အနုမြူ အမှတ်(၄)
စကြာဝဠာအတွင်းရှိ ဂြိုလ်များ လှည့်ပတ်သွားလာခြင်းနှင့် တူညီသည်။ တနည်းအားဖြင့် အနုမြူသည် စကြာဝဠာငယ်လေးများဖြစ်သည်။ (ကမ္ဘာသည်လည်း မိမိဝင်ရိုးပေါ်တွင် ကိုယ် တိုင်လည်ပတ်လျက်
၊နေကိုလှည့်ပတ်သွားလာနေခြင်းဖြစ်သည် ။
နယူကလီယတွင် ပြင်းထန်သော အနုမြူအားများ ရှိကြောင်း လေ့လာသိရှိခဲ့ပါပြီ။
နယူကလီယတွင်ပါဝင်သော ပရိုတွန်များသည် (ဓာတ်ဖို) ဆောင်သော
လျှပ်စစ်မှုန်များဖြစ်ကြ သည်။နယူထွန်များမှာ
လျှပ်စစ်ဓာတ်- မရှိသော (ဓာတ်မဲ့)
အမှုန်များဖြစ်ကြသည်။ထို့ ကြောင့် နယူကလီယ၏
အသားတင် လျှပ်စစ်ဓာတ်မှာ (ဓာတ်ဖို)လျှပ်စစ်ဓာတ်ဆောင်ပါသည် ။ထို့ ပြင်
နယူကလီယတွင် လျှပ်စစ်ဓာတ်ဆောင်
ပရိုတွန်များပါဝင်သောကြောင့် (Electric Force)လျှပ်
တွေ
့ရမည် ။ ( Coulomb’s Force = k q1q2
/r2 )
K=9×109
constant
q1
,q2=လျှပ်စစ်ဓာတ်ဆောင်အမှုန်နှစ်ခု
r = q1 & q2 ကြားအကွာအဝေး
သို
့သော် သက်ရောက်နေသော လျှပ်စစ်အားသည် အနုမြူအားထက်
အဆပေါင်း(၄ဝ)ခန့် 
သေးငယ်သောကြောင့် အရာမရောက်နိုင်ဘဲ မှေးမှိန်နေရခြင်းဖြစ်သည် ။
တနည်းအားဖြင့် နယူကလီယတွင်
အနုမြူအား (Nuclear Force)တစ်ခုသာ ကြီးစိုး
နေခြင်းဖြစ်သည်။
ပရိုတွန်အချင်းချင်း (သို့ ) နယူထွန်အချင်းချင်း (သို့ )
ပရိုတွန်နှင့်နယူထွန်
တို
့တွင် အနုမြူအားသက်ရောက်မှုရှိသည် ။ထို
့ကြောင့် အနုမြူအားသည် လျှပ်စစ်ဓာတ်ရှိ ခြင်း ၊မရှိခြင်းနှင့် လုံးဝမသက်ဆိုင်ပါ။ ကူးလောင်းနိယာမ(လျှပ်စစ်အား)ကဲ့သို
့ လျှပ်စစ်ဓာတ်
ကြောင့် အနုမြူအားဖြစ်ပေါ်ခြင်း မဟုတ်ဟု
ဆိုလိုပါသည် ။
သို့ သော် နယူကလီယအတွင်းရှိ နယူကလီယွန် အချင်းချင်း အလွန်နီးကပ်လျက်
ရှိနေမှ အနုမြူုအားသက်ရောက်မည် ။ တနည်းအားဖြင့် တာတိုအား (Short range force )
ဖြစ်သည်။(ကူးလောင်းနိယာမ)လျှပ်စစ်အားမှာတာရှည်အား(Long range force) ဖြစ်သည်။ နယူကလီယွန်
အချင်းချင်း ( 10-15
m)
အကွာအဝေးအတွင်း၌သာ ဆွဲအားပြင်းထန်သော
အနုမြူအားများဖြစ်ပေါ်သည်။
သို့ သော် နယူကလီယွန်ချင်းချင်း အလွန့် အလွန်နီးကပ်သွား
လျှင်
တွန်းအားအဖြစ် ပြောင်းလဲသွားနိုင်သည်။ ဆိုလိုသည်မှာ အနုမြူဆွဲအားသည် သတ်မှတ်
ထားသော အကွာအဝေးအတွင်း ( 1-2 ×10-15 m)
နီးကပ်နေမှသာ အားသက်ရောက်မှု
ဖြစ်နေပေါ်နိုင်ပြီး
ဆွဲအားပြင်းအနုမြူအားများကိုတွေ့ ရမည်။ အနုမြူအားသည် နယူကလီယွန်
အချင်းချင်း ကိုယ်တိုင်လှည့်ပတ်နေသော အမွှတ်လည်ခြင်းပေါ်တွင် ပြောင်းလဲမှုရှိနိုင်သည်။
ဆိုလိုသည်မှာ ညာဘက်လှည့်ခြင်းနှင့် ဗယ်ဘက် လှည့်ခြင်းမျိုးဖြစ်သည် ။ စာဖတ်ပရိတ်သတ်
လက်တွေ
့မြင်လိုလျှင် သင်၏ညာဘက်လက်ကိုဆန့် ထုတ်၍ လက်သီးဆုပ်ထားပါ။ထို့ နောက်
(ငါလိုလူ ဇမ္ဘူမှာရှိသေးရဲ့ လားဆိုတဲ့
အထားနဲ့ ) လက်မကို ထောင်လိုက်ပါ ။လက်မထိပ်ဖျား
သည် အပေါ်ဘက်သို့ 
ဦးတည်နေပြီး ၊ကျန်လက်ချောင်းများသည် အတွင်းဘက်သို့  ဦးတည်
နေကြမည်။
ကျန်လက်ချောင်းများ၏ ဦးတည်ဘက်အတိုင်း လှည့်ပတ်နေသော နယူကလီယွန်
များကို (spin up)
အမွတ်လည်ခြင်းဟုခေါ်သည် ။ထိုမှတဖန်
သင်၏လက်မကို အောက်သို့ 
စိုက်၍
ဦးတည်လိုက်ပါ။လက်မထိပ်ဖျားသည် အောက်ဘက်သို့ ညွှန်ပြနေသဖြင့် (spin down)
အမွတ်လည်ခြင်းဟုခေါ်သည်။နယူကလီယွန်များသည်
ကျန်လက်ချောင်းများ၏ ဦးတည်ဘက်
အတိုင်း
လှည့်ပတ်နေကြသည် ။
နယူကလီယတွင် ပြင်းထန်စွာ သက်ရောက်နေသော အနုမြူအားများ(strong nuclearforce) ရှိသော်လည်း ၊ပြင်းအားပျော့သော အနုမြူအားများ ( weak
nuclear force )
လည်း
ရှိနေပါသည် ။ ပြင်းအားပျော့ အနုမြူအားသည်
ပြင်းအားထန်သော အနုမြူအားထက်
အဆပေါင်း တသန်းခန့် ( Million ) နည်းပါသည် ။ထို့ ပြင် လျှပ်စစ်ဆွဲအား (သို့ )ကူးလောင်း
နိယာမအားထက် အဆပေါင်း
တထောင်ခန့် ( thousand) နည်းပါသည် ။ ထို့ ကဲ့သို့  အလွန်
အနုမြူအားများသည်
သက်တမ်းကြာရှည်စွာ ဖြစ်ပေါ်နိုင်သောကြောင့် လျစ်လျူရှူ၍ မရနိုင်ပါ ။
(ဥပမာ
- အနုမြူဗုံးဒဏ် ခံခဲ့ရသော ဂျပန်နိုင်ငံ ဟီရိုရှီးမား
နှင့် နာကာစကီ မြို့ ကြီးများတွင်
ယနေ
့အချိန်ထိ
ပျင်းအားပျော့အနုမြူအားများ
သက်ရောက်နေသည် ။ သက်ရှိသတ္တဝါများ
အတွက် အန္တရယ်ရှိနေဆဲဖြစ်ပါသည်။ထို့ ပြင် ရှရှားနိုင်ငံတွင်
မတော်တဆပေါက်ကွဲသွားသော
ချာနိုဘိုင်း
အနုမြူဓာတ်ပေါင်းဖိုနေရာသည် ယနေ့ အချိန်ထိ
အနုမြူအားများ ထွက်ပေါ်နေဆဲ
ဖြစ်ပါသည်
။)
နယူကလီယတွင် ရှိနေသော နောက်ထပ် အားတမျိုးရှိနေပါသေးသည်
။၎င်းအား
သည် ဒြပ်ဆွဲအားဖြစ်၏။စကြာဝဠာအတွင်းရှိ အရာဝတ္ထုတိုင်းသည်
အချင်းချင်းအပြန်အလှန်
ဆွဲငင်နေကြကြောင်းကို နယူတန် (Newton) က ဒြပ်ဆွဲအားသီအိုရီဖြင့် ဖေါ်ထုတ်ခဲ့သည်။
" ဒြပ်ဆွဲအားကြောင့် ခေါင်းပေါ်ကို ပန်းသီးကြွေကျတာတဲ့ "
လွန်ခဲ့သောနှစ်ပေါင်းလေးရာခန်
့က အင်္ဂလန်ပြည် ကိန်းဘရစ်တက္ကသိုလ်ဝင်းအတွင်း
ပန်းသီး
ပင်အောက်တွင်ထိုင်နေသော နယူတန်၏ခေါင်းပေါ်သို့  ပန်းသီးတလုံး ကြွေကြခဲ့သည်ဟု
ဆို၏
။ ကမ္ဘာ့ မြေဆွဲအားကြောင့် ပန်းသီးကြွေကြသည်ဟု ဆက်စပ် တွေးခေါ် ယူဆလျက်
စကြာဝဠာအတွင်းရှိ အရာဝတ္ထုအချင်းချင်း ဆွဲငင်နေကြကြောင်းသိခဲ့ကြရသည်။ ဒြပ်ဆွဲအား
သီအိုရီအရဆိုသော် ဝတ္ထု၏ဒြပ်ထုကြီးလေလေ ဒြပ်ဆွဲအားပြင်းထန်လေလေ ဖြစ်သည် ။
G = ဒြပ်ဆွဲအားကိန်းသေ
r =ဝတ္ထုနှစ်ခုကြား အကွာအဝေး
နယူကလီယထဲတွင်
နယူကလီယွန်အချင်းချင်း
ဒြပ်ဆွဲအားများသက်ရောက်နေသည်။ သို
့သော် နယူကလီယွန်အချင်းချင်းဆွဲသော ဒြပ်ဆွဲအားသည် အနုမြူအားထက် 10-39times
ဆခန်
့သေးငယ်နေကြောင်းတွေ့ ရသည်။ထို့ ကြောင့်
နယူကလိယကို လေ့လာရာတွင် ထည့်
သွင်းစဉ်းစားခြင်းမပြုဘဲ လျစ်လျူရှူထားသည် ။
နယူကလီယ၏ အရွယ်အစားကို လေ့လာကြည့်လျှင်
စက်လုံးပုံဟု ယူဆထားသောကြောင့်
အချင်းဝက် (Radius )ကိုသိလျှင် စက်လုံး၏ထုထည်ကို တွက်ယူနိုင်သည်။ (V=4/3
πR3)
အချင်းဝက် (Radius )ကိုသိလျှင် စက်လုံး၏ထုထည်ကို တွက်ယူနိုင်သည်။ (V=4/3
ထို
့ကြောင့် နယူကလီယ၏ အရွယ်အစားကို
အချင်းဝက် ပုံသေနည်းဖြင့်
ဖေါ်ပြလေ့ရှိသည် ။
R =
နယူကလီယ၏ အချင်းဝက်
A = နယူကလီယ၏ ဒြပ်ထုတန်ဖိုး
အနုမြူရှုပဗေဒကို လေ့လာသင်ကြားနေသူများသည် ပုစ္ဆာပြသနာများကိုဖြေရှင်းရာတွင်
အီလက်ထွန်
၊ ပရိုတွန် ၊နယူထွန်များ၏
ဒြပ်ထုတန်ဖိုးများကို
သိထားရမည်ဖြစ်သောကြောင့်
ဆက်လက်ဖေါ်ပြပေးပါမည်
။
ဝထ္ထုတခု၏ဒြပ်ထုကို တိုင်းတာရာတွင် နိုင်ငံတကာသုံးယူနစ် (SI unit)
အဖြစ်
ကီလိုဂရမ်ဖြင့်(
Kg) သတ်မှတ်ထားသည် ။ထို့ ကြောင့် အထက်တွင်ဖေါ်ပြခဲ့သော ဒြပ်ထုယူနစ်
များမှာ ကီလိုဂရမ်များဖြစ်သည်။သို့ သော်
အနုမြူရူပဗေဒကိုလေ့လာရန် နှင့် ပုစ္ဆာများတွက်ယူ
ရန်
အသုံးများသော ယူနစ်အမျိုးအစားနှစ်ခု
ရှိပါသေးသည် ။ ဥပမာပြလျှင် --
(1) me =9.10938
×10-31 kg =0.000548579 u
(3)
mn =1.67492× 10-27 kg
=1.008659712 u
ယူနစ်သင်္ကေတ (u) ဆိုသည်မှာ အက်တမ်ဒြပ်ထုယူနစ် ( Atomic Mass Unit ) ဖြစ်သည်။
ဖြစ်သည်။ ၄င်းဆက်သွယ်ချက်တန်ဖိုးသည်
ကာဗွန်အက်တမ်၏ ဒြပ်ထုကို ၁၂ ဖြင့်စား ၍ရသော ရလဒ် အဖြေ ဖြစ်သည်။ 1u=(1.992646636×10-26/ 12)
လူသိနည်းသော နောက်တနည်းမှာ- ၄င်းဆက်သွယ်ချက်တန်ဖိုးသည် အက်ဗိုဂါးဒိုးကိန်းသေ
တန်ဖိုး၏ ပြောင်းပြန်လှန်ကိန်းတခုဖြစ်သည် ။ 1u =1
/(6.0221415×10-26 )
ဒြပ်ထုတန်ဖိုးကို ဖေါ်ပြရန်
နောက်တနည်းမှာ အိုင်စတိုင်းသီအိုရီ ( E
=mc2 )ကို
ကိုယ်စားပြုခြင်းဖြစ်သည်
။၎င်းသီအိုရီအရ
အလင်းအလျင်နှစ်ထပ်ကိန်းဖြင့် ရွှေ့ လျားနေသော
ဝထ္ထုများသည် စွမ်းအင်အသွင်ပြောင်းနိုင်သော ( ဒြပ်ထု-စွမ်းအင် )ဆက်စပ်မှုတခုဖြစ်သည် ။
ထို
့ကြောင့် အမှုန်ဒြပ်ထုများကို စွမ်းအင်ဖြင့်ကိုယ်စားပြုဖေါ်ပြနိုင်သည်
။စွမ်းအင် (Energy )
၏
နိုင်ငံတကာသုံး(SI) ယူနစ်မှာ Joule ( j)
ဂျိုး ဖြစ်သည်။သို့ သော် အီလက်ထွန်ဗို့ ယူနစ်
(ev) ဖြင့်ဖေါ်ပြရန် ဆက်သွယ်ချက်တခုမှာ - 1J = 1.6 x 10-19 ev
သို
့သော် E=mc2 ညီမျှခြင်းတွင် ဒြပ်ထု( m) နေရာအစားသွင်းရာတွင် အက်တမ်ဒြပ်ထု
ယူနစ် (u) ဖြင့်တွက်ပါက E=[ m ]
931.5 Mev ကို အသုံးပြုရမည် ။ ဒြပ်ထုယူနစ်ကို
ကီလိုဂရမ်ဖြင့် တွက်ပါက
E= m c2 /1.6 x10-19 ev ဖြင့်တွက်ယူရမည် ။အလင်းလျင်ကို
တိကျစွာ (c =2.9979× 108 ms-1 )
ဖြင့်တွက်နိုင်သည်။ ဒြပ်တန်ဖိုးများကို ယူနစ်( ၃)မျိုး
ဖြင့် နှိုင်းယှဉ်ဖေါ်ပြရသော် -
(1)
me
=9.10938 ×10-31 kg =0.000548579 u = 0.511 Mev
(2) mp =1.67262×10-27 kg
=1.007274621 u = 939.53Mev
ထပ်မံရှင်းလင်းချက်။ ။ အနုမြူရူပဗေဒတွင် ဒြပ်ထုတန်ဖိုးကို နိုင်ငံတကာသုံးယူနစ်(SI) kg
ကီလိုဂရမ်ဖြင့်သာမက အက်တမ်ဒြပ်ထုယူနစ် (u) ဖြင့်လည်းကောင်း ၊ စွမ်းအင်ကိုယ်စားပြု
ယူနစ် (
ev )ဖြင့်လည်းကောင်း အမျိုမျိုးအသုံးချ
တွက်ယူနိုင်ကြောင်းတွေ့ ရသည် ။ထိုကဲ့သို့ 
အမျိုးမျိုးအသုံးပြုရခြင်း၏ အကြောင်းအရင်းကို -ဥပမာ -ဇတ်လမ်းတခုဖြင့်ရှင်းပြပါမည် ။
တစ်ခုသော မနက်ခင်းမှာ ဖီးကျူတယောက် ဈေးဝယ်ထွက်ခဲ့သည်။ဆီ ၊ဆန် ၊ဆား ၊
ဟင်းသီးဟင်းရွက်များနှင့် အသားငါးတို့ ဝယ်ရန်ဖြစ်သည် ။သို့ သော် သူသည်
အကျီအိပ်ကို
စမ်းကြည့်လိုက်ပြီး ခြေလှမ်းများ တုံ့ ကနဲ့ ဖြစ်သွားရလေသည်
။အကြောင်းမှာ သူ့ တွင် ၁၅ဝဝ
ကျပ်သာ
ပါရှိသောကြောင့်ဖြစ်သည် ။ ၄င်း (၁၅ဝဝ )သည် အချစ်တစ်ခုရနိုင်ဖို့ မပြော နှင့်
ဆန်တစ်ပြည်လောက်ပင် ဝယ်ယူလို့ မရပါ ။ ထို့ ကြောင့် ဈေးတန်းထဲမှခြေလှမ်းကို နောက်
ကြောင်းပြန်ဖို
့သာရှိတော့သည် ။ ဈေးတန်းတနေရာတွင် ပေါချောင်ကောင်းခပ်ညံ့ညံ့ဆန်တ
ပြည်ကို (၁၅ဝဝဝ/)ဟု ဂျပ်စက္ကူဖြင့်ရေးထားသည်ကိုတွေ
့ရာ ပါလာသော ငွေနှင့်ဝယ်သွားရန်
စိတ်ဒုံးဒုံးချလိုက်တော့သည်
။ဈေးသည်ထံတွင် ဆန်တပြည်ကိုဝယ်လိုက်ရာ ကျွတ်ကျွတ်အိတ်
တလုံးဖြင့် ထည့်ပေးလိုက်လေသည် ။
ထိုခဏတွင် သူသည် ဆန်ထုပ်ကလေးကို
ပိုက်ကာ အပြေးတပိုင်းဖြင့် အိမ်သို့ ချီတက်
သွားပါတော့သည်
။ လမ်းခုလပ်တွင် ငယ်သူငယ်ချင်းယောက်နှင့်တွေ
့ပြန်လေသည် ။ အနှီ
သူငယ်ချင်းကား ခင်မင်ရင်းနှီးတတ်၍လား မပြောတတ်။စကားပြောလျှင် လေကြောအလွန်
ရှည်၏ ။
လျှာရှည်၏ ။ အခုလည်းကြည့်လေ .”ဟေး ….သူငယ်ချင်း - ဖီးကျူ ဘယ်ကလာတာ
လဲ ” ဟုမေးသည်
။ ဈေးထဲကထွက်လာတယ်ဆိုတာ သူမြင်ပါသည်
။လောကွတ်ပြု ၍ နှုတ်
ဆက်ခြင်းဖြစ်ပါသည်
။ သို့ သော် သူကထပ်မေးပါသည် ” သူငယ်ချင်း ဘာတွေ ဝယ်လာတာ
လဲတဲ့ ” ။လက်ထဲမှာ ဆန်ထုပ်ပိုက်လာတာကိုလည်း သူမြင်ပါသည် ။သို့ သော် ခင်မင်ရင်နှီး
သောကြောင့်မေးခြင်းလဲဖြစ်နိုင်ပါသည်။
“ဈေးထဲကဆန်ဝယ်တာပါကွာဟု” တန်ပြန်ပြုံးလေးနဲ့ 
ပြန်ဖြေလိုက်၏
။ သူငယ်ချင်ကား ထိုသို
့မေးမြန်းခြင်းဖြင့်မပြီးသေး ။နောက်ထပ်
မေးခွန်းတခု
ကို မဆိုင်းမတွ ထပ်မံမေးလိုက်သောအခါ ဖီးကျူတယောက်
စိတ်ဆိုးရမလို ၊ ငိုရမလို ၊သူ့ 
မေးခွန်းကို ပြန်ဖြေရမလို
ဖြစ်သွားပါတော့သည် ။ သူငယ်ချင်းက
မေးလိုက်သည်မှာ “အေး
သူငယ်ချင်း
…..ဆန်ဝယ်လာတာဆိုတော့ တစ်တင်း ဘယ်လောက်ပေးရလဲကွာတဲ့  “ ။
ဆန်တပြည်ထုပ်ကို ရင်ဝယ်သားကဲ့ သို့  ပိုက်လျက်လာသောသူကို တစ်တင်းဘယ်
လောက်ပေးရလဲဟု မေးရက်လေတကား ။ ထိုမေးခွန်းကို ဖြေရန်ချက်ချင်း စဉ်စားရပြန်၏ ။
တစ်တင်း၏
၁၆ ပုံ တစ်ပုံကို ၁၅ဝဝ ပေးရတယ်ဟု
ဖြေလျှင်ကောင်းမလား (သို့ မဟုတ်)တစ်
ကို ၁၆ နှင့်စား၍
ဝ.ဝ၆၂၅တင်း ကို ၁၅ဝဝ
ပေးရတယ်ဟု ဖြေလျှင်ကောင်းမလား စဉ်းစား
နေမိသည်
။ တစ်တင်းနှင့် တစ်ပြည်မှာ ၁၆ဆ အကွာကြီးကွာ၏။
ဆန်တပြည် ဘယ်လောက်
ပေးရသလဲဟု မေးလျှင်ဖြေသာပါသေးသည် ။ အခုတော့….ဟင့် လူကို
ဖြေရကျပ်အောင်
မေးရက်လေ
ခြင်း ။ တကယ်ဆိုရင် ဖီးကျူတယောက် ဆန်အိတ်ကြီးကို ပုခုံးပေါ်တင်လျက်
မနိုင့်တနိုင်ဖြင့် ထမ်း၍
ဝယ်လာခဲ့သည်ဆိုရင် တစ်တင်းဘယ်ဈေးလဲဟု မေးလျှင်ချက်ချင်း
ဖြေနိုင်ပါသည် ။ဆိုလိုသည်မှာ အခြေအနေပေါ်မူတည်၍ သင့်တင့်လျောက်ပတ်သော ယူနစ်
အတိုင်းတာကို အသုံးပြု၍( မေးမြန်း) သင့်ပါသည် ။
အထက်က
ဥပမာပြဆိုခဲ့သည့်အတိုင်း
နိုင်ငံတကာသုံးယူနစ်ဖြစ်သော
တစ်ကီလိုဂရမ်
(1kg) (မြန်မာအလေးချိန် ၆ဝ သားခန့် ) သည် အလွန်သေးငယ်သော မျက်စိဖြင့်
မမြင်နိုင်
သည့် အနုမြူအမှုန်လေးများကို ဖေါ်ပြရာတွင်
သင့်တင့်လျေက်ပတ်မှုမရှိကြောင်းကိုတွေ့ ရ
မည်ဖြစ်ပါသည်
။ ထိုအတွက်ကြောင့် အနုမြူအမှုန်များ၏ ဒြပ်ထုကိုဖေါ်ပြရာတွင် သေးငယ်
သော ယူနစ်အဖြစ်သတ်မှတ်ရန် သိပ္ပံညာရှင်များက ၁၉၆၁ ခုနှစ်တွင် အက်တမ်ဒြပ်ထုယူနစ်
(Atomic
mass unit )ကို အတည်ပြုသတ်မှတ်ခဲ့သည်
။၎င်းယူနစ်တန်ဖိုးကို ကာဗွန်အက်
တမ်ဒြပ်ထု တန်ဖိုး၏
၁၂ ပုံတစ်ပုံကို စံနမူနာထားကာ သိပ္ပံပညာရှင်များဆွေးနွေးတိုင်ပင်