊ ဆေးဝါးဗေဒ (သို့ ) ဇီဝကမ္မဗေဒ ၊စာပေထူးချွန်သူနှင့် ငြိမ်းချမ်းရေး အတွက်
စွမ်းဆောင်နိုင်သူများကို နှစ်စဉ် ရွေးချယ်ပေးအပ်သည်။ သို့ သော် ၁၉၆၉ ခုနှစ်တွင် ဆွီဒင်
ဗဟိုဘဏ်၏ အကြံပေးချက်အရ စီးပွါးရေးပညာရှင် (the Prize in Economics) ဆုအဖြစ် ရွေးချယ် ချီးမြှင့်ခဲ့သည်။ နိုဗယ်ဆုတံဆိပ်ကို ရွှေသားဖြင့် ပြုလုပ်၍ ၊ ဆုကြေးငွေ ပမာဏကို
နိုဗယ်ဖောင်ဒေးရှင်း၏ နှစ်စဉ် ဝင်ငွေအလိုက်ပေးအပ်ချီးမြှင့်ခဲ့သည် ။( ၂ဝဝ၉ ခုနှစ်တွင် နိုဗယ်ဆု အမျိုးစားတခုကို ဆွီဒင်ငွေကြေး (၁ဝ)သန်း အထိ ချီးမြှင့်ပေးခဲ့သည် ။)
ရူပဗေဒနှင့်ဓာတုဗေဒ ရွေတံဆိပ်ဆု
ဘောဂဗေဒရွေတံဆိပ်ဆု
နိုဗယ်ဆုအဖြစ်ရွေးချယ် သတ်မှတ်ရာတွင် ရူပဗေဒနိုဗယ်ဆု ၊ ဓာတုဗေဒနိုဗယ်ဆု
၊ဘောဂဗေဒနိုဗယ်ဆုများကို ဆွီဒင်တော်ဝင်အကယ်ဒမီသိပ္ပံမှ ရွေးချယ်သတ်မှတ်ပေးသည်။
ဇီဝကမ္မဗေဒ(သို့ )ဆေးဝါးဗေဒ ရွှေတံဆိပ်ဆု
ဆေးဝါးဗေဒ (သို့ ) ဇီဝကမ္မဗေဒ နိုဗယ်ဆုကို ဆွီဒင်နိုင်ငံ ကာရိုလင်းစကား-ဆေးတက္ကသိုလ်မှ
( Karolinska Institute ) ရွေးချယ် သတ်မှတ်ပေးသည် ။
စာပေရွှေတံဆိပ်ဆု
နိုဗယ်စာပေဆုကို ဆွီဒင်နိုင်ငံ တော်ဝင်အကယ်ဒမီမှ ရွေးချယ်သတ်မှတ်ပေးသည် ။
ငြိမ်းချမ်းရေး ရွှေတံဆိပ်ဆု
နိုဗယ်ငြိမ်းချမ်းရေးဆုကို တမူထူးခြားစွာဖြင့် နော်ဝေးနိုင်ငံ ငြိမ်ချမ်းရေးနိုဗယ်ဆု-ရွေးချယ်ရေး
အဖွဲ့ မှ ရွေးချယ်သတ်မှတ်ပေးသည် ။
၁၉ဝ၁ ခုနှစ်မှ စ၍ သတ်မှတ်ထားသော ဆုအမျိုးစားအလိုက် ကမ္ဘာအရပ်ရပ်မှ
ထူးချွန်သူများကို နှစ်စဉ်နှစ်တိုင်း နိုဗယ်ဆုများ ပေးအပ် ချီးမြှင့်ခဲ့ရာ (၂ဝဝ၉ ခုနှစ်) အထိ
နှစ်ပေါင်း (၁ဝ၉)နှစ်တိုင်အောင်ရောက်ရှိခဲ့ လေပြီ။ ၄င်းနိုဗယ်ဆုရှင်များထဲမှ ရူပဗေဒနိုဗယ်ဆု
ရရှိသူများ၏ ဘဝနှင့်သူတို့ တီထွင်ခဲ့သော ရူပဗေဒအောင်မြင်မှု နည်းပညာများကို ရေးသား
တင်ပြရန်စိတ်ကူးမိသောကြောင့် နိဒါန်းအနေဖြင့် အဲဖရက်နိုဗယ် အကြောင်းကို တင်ပြလိုက်
ပါသည် ။ ရူပဗေဒ နိုဗယ်ဆုရှင်များအားလုံး အကြောင်းကို မြန်မာဘာသာ စာအုပ်အနေနဲ့ 
ဖီးကျူ မဖတ်ဘူးပါဘူး ၊အင်တာနက်စာမျက်နှာ ပေါ်မှာလဲ မတွေ့ သေးပါဘူး ။ အဲတာကြောင့်
နိုဗယ်ဆုရှင်များကဏ္ဍကို ထည့်သွင်းရေးသားဖို့ စိတ်ကူးဖြစ်ပါတယ်။ထိုကဲ့သို့ ရေးသားရာတွင်
ဗဟုသုတ လိုချင်သူများအတွက် သာမက ၊ ရူပဗေဒနည်းပညာ လေ့လာဆည်းပူးနေသူများ
အတွက်ပါ ရည်ရွယ်၍ ကြိုးပမ်းအားထုတ်ပါမည်ဟု ပရိတ်သတ်အား လေးစားစွာ တင်ပြပါ
တယ် ခင်ဗျား ။
………………………………..ဖီးကျူ………………………………………………..
………………………………..ဖီးကျူ………………………………………………..
Subscribe to:
Posts (Atom)
အနုမြူရူပဗေဒ (မြန်မာဖတ်စာအုပ်)
ကျွန်တော်ဆီမှာရှိတဲ့ အနုမြူရူပဗေဒစာအုပ်တွေထဲက မြန်မာဘာသာဖြင့်ရေးသားထားသည့် တခုတည်းသော စာအုပ်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင...
-
--> ရူပဗေဒ ဘာသာရပ်မှာ တိုင်းတာခြင်းဆိုတာ အခြေခံတခုပါပဲ ။ တိုင်းတာခြင်းဆိုတာ တကယ်တော့ နှိုင်းယှဉ်ခြင်းတမျိုး...
-
ကျွန်တော်တို့ရဲ့ ရှေးမြန်မာလူကြီးတွေက သိပ္ပံပညာကို လောကဓာတ်ပညာလို့ခေါ်ကြတယ်ဗျ။ အဲဒီတော့ ရူပဗေဒပညာ ကိုလည်း လောကဓာတ်ပညာ လို...
-
ကျွန်တော်ဆီမှာရှိတဲ့ အနုမြူရူပဗေဒစာအုပ်တွေထဲက မြန်မာဘာသာဖြင့်ရေးသားထားသည့် တခုတည်းသော စာအုပ်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင...






















